Professional Authors

အယ်ဒီတာ=အက်ဒ်မင်။

အယ်ဒီတာ=အက်ဒ်မင်။

 

           အွန်းလိုင်းတွင် လက်ရှိစာရေးသားနေသော…ဘလော့ဂါများ အပေါ် ကြားနေရသော ဝေဖန်မှု့ များနှင့် ဆက်လျဉ်း၍  ကကြီး

ကောင်းစေလိုသော အကြံပြုချက်ပေးလို သည်မှာ…………။

              လက်ရှိ စာနယ်ဇင်း သမားများ၏ အွန်းလိုင်း (မီဒီယာ) ဘလော့ဂါ များအပေါ် ဝေဖန်မှု့တို့၏  အကျိုးအပြစ်သည်…. 
မဆင်မခြင်  စာရေးသားသော  ဘလော့ဂါများနှင့်လည်း သက်ဆိုင်သလို……အထူးသဖြင့်  မိမိတာဝန် ယူထားသော ဆိုဒ်တွင် အများဖတ်ရှု့နိုင်ရန် အတွက်….(ပိုစ့်)စာတစ်ပုဒ် ဖြစ်မြောက်အောင် စိစစ်ပေးရသော
ဆိုဒ် အက်ဒ်မင်များနှင့်လည်း   များစွာသက်ဆိုင်ပါသည်….။

             လက်ရှိစာနယ်ဇင်းလောကသားများမှ   စွတ်ဆွဲပြောဆိုသလို…..

“”အမှိုက်များ””……””ဗရုတ်သုက္ခအရေးအသားများ””……””စည်းမရှိ ဘောင်မရှိ စာရေးသားသူများ””….ဟု…..
အဝေဖန်ခံရနိုင်သော   မပြည့်ဝသော (ပိုစ့်) စာမူများကို စာဖတ်သူများဆီနှင့်…
ဆိုဒ်ဘလော့ပိုစ့် များပေါ်မရောက်ရန်…ဆိုဒ် အက်မင်များတွင် များစွာတာဝန်ရှိပါသည်…။   အွန်းလိုင်းစာပေများ  တန်ဖိုးတက်လာရန်မှာလည်း…..ထိုနည်းဌင်း သာ ဖြစ်ပါသည်…။

                လက်ရှိဆိုဒ်များတွင် တာဝန်ယူထားသော ဆိုဒ်အုပ်ချုပ်သူ (အက်ဒ်မင်) ဆိုသော နေရာသည် ဆိုဒ်တွင် ဖြစ်ပေါ်လာသော ပြဿနာများကို ပြေလည်အောင် ဖြေရှင်းပေးရမည် သာမကဘဲ……..မိမိဆိုဒ်တွင်  အဆင့်အတန်းမြင့်မားသော ပိုစ့်များ  တင်ပေးနိုင်ရန်လည်း…ဘလော့များအား သေချာစွာ စိစစ်ပေးရသော သူများ ဖြစ်ကြပါသည်…။

             ထို့အတူပဲ….အက်ဒ်မင် ဆိုသောနေရာတွင်  အခမဲ့ စာပေချစ်သောစိတ် နှင် တာဝန်ယူထားသော မိမိနေရာ သည်…ပြင်ပမှ  မဂ္ဂဇင်းတိုက်တစ်တိုက်၏ (အယ်ဒီတာ)  ရာထူးနေရာနှင့် တူတူဖြစ်သည်ကိုလည်း သိထားရပါမည်…..။

                 ထို့ကြောင့်……အက်ဒ်မင်များသည် အယ်ဒီတာများ ဖြစ်ကြသည့်  အားလျော်စွာ အယ်ဒီတာ တစ်ဦး၏ ကျင့်ဝတ်နှင့် လုပ်ဆောင်ချက်များကို  အတိအကျ မဟုတ်တောင် ရိပ်ဖမ်းသံဖမ်း  သိသင့်၊သိထိုက်၊သိထားအပ်ပါ သည်….။
       အယ်ဒီတာ တစ်ဦး၏ အခြေခံကျသော တာဝန်တစ်ခုသည် စာတစ်ပုဒ်ကို  မိမိ စိစစ်ဖို့ လိုလာပြီ ဆိုလျှင်………

    ပထမ အနေနှင့်….၀ါစင်္ဂ=၀ါကျတွင်း၌ ပါရှိသော စကားအစိတ်အပိုင်းများ မှန်ကန်စေရန်နှင့်….၀ါစာ=စကား၊…၀ါကျ=အဓိပ္ပာယ် ပေါ်လွင်အောင်   ပြောဆိုသော စကားများ ဆီလျှော်ညီညွှတ်အောင် ပြုပြင်ပေးရပါမည်….။

    ဒုတိယ ပြုလုပ်ရန်မှာတော့….မိမိစိစစ်သော စာမူ(ပိုစ့်) သည်..ရသ (၉) ပါး တစ်ပါး အပါအ၀င် ဖြစ်နေ…. မဖြစ်နေ…စစ်ဆေးရပါမည်.။

    တတိယ အခြေခံကျသော စိစစ်မှု့မှာ  စာဖတ်ပရိတ်သတ် အတွက် မိမိ ခွင့်ပြုမည့် စာမူ(ပိုစ့်) သည် သဟဇာတ(သို့)အကျိုးတစ်စုံတစ်ရာ ရှိနိုင်.. မရှိနိုင်…ဆုံးဖြတ်ရခြင်း ဖြစ်ပါသည်..။

            အထက်ပါ အကြောင်းကိစ္စ(၃) မျိုး သည် (အယ်ဒီတာ=အက်ဒ်မင်) အမည်ခံသူများ စာမူ(ပိုစ့်)တစ်ပုဒ်အပေါ်တွင် မဖြစ်မနေ  ပြုလုပ်ရန် လိုသည့်  …စာပေစိစစ်မှု့ အခြေခံ တာဝန်နှင့် သဘောထားကျင့်ဝတ်  ဖြစ်ပါသည်…။

         (အယ်ဒီတာ=အက်ဒ်မင်..။)တစ်ဦးသည်…မိမိတာဝန်ယူ စိစစ်ပေးရမည့်  စာမူ(ပိုစ့်) ရေးသားသူ စာရေးဆရာထက် သာသော   အတွေးအခေါ်နှင့် အသိပညာ ဗဟုသုတ စာပေအတွေ့အကြုံ ရှိရပါမည်…။စာရေးဆရာခေါင်း (၁၀) ခေါင်း၊ မိမိ၏ အသိပညာတရား ခေါင်း(၁)ခေါင်း  ညီမျှသော အသိအမြင်ရှိအောင် ကြိုးစား ရပါမည်..။

       နောက်…စာဖတ်နာသော သူတစ်ဦးလည်း ဖြစ်ရပါမည်..။

  သို့မှသာလျှင်…..မိမိ စိစစ်ပေးသော  စာမူများ(ပိုစ့်များ..။) သည် အဆင့်အတန်းရှိသော..၊စာဖတ်သူ ကောင်းကျိုးတစ်စုံတစ်ရာ ရသော၊ စာဖတ်သူပိုင် အချိန်အား မဖြုန်းသော၊ စာပေဝေဖန်ခံရမှု့ နည်းသော….. စာမူကောင်း(ပိုစ့်ကောင်း..)တစ်ပုဒ် ဖြစ်လာအောင် တည်းဖြတ်ပေးနိုင်သော (Editor.) စာတည်းကောင်း တစ်ဦး ဖြစ်ပါမည်…။

     သို့မဟုတ်ပါက……

   အိုးပေါက်မှ ကျလာသော ရေများနှင့် တူသော…မပြည့်မ၀ တစ်စက်စက် ယိုနေသော  ပြည့်ဝ မှု့ မရှိသည့်  စာပေများနှင့် မိမိ မဖတ်ကြည့်ပဲ…နာမည်ကြီး တစ်ဦးအား ရင်းနှီးလိုသော သဘောနှင့် ပေးထားသော (ကွန်မန့်) များကြောင့် …ချေးချောက် ကောက်စားနေသော……ရူးကြောင်ကြောင်…ဘလော့ဂါ များသာ အွန်းလိုင်းမြန်မာ ၀က်ဘ် ဆိုဒ်များတွင်…ကြီးစိုးနေပါလိမ့်မည် ဖြစ်ကြောင်းနှင့် စာနယ်ဇင်းလောကသားများ ဆီမှ အားမနားပ ဝေဖန်မှု့ များကိုလည်း  ခံမြဲသာ ခံနေရမှာ ဖြစ်ကြောင်း…….။

       မြန်မာစာပေ ကိုချစ်၍ အွန်းလိုင်း (မီဒီယာ) စာပေ အကျိုးမျှော် ကာ နှိုးဆော် အကြံပြု ရေးသားလိုက်ပါတော့ သည်…။

 

 

 

                                                            ကကြီး။([email protected])10.6.11(11;55 pm)

In: ဆောင်းပါး Posted By: Date: Jun 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment