Professional Authors

ကြားရခဲသောအမျိုးသားများရဲ့စကား

 

(1) ဂျီကိစ္စ

ဒီကိစ္စ့ပြောချင်နေတာကြာပြီဗျ။ဂျီကိစ္စပြောပါတယ်။ကျွန်တော်ပြောချင်တာကဂျီတော့အကြောင်းမဟုတ်သလို ဂျီအက်စ်အမ်ကိစ္စလည်းမဟုတ်ဘူး။ ဂျော်လကီးလို့တစ်ဖုံ၊ဂျယ်လို့တစ်မျိုးခေါ်ကြတဲ့ ဂေးခေါ်အခြောက်တွေ    ကိစ္စခင်ဗျ။ ဒီလူတွေကဘတ်စ်ကားပေါ်တွေမှာယောက်ျားလေးတွေကိုမှ ဒုက္ခပေးတတ်တဲ့သူတွေပါ။            အထူးသဖြင့် ကိုကိုဖရီးတို့လို ငယ်ငယ်ရွယ်ရွယ်ချောချောတောင့်တောင့်လေးတွေဆို အကြိုက်ပေါ့ဗျာ ။                       ( ဒါအခမဲ့ကြော်ငြာပါခင်ည ) ။တချို့တွေကသိသာပေမယ့်တချို့ကလုံးဝမထင်ရဘူးနော်။ကိုယ်က ယောက်ျားချင်းပဲလေဆိုပြီးအမှုမဲ့ အမှတ်မဲ့နေမိရင်ဇယားကပ်ရောဗျို့။ ပြန်ပြောရအခက်၊ရှောင်လို့လဲမရနဲ့ဂွပဲဗျာ။ထထိုးရအောင်လဲ ရုံးရောက်ဂတ်ရောက်ဖြစ်ဦးမယ်။ ပြီးဒီလူတွေကလက်နက်တွေပါတွေဆောင်တတ်တော့ရှက်ရမ်းရမ်းပြီး ပါတာနဲ့ ထိုးသွားမှဖြင့် မာလကီးယားသွားနိုင်ပါတယ်။(ဓားတွေပါတွေနဲ့ပြောပါတယ်)။ ဒါကြောင့်ခုဆိုရင်ဘတ်စ်ကားပေါ်မှာကိုကိုဖရီးတစ်ယောက် ဘုန်းကြီးမှလွဲ၍ဘယ်ယောက်ျားလေး ကိုမှမယုံတော့ဘူးခင်ဗျ။ပိုပြီးစိတ်ချရအောင် မိန်းကလေးတွေနားပဲ သွားကပ် နေ လိုက်ပါတယ်။ ဟီး…..ဟုတ်တယ်လေ။သူတို့ကဘာအန္တရာယ်ပေးမှာမှတ်လို့။ ( မိန်းကလေးခါးပိုက်နှိုက်တော့ သတိထားရတာပေါ့)ဘာပဲပြောပြောဒီလူတွေရန်ကိုကာကွယ်ဖို့ ကိုကိုဖရီး တို့ယောက်ျားကောင်းစစ်စစ်တွေညီညွှတ်ရမယ်ဗျ။ ကဲ့..ကိုယ့်လူတို့ ညီစေနော်..ညီစေ။

(2) ပြားပြားဖောင်း ဖောင်းဖောင်းပြား 

သြော်လူတွေ၊လူတွေ။ကိုယ့်ကိုကိုယ်လည်းပြóနာရှာတတ်ပါ့ဗျာ။ ကိုယ့်အစကိုယ်တောင် မရှာနိုင်တော့.. လူကမျောက်ကတဲ့။ဒါဝင်..ဆိုတဲ့လူကြီး ပြောတာဆိုဘဲ။ တစ်ချို့ကတော့ ဘုရားပေးတဲ့ ဆုတဲ့။             မြန်မာပြည်မှာလဲ လူသားအစ တကောင်းကဆိုလား၊ ကျောက်ဆည်ကဆိုလား ငြင်းခုန်ဘူးပါရဲ့။            တချို့ကတော့ ချင့်ချင့်နှိုင်းနှိုင်း ပြောပါတယ်။ လူသားအစ..ဂျမခါနကတဲ့။တချို့ကအမေ့ဆီကတဲ့။မှန်သလို လိုဘဲဗျ။ဟုတ်ဘူးလား။ဒါပေမယ့်အဖေမပါတော့မပြည့်စုံသေးဘူးထင်တာဘဲ။ ဒါကြောင့်.. လူသားအစဟိုကိစ္စကဆိုရင်ပိုနီးစပ်မယ်ထင်ပါတယ်။ ဒါတောင် ဒီဘက်ခေတ်မှာ ကလေးမွေးဖို့ ဖခင်တောင်မလိုတော့ဘူးဆိုဘဲ။ မျိုးရည်ဘဏ်သွားဝယ်ပြီးထည့်လိုက်ရင်အိုကေသွားရောတဲ့။    ပြီးတော့ကျန်သေးတယ်။ ကိုယ်တိုင်ကိုယ်ဝန်ဆောင်မမွေးချင်ရင်တောင်ဗိုက်ငှားမွေးနိုင်သတဲ့ဗျာ။ အံ့ရောဗျို့။ဒါပေမယ့်..ကိုကိုဖရီးမျက်လုံးပြူးသွားတာကအမျိုးသားတောင် ကိုယ်ဝန်ဆောင်ကလေး        မွေးနိုင်လာပြီတဲ့။ အမလေးဗျာ…သဘာဝတရားကြီးက ရေသာခိုအိမ်ထောင်ရှင်ထီးတွေ၊ လုံးရာကပြားချင်နေသူ တွေကို မျှတအောင် စီစဉ်လိုက်တယ်ထင်ပါ့။ ဒါဆိုဖခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့၊ မြန်မာနိုင်ငံ အမျိုးသားရေးရာအဖွဲ့ချုပ်တို့လဲဖွဲ့         သင့်တာပေါ့ခင်ဗျာ။ ပြီး… လင်ကောင်မပေါ်ဘဲမွေးတဲ့ကောင်ထီးတို့၊ ဆူးပေါ်ဆူးကျတော့ ဆူးတွေအကုန်ကျိုးတာမျိုးတွေဖြစ်ကုန်တော့မယ်ထင်တယ်ခင်ဗျ။ ဒီတော့ မိတ်ဆွေများခင်ဗျား.အမျိုးသားများတန်းတူ အမျိုးသမီးများ ဘောကန်၊ အရက်သောက်၊ ဖွန်ကြောင်နေတဲ့  ခေတ်ကြီးထဲ ပြားရာကဖောင်း၊ ဖာင်းရာကပြားရင်း ပြားဖောင်း ဖောင်းပြား …ပြားပြားဖောင်း ဖောင်းဖောင်းပြား ကုန်ကြပါပြီလို့ ပြောကြားရင်း…..

မူလလက်ဟောင်းကိုကိုဖရီး (ခေတ္တ-မပြားသေး)

 

Comment #1

1 နဲ့ 2 မှာ 1 ကပိုရီရသဗျ
ကိုကိုဖရီး (ခေတ္တ – မပြားသေး) က အခုလို အသက်ရှည်ဆေး တိုက်ကျွေးပေးလို့ ကျေးဇူးပါ။

commentinfo By: X - ray at Dec 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment