Professional Authors

လူမှုဝန်းကျင်

မင်္ဂလာပါ ဗျာ …. လူတွေအကြောင်း ဆောင်းပါးလေး ရေးမယ်နော်… အမြင်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြတော့ …. တစ်ချို့သူတွေ အတွက် အစွန်းရောက်ချင်လည်း ရောက်နေလိမ့်မယ်.. ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်မြင်ရတဲ့ အတိုင်း၊ ခံစားရတဲ့အတိုင်း ချရေးမှာပါ…

လူရယ်လို့ ဖြစ်လာရင် ပျော်ရွှင်မယ်၊ ၀မ်းသာ၊ ၀မ်းနည်းမှုတွေ တွေ့ကြုံရမှာ ဓမ္မတာပါ .. ငယ်ရွယ်တဲ့အချိန်မှာ လေ့လာမှုတွေ၊ တက်ကြွမှုတွေ၊ ကြိုးစားအားထုတ်ချင်စိတ်တွေ ဖြစ်တတ်တယ်၊ သတ်လတ်ပိုင်းမှာ တည်ငြိမ်စ ပြုလာပီ … လောကကြီးအကြောင်းကို အရင်ကထက် ပိုနားလည်လာပီလို့ ထင်တယ် … သစ်ရွက်လှုပ်တိုင်း မရယ်တတ်တော့ဘူးပေါ့ဗျာ… သက်ကြီးပိုင်း ရောက်လာခဲ့ရင် ပုံမှန် အားဖြင့်တော့ လုပ်ချင် ကိုင်ချင်စိတ်တွေ အရင်ကလောက် မပြင်းထန်တတ်ကြတော့ပါဘူး… စိတ်အေးအေးချမ်းချမ်းလေး နေချင်ကြတယ်။ နားချင်ကြတယ်၊ လောကကြီးမှာ ကျင်လည်ခဲ့ကြတဲ့ သူတွေ ဖြစ်တာကြောင့် တချို့အရာတွေကို ခံစားဖူးပီ၊ ကြုံခဲ့ဖူးပီ၊ သိပ်ပီး မက်မက်မောမော မရှိကြတော့ဘူးပေါ့လေ။ (အရင်က ပြောပါတယ်)

ဒါပေမယ့်ဗျာ ခုတော့ အဲ့ဒါတွေက လွဲချော်နေပီ… လူငယ်တွေက လူလတ်အကျင့်တွေ ကျင့်….. လူလတ်တွေက စီးပွားရေးကြောင့် တရားတွေပေါက်သလိုလို၊ လောကကြီးကို စိတ်ကုန်သလိုလိုဖြစ်၊ အော် သက်ကြီးပိုင်းကို ၀င်လာခါစ ငါးဆယ်နားနီးနဲ့ ငါးဆယ်ကျော်တွေကျတော့ စီးပွားရေးလေး ငြိမ်လာတော့ လူငယ်တွေလို သစ်ရွက်လှုပ်တိုင်း ရီချင်လာပီ မယားငယ်တွေထား၊ မိန်းမတွေကလဲ အလှုတွေ ပြင်၊ ကိုယ်နဲ့ အပ်စပ်မှန်း မသိ၊ မအပ်စပ်မှန်း မသိ။ တော်တော်ဆိုးရွားလာပီ။ တစ်ရာမှာ 30% လောက်က ဒီလို ဖြစ်နေကြပီ။ သူငယ်ချင်းတို့ သတိထားမိလားတော့ မသိဘူးဗျ….

ဆယ်ကျော်သက်အရွယ်တွေက သင်ယူခြင်း ခေါင်းစဉ်တွေ လွှဲမှားနေကြပီ … အင်တာနက်ဆိုတာ ပေါ်လာတာ ကောင်းလည်း ကောင်းတယ် မကောင်းလည်း မကောင်းဘူး ဖြစ်နေပီ ….. အတွေးတိမ်တဲ့ သူတွေ၊ အသိဥာဏ်နည်းသူတွေနဲ့၊ ငယ်ရွယ်ပီး စိတ်ဓါတ်နုနယ်တဲ့ သူတွေအတွက် လုံးဝ မကောင်းဘူးလို့ ပြောချင်တယ်… ပညာရှာပီး ကိုယ့်ဘ၀ကို တိုးတက်အောင် လုပ်တဲ့သူတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အဘိဓမ္မာကျမ်းစာ တစ်အုပ်ပါဘဲ။ အကျိုးရှိအောင် သုံးမှ အကျိုးရှိမှာပါ။ လူငယ်တွေအတွက် ရေးတဲ့ဆောင်းပါး တော်တော်များများလည်း ပုံစံအမျိုးမျိုးနဲ့ ရှိနေကြတာပါပဲ။ ဖတ်ပီးရင် ပီးသွားတာပဲ။ ခေါင်းထဲ ဘယ်သူမှ မထည့်ကြဘူး။ ဒါကြောင့် ကျွန်တော် တစ်ခု အကြံပေးချင်တာကတော့ လူငယ်တွေရော လူလတ်ပိုင်းတွေရော စကားပြော မယုတ်မာကြဖို့နဲ့၊ အချင်းချင်း မောင်နှမတွေလို သဘောထားပေးကြဖို့ပါဘဲဗျာ။  ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တိုင်ထိန်းသိမ်းမှ ဖြစ်မှာပါ။ ငါ လုပ်တာ ဘယ်သူမှ မမြင်ရဘူး ငါရေးတာ ဘယ်သူမှ မမြင်ရဘူးဆိုပီး မိုက်ရိုင်းချင်တိုင်း မိုက်ရိုင်းတဲ့ကောင်တွေလဲ ရှိသေးတယ်။ ပြောရရင် အမိအဖတွေကို ထိခိုက်မှာမို့ မပြောချင်ပါဘူး… လူတွေ တော်တော် စိတ်ဓါတ်အဆင့်အတန်းနိမ့်ကျနေပီ၊ ယောက်ျားတွေရော မိန်းမတွေရောပဲ … သူများတိုင်းပြည်ကို လွဲမှားစွာ အတုယူပီး စိတ်ဓါတ်တွေ ပျက်စီးလာတယ်ဆိုတာကို မိမိကိုယ်ကို ဆန်းစစ်ကြည့်ကြပါဦး။ ပြောတော့ ဒီမိုကရေစီလိုချင်တယ်တဲ့ … ဒီမိုကရေစီသာပေးလိုက်ရင် ဖာနိုင်ငံအတိအလင်း ကြေငြာပေးလိုက်သလိုပဲ ဖြစ်မှာပဲ။။ ဒီ စိတ်ဓါတ်တွေကို ပြန်လည်ပျိုးထောင်ပေးဖို့ နှစ်တော်တော်ကြာပြန်လည် ဆောက်တည်ရဦးမယ်။ (အမေစုကို သနားပါရဲ့ဗျာ… သူတောင်းစားကို သူဋ္ဌေးအသွေးအမွေးဖြစ်အောင် တော်တော် ပြုပြင်ပြောင်းလဲ ယူရဦးမှာပဲ ဒီမိုကရေစီသာရရင်ပြောပါတယ်)။ ခု ကျွန်တော် ပြောချင်တာတွေက လွန်ချင်လည်း လွန်နေမယ်… ဒါပေမယ့် ကျွန်တော့်အတွက်တော့ မလွန်ဘူးဗျ… တော်တော် ထိန်းပြောနေရတယ်…
ခေတ်မိန်းကလေးတွေ ပြောလိုက်ရင် ပါးစပ်က sexy sexy နဲ့ sexy သိပ်ဖြစ်ချင်နေကြတယ်။ Sexy ဖြစ်တာကိုပဲ ဂုဏ်ယူနေကြတယ်၊ အားကျနေကြတယ်။ ကျွန်တော် အဲ့စကားကို ကြားရင် အရမ်း ရီချင်တယ်။ အော် တော်တော်လည်း ဆိုးရွားလှပါလားလို့ပါ။ Sexy ဖြစ်တယ်ဆိုတာ ကြက်ဖြစ်ပါလား ဆိုတာကိုတော့ မသိကြတော့ပဲ လွဲမှားစွာ သုံးချင်နေကြတယ်။ မိုက်ရိုင်းတဲ့ ကောင်တွေက မိုက်ရိုင်းချင်သလို မိုက်ရိုင်းတာတောင်မှ အရှက်မရှိ သိက္ခာမရှိ အဲလို ၀တ်တဲ့မိန်းမတွေရဲ့ သတ္တိကို လေးစားမိပါရဲ့ဗျာ။ အဲလို စိတ်ဓါတ်လေးတွေ ပညာရေးတို့ နိုင်ငံရေးတို့၊ စီးပွားရေးတို့မှာ အသုံးချကြည့်ပါလား အကျိုးရှိအောင်ပါ။

မြန်မာနိုင်ငံဆိုတာ ရိုးရာယဉ်ကျေးမှုရှိတဲ့ တိုင်းပြည်၊ ဘာသာ သာသနာရှိတဲ့ တိုင်းပြည်တစ်ခုပါ။ ခု လောလောဆယ်ဆယ်မှာ သူတောင်းစားတက်အုပ်ချုပ်နေလို့ သူတောင်းစားတိုင်းပြည်ဆန်ဆန်ဖြစ်ရတာ မဆန်းပေမယ့်။ လူမျိုးသာသနာကိုတော့ စောင့်ထိန်းကြပါ အမိတို့ရယ်။ အမိတို့ အထင်ကြီးတယ်ဆိုတဲ့ တိုင်းပြည်က ငနဲတွေက ရုပ်ပိုင်းအလွှာမှာ ထွန်းတောက်ပီး စိတ်ဓါတ်တွေ ညစ်ပတ်နေတဲ့ လူမျိုးစုတွေပါ။။ (လူကောင်းတော့ ရှိတာပေါ့နော်၊ အားလုံးကို မပြောပါဘူး)

ကျွန်တော့်အဖေ ပြောသလို ပဲ ပြောလိုက်ချင်တယ်။ မိုက်ချင်းမိုက် အစွမ်းကုန် မိုက်လိုက်ပါဗျာ။ သူများနောက်လိုက် မလုပ်ပါနဲ့။ မိုက်ရိုင်းတဲ့ ကောင်တွေ ခိုးကြောင် ခိုးဝှက် မလုပ်ပဲ ပေါ်ပေါ်တင်တင် နာမည်၊ ဓါတ်ပုံနဲ့ တင်ပီး မိုက်ရိုင်းလိုက်စမ်းပါ။ တိုင်းပြည်က ဒီမိုကရေစီမရပေမယ့် အွန်လိုင်းပေါ်မှာ ဒီမိုကရေစီရပါတယ်။ မိန်းမတွေလည်း ဟိုဖော် ဒီဖော် မလုပ်နေပါနဲ့တော့။ ဘာမှ မ၀တ်ပဲ စာအုပ်ထုတ်စားလိုက်ပါတော့။ နာမည်ကြီးမြန်မယ် ပိုက်ဆံလည်းရမယ်။ လုပ်ချင်လုပ် အဆုံးထိလုပ်ကြစမ်းပါဗျာ။ ဟိုလိုလို ဒီလိုလို မလုပ်ကြနဲ့။ လူငယ်တွေ အတုယူလိုက်မှားကြပါမယ်။ အတုယူချင်တဲ့သူ အဆုံးထိ အတုယူကြပေါ့ (မဟုတ်ဘူးလား၊ ကျွန်တော်ပြောတာ)။

ဒါမှ လူတစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ ရှိလာကြမှာ။ ခု စဉ်းစားကြည့်လိုက်ရင် ဘယ်သူ့ကိုမှ ယုံကြည်လို့မရတော့ဘူး။ တစ်လင်တစ်မယားစနစ်ဆိုတာလဲ သိပ်မကြာခင်မှာ နောက်ကျန်ခဲ့တော့မယ် ထင်တယ်။ မိန်းမရော၊ ယောက်ျားတွေရော သိက္ခာနဲ့ အရှက်တရားတွေ မရှိကြတော့ဘူး။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဘာသာရေး မှေးမှိန်လာပီဆိုတာ သိသာတယ်။ တရားမရှိဘူးကြတော့ဘူး၊ ခံစားရင်း ခံစားချင်လာတယ် ရောင့်ရဲမှုလည်း မရှိကြတော့ဘူး။ တော်တော်ကြောက်စရာကောင်းတဲ့ လူမှုအသိုင်းအ၀ိုင်းတစ်ခုပဲ။

အနောက်နိုင်ငံက လူတွေရဲ့ စိတ်ဓါတ်နဲ့ မြန်မာတွေရဲ့ စိတ်ဓါတ် မတူဘူး၊ မတူရင် မတုနဲ့၊ တုရင် ကိုယ်ပဲနာမှာ။ သေသေချာချာ စဉ်းစားကြပါ..သူငယ်ချင်းတို့  ခု ဒီစာကို ဖတ်ရလို့ စိတ်မဆိုးခင် စဉ်းစားစေချင်တယ်။ ကလေးဆိုလည်း ယုံကြည်လို့မရ၊ သက်တူဆိုလည်း ယုံကြည်လို့မရ၊ အသက်ကြီးတဲ့သူတွေဆိုလည်း ယုံကြည်လို့မရ။ (အပေါ်ယံတွေကို မပြောပါဘူး)

ယုံကြည်မှုဆိုတဲ့ အတိုင်းအတာဟာ အရမ်းကို အရေးကြီးတယ်ဗျ.. ခုတော့ ဘယ်လိုမှ ယုံကြည်လို့မရတော့လောက်အောင် ဖြစ်နေရပီ။ အဖိုးကြီးအိုနေပါပီလေ ဆိုပီး လွှတ်မထားနဲ့ ပိုက်ဆံရှိရင် 16နှစ် သမီးနဲ့လည်း တွဲနိုင်တယ်။ အဖွားကြီး တုန်နေပါပီဆိုလည်း လွှတ်မထားနဲ့၊ ပိုက်ဆံရှိရင် ကောင်လေးငယ်ငယ်တွေ ခေါင်းခေါက်ယူလို့ရတယ်။ တော်တော်ဆိုးနေပီနော်။ လူတွေက သိတော့ သိတယ်။ ဒါပေမယ့် ကိုယ်နဲ့ မဆိုင်ပါဘူးလေဆိုပီး မေ့လိုက်ကြတယ်။

ခု ကျွန်တော် ချရေးပြတာက သတိထားမိအောင်၊ ဆင်ခြင်မိအောင်၊ သုံးသပ်မိအောင် ရေးပြတာပါ။ အရမ်း အားလို့ ရေးပြတာ မဟုတ်ပါဘူး။ တန်ဖိုးရှိတဲ့အချိန်တွေ၊ မယားငယ်အတွက် ကုန်တဲ့ ငွေတွေကို အတိဒုက္ခရောက်နေကြတဲ့ လူတွေကိုသာ ဝေမျှလိုက်ပါ.. (မယားကြီးရော၊ မယားငယ်ရော တူတူပဲ၊ အရေးပြားလေး တစ်ထောက်ပဲ ကွာတာ၊ မယားငယ်ကို မီးရှို့ကြည့်ပါလား ချစ်နိုင်ပါဦးမလားလို့။) သချိုင်းတစ်ဖက်လှမ်းနေတဲ့ ဒေါ်ဒေါ်ကြီးတွေလည်း အလှအပဖိုး အ၀တ်အစားဖိုး ကုန်မယ့် ငွေတွေကို လှူပါဗျာ။ ခင်ဗျားတို့ တော်တော် အကျိုးရှိသွားမှာပါ.. သံသရာအတွက်လည်း ကောင်းပါတယ်…. နောင်သံသရာမှာ အ၀တ်အစားနဲ့ ပံ့ပိုးစရာ မလိုအောင် လှနိုင်ပါတယ်ဗျာ…

တော်ပီ ခု ကျွန်တော့်စာကို ဖတ်ပီး ကျွန်တော့်ကို တော်တော် ကျိန်ဆဲနေမယ့် သူတွေရှိသလို၊ အမြင်ကျယ်ကျယ်နဲ့ စဉ်းစားတတ်တဲ့ သူတွေလည်း ရှိမှာပါ။

ဘာပဲပြောပြော
ကျေးဇူးပါဗျာ
ခေါင်းသုံးနိုင်ကြပါစေလို့ ဆုတောင်းပါတယ် ခင်ဗျာ….

(13-5-2001)
လိပ်ပြာ

Comment #1

very cool butterfly! Thanks to you for taking the time to share your knowledge with us.

commentinfo By: rabbit at May 13, 2011
Comment #2

ကိုလိပ်ပြာ….. ကျွန်မတို့ရဲ့ချစ်စရာကောင်းတဲ့အခန်းလေးညစ်ပတ်နေတယ်….
လှဲကျ င်းပေးပါအဲူးနော်….

commentinfo By: May Kha at Jul 3, 2011
Comment #3

ခေါင်းသုံးနိုင်ကြပါစေလို့ ဆုတောင်းပါတယ် ခင်ဗျာ…./
ဘာကိုပြောနေမှန်းတော့မသိဘူး…..။ ဆောင်းပါးတစ်ခုလုံးဖတ်တယ်ဆိုတာကိုပြလိုက်တာပါ…..။

commentinfo By: အောင်ရဲသူ at Jul 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment