Professional Authors
လူငယ်နှင့် နှုတ်ထွက်ယဉ်ကျေးမှု့ (မင်းလူန)
    မြင်ရသလောက်ပြန်ပြော၇်ျပြန်ပြောသလောက်များသည်လဲမြင်ခဲ့ ရသည်ချည်းသာဖြစ်သည်။သတင်း၊နည်းပညာနှင့် ဆက်သွယ်မှု့ တို့ပြောင်းလဲတိုးတက်လာသောသည်မှာဘက်ခေတ်၏အဆိုးဝါးဆုံးသောယုတ်လျော့ ကျဆင်းမှု့ များထဲတွင်လူငယ်များ၏နှုတ်ထွက်ယဉ်
ကျေးမှု့ ဖောင်းပွနေခြင်းပင်ဖြစ်လေသည်။ယဉ်ကျေးမှု့ ဟုဆိုရာလူမှု့ ဆက်ဆံရေးနယ်ပယ်တွင်အဓိကအကျဆုံးပြောဆိုဆက်ဆံမှု့ 
(လူမှု့ဆက်ဆံရေး)သည်လဲအဓိကအခန်းကဏ္ဍမှပါဝင်လေသည်။သည်ဆောင်းပါးသည်လူငယ်ထုတစ်ရပ်လုံးကိုရည်ညွှန်းခြင်းမဟုတ်ကြောင်းကို
မူဦးစွာပြောကြားလိုပါသည်။
အချို့ သောလူငယ်များ၏စကားလုံးသုံးစွဲမှု့ များကိုစာရေးသူနားနှင့် ကြား၇်ျနှလုံးသားထဲဆူးနစ်လောက်သည့် အထိရိုင်းပြခတ်ထန်မှု့ 
များရှိနေပါ၇်ျအနာဂါတ်တွင်ကျန်ရှိနေမည့် ဘာသာတရားနှင့် လူမျိုး၏ဂုဏ်သိက္ခာများထိခိုက်ညိုးနွှမ်းမည်ကိုအလွန်ပင်စိုးရိမ်ပူပန်မိပါ
သည်။
လူသည်တီထွင်ကြံဆတက်သောသတ္တ၀ါတစ်မျိုးဖြစ်လေသည်။ထိုထက်ပို၇်ျလူငယ်သည်ဆန်းသစ်တီထွင်လိုသောသဘောရှိကြသည်
ဝတ်စားဆင်ယင်မှု့ ၊နေထိုင်ကျင့် ကြံမှု့ နှင့် ပြောဆိုဆက်ဆံမှု့ တို့ တွင်အသစ်များကိုဖန်တီးဆင်မြန်းလာခဲ့ ကြလေသည်။
ထိုကဲ့ သို့ အသစ်များဖန်တီးသုံးစွဲမှု့ တို့ တွင်ဘာသာစကားထွင်လုံးများသည်ခေတ်ရေစီးကြောင်းရွေ့ လျားလာသည်နှင့် အမျှ
တစ်ခုပြီးတစ်ခုပေါ်ပေါက်လာကာမြိန်ရည်ယှက်ရည်စားသောက်သုံးစွဲလာကြသည်။
ဥပမာအားဖြင့် ယနေ့ ခေတ်လူငယ်အများစုသည်သောက်(စောက်)အရေးမပါဘူး၊သောက်(စောက်)ပုံမလာဘူး၊သောက်(စောက်)
ဂရုမစိုက်ဘူးဟူသောအသုံးအနှုံများကိုတွင်ကျယ်စွာသုံးစွဲလာခဲ့ လေသည်။စကားပြောဆိုရာမှာစကားလုံးများ၏ရှေ့ တွင်သောက်
(စောက်)ဟူသောဝေါဟာရကိုတစ်ရှိုက်မတ်မတ်သုံးစွဲလာခဲ့ လေသည်။ထိုကဲ့ သို့ ပြောလိုက်ရမှပင်မိမိပြောလိုသည့် စကားလုံးသည်
ပို၇်ျလေးနက်သွားလိမ့် မညည်ဟုယူဆထားပုံရသည်။ခေတ်နှင့် လျော်ညီသည်ဟုထင်မြင်နေကြလေသည်။
တချို့ သောလူငယ်များဆိုလျှင်အချင်းချငေ်းပြောဆိုရုံမျှမကလူကြီးမိဘများကိုလည်းထိုကဲ့ သိသောက်(စောက်)ဟူသောစကား
လုံးများဖြင့် ပြောဆိုဆက်ဆံလာကြလေသည်။ဂါရ၀တရားများကိုထိပါးစော်ကားစေသော၎င်းအသုံးအနှုံးမျိုးသည်အမှန်စစ်စစ်တွင်
မိမိဘာသာ၏ယဉ်ကျေးမှု့ နှင့် လုံးဝဆန့် ကျင်နေသောပြောဆိုဆက်ဆံမှု့ ပင်ဖြစ်သည်။၎င်းသောက်(စောက်)ဟူသောစကားလုံး
သည်အမှန်တစ်ကယ်ပင်အောက်တန်းကျနွှမ်းဖတ်နေသောစကားလုံးပင်ဖြစ်လေသည်။
ယဉ်ကျေးမှု့ စရိုက်လက္ခဏာများကိုလည်းတန်ဖိုးထားထိန်းသိမ်းစောင့် ရှောက်သောနိုင်ငံဖြစ်လေသည်။ထိုကဲ့ သို့ ယဉ်ကျေးမှု့ ကို
ထိန်းသိမ်းစောင့် ရှောက်သည့် ဗုဒ္ဒဘာသာနိုင်ငံသို့ အနောက်တိုင်းယဉ်ကျေးမှု့ များသည်အရှိန်အဟုန်နှင့် စီးဝင်ဖုံးလွှမ်းလာသည်ကို
ယနေ့ လူငယ်အများစုတွင်လေ့ လာလျှင်သိရှိနိုင်ပေလိမ့် မည်။ခေတ်နှင့် အညီတိုးတက်ပြောင်းလဲလာခြင်းကိုဂုဏ်ယူဝမ်းမြောက်မိ
သောလည်းယဉ်ကျေးမှု့ ကိုထိခိုက်ပွန်းပဲ့ စေနိုင်လောက်သည်အထိပြောင်းလဲခြင်းသည်ကတော့ အမှန်တစ်ကယ်ပင်မဖြစ်သင့် သည့်
ကိစ္စရပ်များပင်တည်း။
အနောက်နိုင်ငံများ၏တစ်ချို့ သောလူနေမှု့ စနှစ်နှင့် လူမှု့ ဆက်ဆံရေးများသည်အတုယူသုံးစွဲသင့် သည့် အမူအကျင့် များပင်ရှိသော်
လည်းကိစ္စတော်တော်များများကတော့ မိမိတို့ လူမျိုးများ၊မိမိတို့ ဘာသာဝင်များနှင့် မည်သို့ မျှမအပ်စပ်နိုင်ခဲ့ ပေ။
ဥပမာလူတစ်ယောက်နှင့် တစ်ယောက်တွေ့ ဆုံကြသောအခါနှုတ်ဆက်တက်သည့် အလေ့ အထများမှာတစ်ကယ်ကိုအတုယူစရာကောင်းလှပေသည်။
hi/hey/good morrningအစရှိသဖြင့် တစ်ဦးနှင့် တစ်ဦးနှုတ်ဆက်တက်သည့် အလေ့ အထများမိမိတို့ သိလိုသည့် ကိစ္စများဖြစ်စေ၊အကူအညှီတောင်း
သည့် ကိစ္စဖြစ်စေပြ၆ီးဆုံးသွားတိုင်း(thank  you)ကျေးဇူးတင်ပါတယ်ခင်ဗျားဟုလေးလေးစားစားသုံးစွဲပုံများညအိပ်ယာဝင်(good  night)ကောင်း
သောညပါဟုဆုတောင်းနှုတ်ဆက်ပုံများသည်တစ်ကယ့် ကိုချစ်စရာကောင်းသည့် အတုယူသင့် သည့် များကိုမူလူငယ်များအနေဖြင့် သတိမူပြီး
လေးလေးနတ်နတ်ဂရုမပြုမိကြသဖြင့် တွင်ကျယ်စွာကူးစက်ပျံ့ နှံ့ ခြင်းသိပ်မရှိပေ။
အနောက်တိုင်းဇာတ်လမ်းများတွင်ပါဝင်သည့် (FUCK)(SON  OF  A  BITCH)ကဲ့ သို့ သောညစ်ညမ်းကြမ်းတမ်းသည့် စကားလုံးများကိုမူ
အရသာရှိရှိသုံးစွဲနေကြသည်ကိုတွေ့ နေကြားနေရပါသည်။ထိုသို့ သုံးစွဲမှပင်ခေတ်မှီနေသည်ပုံစံမျိုးဖြစ်နေကြလေသည်။စကားလုံးသုံးစွဲမှု့
လေးတွေကစပြီးရိုင်းပျလာခြင်းသည်အနာဂါတ်တွင်မိမိတို့ ယဉ်ကျေးမှု့ ကိုဝါးမြိုစားသောက်မည့် အရင်းအမြစ်များဖြစ်လာနိုင်ပေသည်။
များကိုတဖြေးဖြေးတိုက်စားလာသည်ဟုစာရေးသူခံစားမိလာသည်။
ထိုကဲ့ သို့ လူငယ်များနှုတ်ထွက်ယဉ်ကျေးမှု့ ဖောင်းပွလာခြင်းသည်လူမှု့ ဆက်ဆံရေးနယ်ပယ်များတွင်မကြာခဏဆိုသလိုကြားနေခဲ့ ရသည်။
မိဘညီအစ်ကိုမောင်နှမကြား၊လူကြီးသူမကြားတွင်နားဝင်ပီယံမရှိမပြောသင့် သောထိုအသုံးအနှုံးများကြောင့် ရိုသေလေးစားမှု့ ၊လိမ္မာယဉ်ကျေး
မှု့ တို့ တဖြေးဖြေးမှေးမှိန်လာနိုင်ပါသည်။ထိုသို့ အသေးအဖွဲဟုထင်မှတ်ရသောပြောဆိုဆက်ဆံမှု့ များသည်အကြီးမားဆုံးသောဆုံးရှုံးမှု့ များကို
ဖြစ်ပေါ်စေနိုင်ပါသည်။ဘာသာတရားကိုင်းရှိုင်းမှု့ များကျဆင်းလာခြင်း၊လူမျိုး၏ယဉ်ကျေးမှု့ ယိုင်နဲ့ လာခြင်းများသည်မိမိတို့ အနေနှင့် ဘယ်လိုမှအစားထိုးမရသည့် အကြီးမားဆုံးဆုံးရှုံးမှု့ များပင်ဖြစ်လေသည်။
လူငယ်သည်အတုမြင်အတက်သင်သည့် အကျင့် စရိုက်များရှိကြသည်။စမ်းသပ်စူးစမ်းလိုသည့် သဘောများရှိကြသည်။
ဖြူစင်သောလူငယ်များ၏နှလုံးသားများသည်အရောင်အဆင်းစွန်းလွယ်သည်။ထိုသိုသောအတွေးအခေါ်နုနယ်လွန်း၇်ျပြောင်းလဲလွယ်သောလူငယ်များ
၏ရှေ့ တွင်ယဉ်ကျေးမှု့ ကိုထိခိုက်ပျက်စီးစေသောအသုံးအနှုံးများကိုတားမြစ်ရန်တစ်ဦးချင်းအနေနှင့် ထိန်းသိမ်းကြပ်မတ်ပေးရန်လိုအပ်လာသည်
ဟုခံစားမိလေသည်။ခေတ်ရေစီးကြောင်းနှင့် လိုက်ပါစီးမျောသည့် ယဉ်ကျေးမှု့ ပြောင်းလဲတိုးတက်လာခြင်းတွင်ဘာသာတရား၏ဆိုဆုံးမမှု့ များနှင့် 
ဖီလာသည့် နှုတ်ထွက်ယဉ်ကျေးမှု့ ဖောင်းပွလာခြင်းကိုသတိထားဆင်ခြင်ရန်လိုအပ်လာသည်ဟုခံစားမိလေသည်။။။။။။။။။။။
                                                                              မင်းလူန
In: ဆောင်းပါး Posted By: Date: May 23, 2011
Comment #1
ကိုမင်းလူန….ဒီဆောင်းပါးလေးကိုဖတ်ရတာအရမ်းကျေးဇူးတင်ပါတယ်…
အကိုပြောသလိုပဲကျွန်မတို့ပတ်ဝန်းကျင်မှာလူငယ်တွေဟာတော်တော်ကိုယဉ်ကျေးမှု့အရာမှာ
ပိုပီးအားနဲလာကြပါတယ်… အင်မတန်ကောင်းတဲ့ဆောင်းပါးလေးပါ…
ဒီလိုရသစာပေကိုများများရေးပေးပါ… လေးစားပါတယ်
commentinfo By: May Kha at Jul 4, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment