Professional Authors

ခွေးကလေးဖြစ်သွားခဲ့ရင် (Kitty Yang)

ဟိုရှေးရှေးတုန်းက ကဗျာရွာရဲ့ စာပန်းချီ magazine အတွက်ရေးခဲ့တဲ့ဟာလေးပါ.. ဟီး.. :D

ခွေးကလေးဖြစ်သွားခဲ့ရင်

ကျွန်မသာ ခွေးတစ်ကောင်အဖြစ်ပြောင်းလို့ရမယ်ဆိုရင် ကျွန်မအရမ်းပျော်မိမှာပဲ။ ခွေးဆိုတာက ချစ်စရာကောင်းသော သတ္တဝါပဲ။ ပြောင်းလဲခွင့်ရမှာဆိုတော့ လမ်းဘေးခွေးဖြစ်ဖို့တော့ ပူစရာမလိုတော့ဘူးပေါ့။ ကျွန်မသာခွေးတစ်ကောင် ပြောင်းလို့ရမယ်ဆိုရင် အိမ်ကလူတွေမသိအောင် ခိုးထွက်ချင်လဲလွယ်သွားပြီ။ဒါဆိုရင် သိပ်ပျော်ဖို့ကောင်းသွားပြီ။ ဒါပေမယ့်လည်းလမ်းပေါ်ရောက်သွားတော့လမ်းဘေးကခွေးတွေ လိုက်ကိုက်မှာကြောက်ရသေး။သိတယ်မဟုတ်လား ။
သူတို့နယ်ကို ကျော်လာပြီ ဆိုရင် သူတို့မှာ မရှိမဲ့ရှိမဲ့ ဗလတွေ ထုတ်ပြချင်ကြပြီ။ ခွေးစကားတတ်ရင်တော့ သူတို့တွေကိုလည်း ပိုင်အောင်ပေါင်း ထားလိုက်ရင် အဆင်ပြေမှာပါ။ မရတော့လည်း မင်းတို့ကိုမုန့်တွေအများကြီး ကျွေးပါမယ်ကွာ  ဆိုပြီးပေါင်းရတော့မှာပေါ့။ ဒါဆိုရင်တော့ သေချာပေါက် အိုကေမှာ။ဒီလိုဆို အိမ်ကနေ ခိုးထွက်၊ လူတွေနည်းတဲ့နေရာရောက်ရင် လူအဖြစ်ဖန်ဆင်း လိုက်ရင်ပြီးပြီ။

နောက်အိမ်မှာလည်း ခွေးလေးတွေမွေးထားမယ်။ ဒီလိုဆိုရင် သူတို့တွေနဲ့ အာလူးဖုတ်လို့ရတာပေါ့။လူတွေနဲ့ဆို သူတို့က မအားတာနဲ့၊ မပြောချင်တာနဲ့။ ခွေးလေးတွေဆိုအဲဒီလိုရှိမှာမဟုတ်ဘူး။တူတူဆော့လို့လဲရတယ်။ ပြန်ငယ်စရာမလိုပဲရမယ့် ကလေးဘဝမျိုးပေါ့။ ခွေးကလေး အနေနဲ့လည်းလူတွေနဲ့ နေချင်တယ် .. လူတွေက ရယ်စရာပြောရင် ခွေးရယ်ရယ်ပြမယ်။ဒါဆိုသူတို့လည်း ရယ်ချင်မှာပဲ။ ကျွန်မမိသားစုက အိမ်မှာမွေးထားတဲ့ ခွေးလေးတွေဘာတွေးနေလဲမသိရင် သူတို့ကိုဘာသာပြန်ပြမယ်။ လူကြီးတွေ ပြောစကားနားထောင်အောင် သူတို့လေး တွေကိုလည်းလူစကားတတ်အောင်သင်ပေးထားမယ်။ ဒါဆိုသူတို့လေးတွေလည်းအဆင်ပြေ၊ လူတွေလည်း အဆင်ပြေ..ဟန်ကျတာပေါ့ ..ဟုတ်ဘူးလား။

ကိုယ့်ကိုအကျင့်ပုတ်၊ အနိုင်ကျင့်တဲ့သူဆိုလည်း ခွေးအဖြစ်နဲ့ ပြန်ကလဲ့စားချေပစ်မယ်။သွားကိုက်တာပေါ့။ အဲ .. တုတ်တွေ့ရင်တော့ ကိုယ့်မှာရှိတဲ့ခြေလေးချောင်းနဲ့ ပြန်ပြေးမယ်။သူတို့ကွယ်ရာရောက်ရင် လူအဖြစ်ပြောင်းလဲပြီး ကိုယ်မဟုတ်သလိုနေလိုက်မယ်။ ကိုယ်ချစ်တဲ့သူနဲ့တွေ့ရင် အမြီးလေးရမ်းပြီး ချစ်ပြမယ်၊ ဖက်တက်မယ်။ သူတို့ထိုင်နေပြီ ဆိုရင် သူတို့ပေါ်တက်ပြီး မျက်နှာကို ရွှဲရွှဲစိုသွားအောင်လျှာနဲ့လျက်ပစ်လိုက်မယ်။ ပြီးရင်မုန့်ကျွေးအောင် လိမ္မာပြမယ်။ ဒါဆိုသူတို့လည်းချစ်၊ ကိုယ်လဲမုန့်စားရ ..ဟုတ်ဘူးလား။ဒါပေမယ့်လည်း ကိုယ့်အပေါင်းအဖော်လေး တွေကို ကျွေးလိုက်ပါမယ်။ ကိုယ်က လူအဖြစ်နဲ့ဆို စားချင်တာဝယ်စားလို့ရနေတာပဲလေ။

ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းအောင်ထားမယ်၊ လှပအောင်ပြင်ဆင်မယ်၊ လူတွေကတွေ့တာနဲ့  ဟဲ့..ဟိုခွေးလေးက ချစ်စရာလေး လို့ပြောအောင်ပေါ့။ ကိုယ့်ကိုသမင်လည်ပြန်ကြည့်ရင် ကြည်နူးမယ်။ အဲ.. တစ်ခုပဲ.. ခွေးအင်္ကျီတွေ ဝယ်ထားရမယ်။ခွေးအဖြစ်ပြောင်းပြီးရင်အင်္ကျီဝတ်ရမယ်။မဟုတ်ရင် ရှက်စရာကြီးမဟုတ်လား။ ဏနအှ့သစ တွေက ရောင်းတာတွေကသိပ်မလှပါဘူး။ကိုယ့်ကိုယ်အတိုင်းနဲ့ ကိုယ့်ဒီဇိုင်းနဲ့အပ်ချုပ်ဆိုင်ပို့မယ်။ဒါမှလှလှလေးဝတ်ရမှာ။ ပြီးရင် ပေါင်ဒါတို့ ဘာတို့ကိုအိမ်ကလူတွေကိုလူးခိုင်းရမယ်။ဒါမှလည်လည်သွားရင်မွှေးနေမှာလေ။

အိမ်ကလူတွေနဲ့ အတင်းအလည်လိုက်မယ်။ခွေးလေးဆိုတော်တော်များများက လိုက်ကြည့်ကြတတ်တယ်။ ကောင်လေးတွေ ကြည့်ရင် ပြောင်ပြမယ်၊ မျက်စပစ်ပြမယ်.. အဟဲ သူတို့မှမသိတာနော်။ ကိုယ်ဘာလုပ်ပြ၊လုပ်ပြ ဒီရုပ်ကဒီရုပ်ပဲ။ကြိုက်တဲ့ကောင်လေးကို အာဘွား သွားပေးတောင်ရသေး .. မမိုက်ဘူးလား။ အောင်သွယ်တွေ ဘာတွေ လုပ်ပေးလို့လဲ ရသေးတယ်။ သူငယ်ချင်းတစ်ယောက်ယောက်က ကောင်လေး ဒါမှမဟုတ် ကောင်မလေး တစ်ယောက်ယောက်ကိုကြိုက်ပြီဆိုရင် သူတို့တွေရှိတဲ့နေရာနားမှာ သူငယ်ချင်းကို ကျွန်မကိုကြိုးလေးဆွဲပြီး လမ်းလျှောက်ခိုင်းမယ်။နောက်တော့အသိတစ်ယောက်နဲ့ တွေ့ချင်ယောင်ဆောင်ပြီးစကားပြောသလို ဟန်ဆောင်ရမယ်။ ပြီးရင်အဲဒီအချိန်မှာ ကျွန်မကိုဆွဲထားတဲ့ ကြိုးကိုလွတ်သွားသလို လွှတ်လိုက်ရမယ်။ဒါဆိုကျွန်မအပိုင်းရောက်ပြီ။သူငယ်ချင်းရဲ့ အုံ့ပုန်းချစ်သူနားသွားပြီး သူ့ရဲ့ ခြေထောက်နားမှာ ရှုရှုးသွားပေါက်မယ်။ဒီလိုဆို ခွေးလေးက မကောင်းလို့ ဆိုပြီး အကြောင်းဖန်ပြီးတောင်းပန်.. နောက်ပြီးဇာတ်လမ်းတွေ ဆက်ဖြစ်…ဒီလိုဆိုရင်တော့အတော်ပျော်ဖို့ကောင်းမှာပဲ။

ကျွန်မသာခွေးလေးဖြစ်လို့ရခဲ့ရင် လူတော်တော်များများကိုတော့ ကျွန်မအကြောင်းအသိပေးလို့ရမှာမဟုတ်ဘူးရှင့်။ လူတွေကသိပ်ကြောက်ဖို့ကောင်းတာ။လူတစ်ယောက်ရဲ့ အားနည်းချက်သိပြီဆိုရင် အဲဒီ့အားနည်းချက်ပဲ လာလာထိခိုက်ကြတာ။ဒါကိုကသဘာဝလိုဖြစ်နေတာကိုး။ကလေးတွေကအစ သူတစ်ပါးအားနည်းချက်ကိုမှ ရွေးစကြတာလေ။စိတ်ပုပ်တယ်လို့လဲပြောလို့မရပါဘူး။အဲလိုလူတွေကို စိတ်ပုပ်တယ်ပြောရင် လူတိုင်းလိုလို စိတ်ပုပ်တဲ့လူတွေဖြစ်ကုန်ကြပြီ ..။ကျွန်မလည်း ငယ်ငယ်ကတော့ ထိုနည်းတူပါပဲလေ။ ဒီတော့ ကျွန်မခွေးလေးအဖြစ် ပြောင်းလို့ရခဲ့ရင် ကျွန်မရဲ့ မိသားစု၊ သိပ်ချစ်ရတဲ့ သူငယ်ချင်းနဲ့ အတွင်းသိအပြင်သိပြီး ယုံရတဲ့ လူတစ်ချို့ပဲ အသိပေးမှာပါ။

-=KY

( ၁၁.ဝ၁.၂၀ဝ၈ )

In: ဆောင်းပါး Posted By: Date: Jun 11, 2009
Comment #1

ကြိုက်တယ်ေ၇းပုံလေးေ၇ာ အကြောင်းအ၇ာလေးေ၇ာ
ကူညီချင်တဲ့ သူငယ်ချင်းစိတ်လေးေ၇ာ

commentinfo By: cho at Aug 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment