Professional Authors

မကောင်းစိတ်နဲ.ရေးတဲ့စာ

  ၁။ ဆရာဝန်များ အချင်းချင်ေးသ်ာလည်းကောင်း၊ မီဒီယာများနှင့်သော်လည်းကောင်း၊ ထွက်ပေါ်လာသော အသံများအရ စိတ်မကောင်းစွာ (အခြားစကားမရှိပါ) ဤစာကိုရေးပါသည်။ အပြုသဘောဆောင်ဖို.ထက် ခံစားချက်ကို ဦးစားပေးလိုပါသည်။ နဂို စိတ်အခံကပင် မကောင်းစိတ်အခံများနေ၍ပင်ဖြစ်ပါမည်။ သည်းခံကြစေလိုပါသည်။

၂။ ဆရာဝန်များနှင့် လူနာများ(လူနာစောင့်များ) အဆင်မပြေကြသည်မှာ အနည်းစုပင်ဖြစ်ပါမည်။ ဆေးရုံသို.တက်လာသောလူနာဦးရေ၊ ဂျီပီသို.ရောက်သောလူနာဦးရေ ၊ အထူးကုဆေးခန်းသို.တက်လာသောလူနာဦးရေ တို.ကို စဉ်းစားစေချင်ပါသည်။ ရေခဲကျွန်းသီဝရီအရမူ အပေါ်ယံ ရှိသော ရေခဲတုံးထက် အောက်မှာ နက်ရှိုင်းစွာ ရှိနေမည်လားတော့ မပြောတတ်ပါ။ မရှိလျှင် ဆက်ဖတ်စရာမလိုပါ။ ရှိနေမည်ဟုယူဆလျှင် ဆက်ပါမည်။

၃။ ဆရာဝန်သည် သာမန်လူသာဖြစ်ပါသည်။ အထူးသဖြင့်  ၀န်ဆောင်မှုပေးသော လူသာဖြစ်ပါသည်။ ကောင်းကင်မှမလာပါ။ ပါရမီတော် အထူးများမပါလာပါ။ အစိုးရ၀န်ထမ်းများ အခြားနေရာများတွင် ဆက်ဆံရေး အဆင်မပြေလျှင် ရုံးအပြင်ရောက်လျှင် ဆဲသွားရုံသာရှိပါသည်။ ဆရာဝန်များ နှင့် ဆက်ဆံရေး အဆင်မပြေလျှင် ဆဲရုံမက (ယခုနောက်ပိုင်း) တိုင်မည်တောမည်၊မီဒီယာ ကိုဖွင့်ချမည်ပါဖြစ်လာပါသည်။ အကဲဆတ်သော အမှုကိစ္စများ( လူအသက်နှင့်ဆိုင်သော ကိစ္စများ) ကို ကိုင်တွယ်နေရသောနေရာဖြစ်သောကြောင့်ဟုသာ ကောက်ချက်ဆွဲရပါမည်။

၎။ ဆေးရုံဆိုလျှင် ဆရာဝန်များနှင့်သာ ဆိုင်မည်ဟု တရားသေ ထင်ထားခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူနာပြုများ အပေါက်ဆိုးလျှင်လည်းဆရာဝန်၊ တံခါးစောင့်များ  လက်ဖက်ရည်ဖိုးတောင်းလည်း ဆရာဝန်၊ တွန်းလှည်းပေါ် ဇွတ်တက်ခိုင်းပြီး ပိုက်ဆံပေးရလည်းဆရာဝန် ကတော့မကောင်းပါ။ ဆရာဝန်သည်တာဝန်အရှိဆုံးဟုမပြောပါနှင့်။ သူရို. ကလန်လျှင် ဆရာဝန် ကိုင်းကန်ပါမည်။

၅။ အထူးကုဆေးခန်းကြီးများသည် အထူးဝန်ဆောင်မှုကိုပေးရန် (ပိုက်ဆံရှာရန် စီးပွားရေးလုပ်ငန်းရှင်များက )ဖွင့်ထားသောနေရာ ဖြစ်ပါသည်။ လူနာလည်းဆုံးရော တိတ်တိတ်ဆင်းပြေးသောလူနာရှင်များ ရှိဘူးပါမည်။ ပိုက်ဆံကြိုတောင်းပါလိမ့်မည်။ ဆရာဝန်ကြီးများကို အပြစ်ပြော၍ မရပါ။ သူရို.လည်းအခစားများသာ ဖြစ်ပါသည်။

၆။ ဆရာဝန်ကြီးများကြီးလာလေ၊ တကယ့် အများစုလူနာများနှင့်ဝေးသွားလေဟုပြောရပါမည်။ ဆေးရုံတက်နိုင်သော လူနာ ဟူသည် အခွင့်ထူးခံ လူတန်းစားဖြစ်နေပါပြီ။ ဆေးရုံတက်နိုင်လျှင်လည်း တ၀က်တပျက်နှင့် ဆင်းပြေးကြပါသည်။ ရောဂါကြီးကိုချစ်၍ အိမ်ပြန်မွေးခြင်းမဟုတ်ပါ။ မည်သို.မှမတတ်နိုင်၍ ဖြစ်လိုရာဖြစ်စေ ဆုတ်ခွာခြင်းသာ ဖြစ်ပါမည်။

၇။ အက်ဖိုစီဟူသည် အများအားဖြင့် ဗွီအိုင်ပီဟူသော အဓိပ္ပါယ်ဖြစ်သွားပါသည်။ အန္တရာယ်ရှိသော ကေ့စ်ဟူသည် ဆင်းရဲမွဲတေသော လူနာများထံမှမလာပါ။ မည်သူ.ကိုမှ အပြစ်မတင်ပါနှင့်။ ကိုယ်တိုင်ကြုံမှ ကရုဏာနှင့် အကြောက်၊ဘယ်သင်းက အားကြီးသည်ကို ခံစားသိပါမည်။ အထက်လူကြီးများက သိချင်မှသိပါမည်။ သိချင်လည်းသိပါမည်။ ထိုကဲ့သို. မဖြစ်ရန်နည်းလမ်းသာရှာရပါမည်။

၈။ အချိန်ရှားပါးသောဆရာဝန်ကြီးများ  လူနာကို မတ်ဆေ့ခ်ျ အပေးနည်းပါမည်။ ကွန်မြူနီကေးရှင်း မတတ်၍ မဟုတ်ပါ။ ကွန်မြူနီကေးရှင်းကို အော့ဖ် လုပ်ထားခြင်းပါ။ ဗွီအိုင်ပီ ဆိုလျှင် ကွန်မြူနီကေးရှင်းကို အွန်ပါမည်။ အပြစ်ပြော၍ မရပါ။ သူ.နေရာတွင် ကိုယ်လည်းထိုသို.ပဲလုပ်မည်ဟု ယူဆရပါသည်။ လက်လှုပ်မှ ပါးစပ်လှုပ်ရပါသည်။ ထို အချိန်လေးအတွက် မနည်းရင်းထား၊ အားထုတ်ထားရပါသည်။ သူ.အချိန်ကောင်းကို သူအသုံးချရပါမည်။

၉။ လူနာဟူသည်လည်း စိတ်ခံစားချက်အရ ရုပ်ရှင်ရုံအပျော်လာခြင်းခံစားချက်ရှိမနေပါ။ လူနာသည်လည်းကောင်း၊ လူနာရှင်သည်လည်းကောင်း၊ တန်းရှင်း အပြည့်နှင့် မောင်းတင်လာကြသူများဖြစ်ပါသည်။ ဆရာဝန် ကလည်း လူနာက တစ်ယောက်၊ လူနာစောင့် တပြုံကြီး ၀ိုင်းပြောသည်ကို သည်းခံနိုင်မည်မဟုတ်ပါ။ တကယ်ခံစားရသူက မပြောပဲ ဘေးက ပြောနေသည်ကို နားထောင်ဘူးပါသလား။ မနက်ခင်း ညောင့်စူးတဲ့ဆီရောက်ရန် ကလေးအဖေ မနေ.ညက အရက်သောက်လာတာက အစနားထောင်ရန် အချိန်မရှိပါ။ ( ပိုက်ဆံပေါ၍ အထူးကုဆေးခန်း ရွေးလာသော လူနာများကို မဆိုလိုပါ) စိတ်တင်းအားများနေသော နေရာတွင် ဖြစ်ပေါ်သော ဆက်ဆံရေးသည် အဆင်ပြေရန်ခက်ခဲ့ပါသည်။( တရားရုံးများ၊ရဲစခန်းများ သည်လည်း ထိုသို.ဖြစ်ပါလိမ့်မည်။ သို.သော်ရုံးတော်ကို မထီမဲ့မြင်ပြုမှုရှိပါသည်။ ဆေးရုံတော်ကို မထီမဲ့မြင်ပြုမှုမရှိပါ)

၁၀။ ဝေဒနာကိုလည်းကိုယ်ချင်းစာပါသည်။ စိတ်ဇောနှင့် လောနေမှုကိုလည်းကိုယ်ချင်းစာပါသည်။ သို.သော် ဗိုက်တယ်ဆိုင်း နာရီခြား၍ တိုင်းပေးနေသောဆရာဝန်ကို လူနာကို ဆေးမထိုး၍ ညူစူခြင်းမှာ ပညာရပ်၏ သဘောကို နားမလည်ခြင်းသာဖြစ်သည်။ ဖြစ်ခဲ့သမျှများတွင်လည်း ပညာရပ်သဘောကို နားမလည်မှု အပုံပါပါသည်။

၁၁။ သူတပါးဆီမှ ကောင်းတာတွေယူချင်ပါသည်။ တစ်ဖက်စောင်းနင်းယူ၍မရပါ။ လူနာများဘက်မှ အဆင့် အတန်း၊နားလည်နိုင်စွမ်း မြင့်မားလာမှဖြစ်ပါမည်။ အင်မတန်ခက်ခဲသော ကိစ္စဖြစ်ပါသည်။ ဗိုလ်အောင်ဒင်ပြောသလိုပြောရလျှင် ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဖဲချပ်လေးကို ဟောသလို….ဟောသလို…..ဟုသာ ပစ်ပြချင်နေပါသည်။

၁၂။ ကိုယ်ဒေသနှင့်ကို ကုန်း၍ ရုန်းနေသော ဆရာဝန်လေးများကို သနားကြပါခင်ညာ ဟု ဘေးမှအော်ပေးချင်ပါသည်။ နိုင်ငံခြားကို အထင်ကြီးပါသည်။ တောမှာနေသူများကိုလည်း ပို၍ အထင်ကြီးပါသည်။

၁၃။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။

In: ဆောင်းပါး Posted By: Date: Sep 21, 2011
Comment #1

wow,,,
doctors’s good facts?

commentinfo By: ei lay at May 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment