Professional Authors

ကကြီး၏ ဘာသာရေး…အမြင်/ အသိ…ဆန္ဒ။

ကကြီး၏ ဘာသာရေး…အမြင်/ အသိ…ဆန္ဒ။

 

 

                     ကကြီးတို့သည်  ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည် ဆိုလျှင်……မိမိတို့ ကိုးကွယ် ပူဇော်ဆည်းကပ် သော ဗုဒ္ဓရှင်တော် မြတ်ဘုရား၏  ဖြစ်စဉ်နှင့် ရှင်တော် ဗုဒ္ဓ ဟော်ဖော် ညွှန်းပြသော တရားတော်များ ၏ သဘောသဘာဝ အနက် အဓိပ္ပါယ်များကို  အကြမ်းဖျင်းသဘောမျှ  နားလည်ထားသင့် ကြပါသည်…..။

                ဗုဒ္ဓဘာသာဝင် တစ်ဦးသည် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်သည် ဆိုသော အသိတစ်ခု တည်းနှင့် ဗုဒ္ဓဘာသာဝင်

အဖြစ် ခံယူထား၍ မရပါ…။ ဗုဒ္ဓဘာသာဝင် တစ်ဦးတွင်  မိမိ ကိုးကွယ် ပူဇော်ရာ (ဗုဒ္ဓဘာသာ) အပေါ်တွင် လေးနက်သော ယုံကြည်ချက် 

သဒ္ဒါများ ရင်တွင်း ကိန်းအောင်းနေရပါမည်….။

               ထို ယုံကြည်မှု့ (၅) ဖြာ သည်…….။

၁။ဗုဒ္ဓ သဒ္ဓဟန= ဘုရားရှင် ကိုယ်တော် မြတ်ကြီး အပေါ်၌  ယုံကြည်ခြင်း…။

၂။ဓမ္မ သဒ္ဓဟန=ဘုရား၏ တရားတော်များ၌  ယုံကြည်ခြင်း။

၃။သံဃ သဒ္ဓဟန=ဘုရား၏ တပည့်သား သံဃာတော်၌  ယုံကြည်ခြင်း။

၎။ကမ္မ  သဒ္ဓဟန=ကောင်းကံ…ဆိုးကံ…ခေါ်  ကံတရား၌ ယုံကြည်ခြင်း…။

၅။ကမ္မ ဖလ သဒ္ဓဟန=ထိုကံ နှစ်ပါး၏ ကောင်းကျိုး..ဆိုးကျိုး… ရမှု့ကို ယုံကြည်ခြင်း။

 

                                                                        (သုခ  မှတ်စု။)

 

               ငှင်းအထက်ပါ  ယုံကြည်ချက် (၅) ပါး ကို  လေးနက်စွာ  နှလုံးသွင်းထားခြင်းနှင့် ပြည့်စုံသော လူတစ်ဦး ဖြစ်ပါမှ ….

အမှန်စင်စစ်  ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ကြောင်း ဗုဒ္ဓ၏အဆုံးအမ ဘာသာရေး စာပေတို့၌  ဆိုထားပါသည်…..။

                 သို့ကြောင့် ……ဗုဒ္ဓဘာသာဝင် တစ်ဦးတွင်…မိဘကိုးကွယ်ရာကို  လိုက်ကိုးကွယ်ရုံနှင့် ဗုဒ္ဓဘာသာ တစ်ဦး  မဖြစ်နိုင် ကြောင်း ကို  ဗုဒ္ဓဘာသာ မှန်လျှင် အလေးအနက် ကို သိထားသင့်ကြပါသည်….။

နောက်တစ်ခု….ဘာသာရေးနှင့် ပါတ်သတ်၍ ပြောလိုပါသေးသည်….ထို အကြောင်းကိစ္စမှာ….ဘုရားတရားတော်များအား ဘုရားစင်ရှေ့တွင်  အော်ဟစ်၍ တစ်မျိုး……သူတစ်ပါး ကြားကောင်းအောင်  တေးပြု၍ သီဆိုနေပုံ က  တဖုံ…..ဌာန်းကရိုဏ် မကျဘဲ  ထစ်ငေါ့ ရွတ်ဆို ပူဇော် ရွတ်ဖတ်သရဇ္ဇယ် နေကြခြင်းများ ဖြစ်ပါသည်….။

စာရေးသူ မေးလိုပါသည်……ဗုဒ္ဓဘာသာဝင် မှန်လျှင် ဘုရားဝတ်တက်ခြင်း  အမှု့ကို သိတတ်စ အရွယ်မှစ၍ ပြုတတ်ကြသူများချည်း

ဖြစ်ပါသည်……ထိုသို့ ပြုကြရာတွင်  မိမိတို့ ရွတ်ဖတ်သရဇ္ဇယ်နေသော  ဗုဒ္ဓ၏ တရားဓမ္မ အနက်အဓိပ္ပါယ်အား  သေချာစွာ ဂဃနဏ

သိကြပါ၏လော…။

                 ဤ ကဲ့သို့ မေးရခြင်း အကြောင်းမှာ…..စာရေးသူ ကြုံတွေ့ခဲ့ရဖူးသော  ဗုဒ္ဓဘာသာဝင် အတော်များများသည်…

ဘုရားစာများ သာ ရွတ်ဆို၍  ဗုဒ္ဓရှင်တော် ဘုရားရှေ့တွင်  ပူဇော်နေကြပါသည်….သူတို့ ရွတ်ဖတ်ပူဇော် နေသော တရားစာများ၏ အနက် အဓိပ္ပါယ်ကို ရိပ်ဖမ်းသံဖမ်းမျှပင် နားမလည် ကြ၍ ဖြစ်ပါသည်….။

              ထိုသို့ အဖြစ်အပျက် များသည်….လွန်စွာ ဆိုးရွားသော ဘာသာဝင်များဘက်မှ  ဘာသာရေး လိုအပ်ချက်ကြီး ဖြစ်နေပါသည်..။

ထို အဖြစ်အပျက်များသည်  ဘာသာရေး အနာဂါတ် အလားအလာ အတွက်…ရလဒ် မကောင်းနိုင်သော အခြေအနေ အား ဖြစ်ပေါ်စေနိုင်

ပါသည်….။  တချိုက ဆိုလျှင် မည်မျှ ဆိုးကြသနည်း….ဆိုရလျှင်……………အသက် (၃၅) နှစ်ရောက်သော အရွယ်ပင်    ဖြစ်လင့်    ကစား…သြကာသ ဘုရားကန်တော့ခန်း တရားစာကို ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏  ရုပ်ပွားတော်ရှေ့တွင် ကြိမ်ဖန်များစွာ

ရွတ်ဆို လာခဲ့ကြသော်ငြားလည်း…..စာရေးသူမှ တိုက်ဆိုင်၍  ထိုသူ အား….သြကာသ ၏ အဓိပ္ပါယ်က  ဘာလဲ…ဟု မေးရာတွင်…

စေ့ငှစွာ သေချာသော အဓိပ္ပါယ် အဖြေ ပြန်မပေးနိုင်ခြင်းကို  ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သော စာရေးသူ အနေနှင့် ခံပြင်း ၀မ်းနည်းမိ ပါသည်….. အားလုံးသော ဗုဒ္ဓဘာသာဝင်များအား    ထို ထို ချည်းဟု မဆိုလိုပါ…..သို့ရာတွင် အတော်များများသော ဗုဒ္ဓဘာသာဝင်တွေ

သည်….ယခု အချိန်ကာလ တွင် ထိုကဲ့သို့ ဖြစ်နေပါသည်…

                   သြကာသ …ဟူသော ပါဠိ မြန်မာပြန် အနက်  အဓိပ္ပါယ် သည်……

 သြကာသ=ခွင့်ပြုတော်မူပါ..။            ဟူ ၍  ဖြစ်ပါသည်…..။  ဒါကို တချို့ကလည်း….နားမလည် ပါးမလည်နှင့် ဖွင့်ဆိုပုံ တစ်မျိုးနှင့်

ပြောကြပါသေးသည်….။”” သြကာသ””..ဟူသည်…..  သြကာသ လောကကြီးကို ဆိုလိုခြင်း ဟူသတတ်…… အံ့သြစရာ ကောင်းလေစွ..

ရင်နာစရာ ကောင်းလေစွ…..။

               ယခုလို…ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ အခြေပြ သြကာသ လို ဘုရားကန်တော့ခန်းမျိုး၏  အနက်အဓိပ္ပါယ်လေးကိုတောင်

နားမလည်ကြလျှင်………ပရိတ်ကြီး(၁၁) သုတ်…..ပဌာန်းဒေသနာတော်……နှုင့် ပို၍လေးနက်မြင့်မြတ်သော  စာရေးသူတို့၏

တရားတော် များကို မည်သို့ ရွတ်ဆိုပူဇော် လက်ဆင့်ကမ်းကြပါမည်နည်း…….။

             ထို သုတ်တော်များအား အဓိပ္ပါယ် မသိဘဲ ရွတ်ဆို ပူဇော်နေကြမည့်အစား…စာရေးသူ အကြံပြုလိုပါသည်……သရဏဂုံ(၃)ပါး

၏  အဓိပ္ပါယ်အား စေ့ငှသေချာစွာ  လေ့လာ၍  ထိုသရဏဂုံ ဂါထာတော် တစ်မျိုးထဲကိုသာ   ရွတ်ဆိုကြပါကုန်……။

(ဗုဒ္ဓဘာသာ တို့ အတွက်….သရဏဂုံ(၃) ပါးသည်….အသက်ထက်ဆုံး အရေးကြီး အဓိကကြသော ဘာသာရေး အသက်ဖြစ်ပါသည်….။)

ကိုယ်အဓိပ္ပါယ် နားမလည်နိုင်သော သုတ်တော်များကို….မသိနားမလည်ဘဲ ဆက်လက်ရွတ်ဖတ် နေကြသော်  ကုသိုလ်ဖြစ်ဖို့ ဝေးစွှ…

ရွတ်ဆိုရာတွင် ပိုဒ်ဖြတ်၊သံဖြတ်….များတွင် စည်းဝါးဌာန်းကရိုဏ် မကျ၍ မှားယွင်းခဲ့ပါက  အကုသိုလ်များကာ  ငရဲပင် ရနိုင်ပါသည်..။

            ထို့ကြောင့်……တရားတော် တစ်ပုဒ် ရွတ်ဆို၍ ပူဇော်တော့မည် ဆိုပါလျှင်….ကိုယ်ရွတ်ဆိုမည့် တရားတော်၏ အနက်အဓိပ္ပါယ် ကို အနုလုံပဋိလုံ သိအောင် ကြိုးစားမှတ်သားပြီးမှ  ရင်ထဲတွင် ညွှတ်နူးပျှော်ဝင်သောစိတ်နှင့် ဗုဒ္ဓရှင်တော်မြတ်ဘုရား

ကို ပူဇော်စေလိုပါသည်…..။

             အကယ်၍ နားလည်နိုင်စွမ်း ရှိခြင်းငှာ….မိမိအတွက် အခြေအနေ မပေးခဲ့ဘူး ဆိုပါလျှင်…..စာရေးသူ ပြောတဲ့ အကြံပြုမှု့

အတိုင်း သရဏဂုံ(၃)ပါး ဂုဏ်တော် တစ်ခုတည်းသာလျှင် ရွတ်ဖတ်ဆောက်တည်ကြပါရော……………။

 

သရဏဂုံ(၃) ပါး ၏ အနက်အဓိပ္ပါယ်…..။

၁။ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ…= မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏…။

၂။ဓမ္မံ သရဏံ ဂစ္ဆာမိ..= မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏  တရားတော် များကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏…။

၃။သံဃံ သရဏံ  ဂစ္ဆာမိ…= သံဃာတော်မြတ် များကို  ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏…။

 

                                                        (ဗုဒ္ဓ ယဉ်ကျေးမှု့  အခြေပြု။)

 

   သစ္စာလေးပါး၏ မှန်သော ဒုက္ခလွတ်ရာ တရားကို သိကြ၍ ပီပြင် ထင်ရှားသော ဗုဒ္ဓဘာသာဝင် သာသနာ့ အကျိုးဆောင်များဖြစ်နိုင်ကြပါစေ…။

 

 

                                           ကကြီး။[email protected](၂၀.၈.၁၁)

In: ဆောင်းပါး Posted By: Date: Aug 21, 2011
Comment #1

ဗုဒ္ဓဘာသာဝင်တို့အတွက် တကယ်ကို အဖိုးတန်တဲ့ဆောင်းပါးတစ်ပုဒ်ဘဲ စာရေးဆရာ ကိုကကြီးဆိုသူလည်း ဓမ္မဒါနအနေနဲ့ဆောင်းပါးရေးထားတဲ့အတွက် အမြတ်ဆုံးကုသိုလ်ကိုရပါစေ ။

commentinfo By: X - ray at Aug 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment