Professional Authors

ငါ၏ရင်တွင်း၌ ။

သေးသွယ်တဲ့ အက္ခရာတစ်ခုဖြစ်တည်ခဲ့တယ်

ငါ၏ရင်တွင်း၌ ။

အရာရာကြေကွဲနေမိလည်းပဲ ခနပဲခံစားရမှာပါလို့သူ့စကားအောက်မှာ

ခံစားချက်တွေက သေဆုံးသင့်တာ ~~~ မနာကျင်ပဲ ဇွဲကကောင်းတုန်း

ချစ်တတ်ရင် ခွင့်လွှတ်မိရောလား ~~~~~ ?

 

အလိုလို သိမ်ငယ်ရတဲ့အထဲ နှလုံးသားက အောက်ကျို့နေမိတယ်

အားပေးစကားတွေ အသုံးမ၀င်တာ မိတ်ဆွေတို့ကြုံဖူးရဲ့လား ဟင်

အနက်ရှိုင်းဆုံး အချစ်က ဘာဆိုတာသိလိုက်လို့ နောက်ကျတာရင်နာတယ်

 

သိပ်ချစ်တတ်သူအတွက် ကံတရားက မခမ်းနားပါ ~~~

 

သူက ပန်းတွေခေါ်ပြတယ် ~~~~ ကမ္ဘာ့အလှပဆုံး ဥယာဉ်တစ်ခုသို့

စကားပန်းခင်းတွေ ~~~~ အပြုံးပန်းခင်းတွေ ~~~~~ အေးမြကြည်လင်လို့

အေးချမ်းတဲ့ သူ့အရိပ်အောက်မှာ မှေးနေသေးတာ ~~~~ မနေ့ကလိုပါပဲ

အံ့သြခြင်း များစွားနဲ့ ငါတစ်ယောက်တွက် ဒီလောက်လှပတဲ့ဥယာဉ် လောကမှာရှိနေခဲ့တာလား

ဒါအိမ်မက်တွေများလား ~~~~~ ?

တွေဝေနေစဉ်မှာငါ့ကြောင့် ဥယာဉ်လေးညစ်ညမ်းတယ်တဲ့

မထင်မိဘူး ငါကချစ်ရုံချစ်တတ်နေမိခဲ့တာ

မင်းရဲ့ အလှအပတွေ မြတ်နိုးတယ်

မင်းရဲ့ ဖြူစင်မှုတွေ  မြတ်နိုးတယ်

မင်းရဲ့ ချစ်ခြင်းတွေကို မြတ်နိုးတယ်

မြတ်နိုးခြင်းတွေ တန်းဆီလို့ ငါ့ရင်မှာဖြစ်တည်နေမိတာတောင် အကြွင်းမရှိ ဝေးကွာသွားကြတယ်

အဓ္ဓိပ္ပါယ်တွေရှာတယ်

နိယာမတွေ လေ့လာတယ်

အချစ်ဆိုတာ တစ်ခါတစ်လေ ခေါင်းခဲစေတယ်

သူကအပြောင်းအလဲမြန်တာများလား ~~~ ?

သူကပုံပြင်တွေ ဖန်တီးတတ်တာလား ~~~ ?

ငါ့ကြမ္မာ မကောင်းတာလား ~~~~~ ?

သေချာတာတစ်ခုကတော့ ငါသူ့ဥယာဉ်လေးထဲက အပြင်ရောက်သွားတယ်

ရိုးမြေကျချင်တာ ၊ တစ်သက်တာရည်ရွယ်မိတာ ၊ အေးတူပူမျှ ခံစားချင်မိတာ ၊ မင်းငိုရင်တောင် ငါငိုပေးချင်တာ

ဌာန်ကရိုင်း မကျတဲ့ရင်ခုန်သံတွေ ဆက်လက်လှုပ်ရှားနေတုန်း ~~~ သူမသိဘူး

သုံးစွဲနေကျ မာနတွေ ပျောက်သွားတယ် ~~~ သူမသိဘူး

ဝင်လိုက်ထွက်လိုက် အတ္တစိတ်တွေကို ငါရိုက်နှက်ဆုံးမနေမိတယ် ~~~ သူတို့ကြောင့်ဆိုတာ မပြောပြတော့ဘူး

ချာချာလည်တဲ့ ပထ၀ီမြေကြီးပေါ်ကို ခုန်တက်လိုက်တယ် ~~~~ မြေကြီးထက် နိမ့်ကျသွားတာ သူမသိသွားရှာဘူး

 

“အစ”တစ်ခုပဲ ဒို့ဇာတ်လမ်းလေးကို ခေါင်းစဉ်တပ်ချင်တာ သူက “ပြီးပါပြီ” ဆိုတဲ့ ခေါင်းစဉ်လေးကို လက်ဆောင်ပေးတယ်

ငါမငိုပါဘူးချစ်သူရယ် မင်းကိုပဲလိုတယ်

ငါမပျော်တော့ဘူးချစ်သူရယ် မင်းငိုမှာစိုးတယ်

ပုစ္ဆာတွေ အဖြေမရှိတာ သေချာပါတယ် ~~~ ဒါ့ကြောင့် ဒီပုစ္ဆာကိုအဖြေမဲ့ ရင်ထဲထည့်ထားလိုက်တယ်

“နင်ကျေနပ်ရဲ့လား ”

နင်ပြသဖူးတဲ့ ဥယာဉ်လေးထဲမှာ ငါ့အတွေးတွေချာလပတ်ရမ်းနေတုန်း

နင်ကမခေါ်ချင်တော့ဘူး ၊ ငါက မျှော်လင့်နေမဲ့သူ

နင်ချစ်တာငါသိနေသလို ၊ ငါချစ်တာနင်ယုံတယ် ~~~~ ပုံပြင်တစ်ပုဒ်တိုးတာပေါ့

ဟန်ဆောင်နေပါ ၊ မုသားတွေသုံးပါ ~~~ မင်းပျော်မယ်ဆို ငါကျေနပ်တယ်

ဝမ်းသာနေပါ ၊ ဂုဏ်ယူနေပါ ~~~ ငါလိုလူရဲ့အချစ်ကိုရလို့

 

“ မင်းကိုချစ်တယ် ”

မခမ်းနားတဲ့ ကြမ္မာနဲ့

မရည်ရွယ်ခဲ့တဲ့နာကျင်မှုအတွက်

မျှော်လင့်ဆဲ အနာဂတ်ကို

တဖွဖွရေ ရွတ်နေရင်းပဲ

“ မင်းကိုချစ်တယ် ”

ပျောက်ဆုံးသွားတဲ့ အိမ်မက်နဲ့

နောက်ဆုံးစကားတွေ ပြောနေမိလည်း

မေ့မရလို့ လွမ်းနေမိတုန်း

တဖွဖွရေ ရွတ်နေရင်းပဲ

“ မင်းကိုချစ်တယ် ”

ခြေရာတစ်ခုချင်း ပြန်ရှာတယ်

ငါ့အချစ်တွေမင်းနှလုံးသားပေါ်လမ်းလျှောက်ဖူးတယ်

စိတ်ကူးတွေယဉ်တိုင်း ငိုမိလို့

တဖွဖွရေ ရွတ်နေမိတုန်း

“ ငါ ~~~ မင်း ~~~ ကို ~~~~ သိပ် ~~~~ ချစ် ~~~~ တယ် ”

 

သေးသွယ်တဲ့ အက္ခရာတစ်ခုဖြစ်တည်ခဲ့တယ်

ငါ၏ရင်တွင်း၌ ။

 

In: ဆောင်းပါး Posted By: Date: Sep 1, 2011
Comment #1

အရမ်းကောင်းပါတယ်ဗျာ

commentinfo By: မိုးသစ်လေပြေ at Sep 1, 2011
Comment #2

min ye phyu sin hmu tway ko myat noe de,,,,,,,,,
min ye chit chin tway ko myat noe de,,,,,,,,,,,,,

hote p pop,,,,
daw daw lay ko kway nay p,,,,

har,,,,,,,,,,

hote dot pyan bu,,,,feeling pyaung twar p pe,,,

han saung nay par,,,,,,,,,,,,,
mu tar tway tone par,,,,,,,,,,,,,,,,

aww,,,,
a myo myo pe,,,

sut swe hla chi lar?
ngar sate hte hmar taung kyut kye twar de,,
hote par bu,,,hote par bu,,,
min htin ta lo hote par bu,,,,

commentinfo By: ei lay at Sep 1, 2011
Comment #3

အရမ်းကောင်းတယ်ဗျာ ….. ဆက်ကြိုးစားပါ……. အားပေးလျှက်ပါ

commentinfo By: nay min at Oct 9, 2011
Comment #4

i read again…
i read again..
then i feel so good.
really really nice,
i understand so well.

commentinfo By: ei lay at Nov 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment