Professional Authors

မိသားစု

ဖေဖေနဲ့မေမေက သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံတွေပေါ့
ရန်ဖြစ်ဖို့ဆိုတာဝေးလို့ ခွန်းကြီးခွန်းငယ်တောင် စကားမများဖူးခဲ့ကြဘူး
တစ်ယောက်နဲ့တစ်ယောက် နှစ်လိုချစ်ခင်စွာနဲ့ သည်းခံတတ်ကြတဲ့သူတွေပါ
ကျွန်တော်တို့ မောင်နှမ တစ်စုကလည်း ပျော်ရွှင်စရာကောင်းတဲ့ အသိုက်အမြုံလေးမှာ
အိမ်ရဲ့ဆည်းလည်းလေးတွေပေါ့
ကိုကို မမ ညီမလေး ဆိုတဲ့စကားသံတွေ ရယ်မောသံတွေနဲ့ အားလုံးက စံပြ အားကျရတဲ့ မိသားစုလေးပေါ့
အခက်အခဲဆိုတာတွေရှိခဲ့ပေမယ့် ဖေဖေနဲ့မေမေက အတူလက်တွဲရင်ဆိုင်ဖြေရှင်းရင်း
ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ကျော်ဖြတ်ကြတယ်…
ဘယ်အရာကမှ ဖေဖေနဲ့မေမေရဲ့ ကြံ့ခိုင်မှု၊ ချစ်ခင်ယုယမှုကို မဖျက်ဆီးနိုင်ဘူး
မနက်မိုးလင်းပြီဆိုတာနဲ့ မေမေပြင်ဆင်ပေးတဲ့ မနက်စာကို မိသားစုတွေစားပြီးမှ
ကိုယ်စီဆိုင်ရာ လုပ်ငန်းခွင်ကိုသွားတတ်ကြတယ်…
မေမေပေးလိုက်တဲ့ ထမင်းချိုင့်ကို စိတ်ဝင်စားတတ်ကြတာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ နေ့စဉ်ထဲက မရိုးနိုင်တဲ့ အကြောင်းအရာတစ်ခုပေါ့
မေမေ့လက်ရာ ကောင်းမွန်မှုကို ဂုဏ်ယူမိတာလည်း မရိုးနိုင်အောင်ပါ
မိသားစုစုံညီမှ စားတတ်တဲ့ထမင်းဝိုင်းလေးက ကျွန်တော်တို့အတွက် နေ့စဉ်ပျော်ရွှင်ဖွယ်ပေါ့..
ရုံးအားရက်တွေမှာ မိသားစု အပျော်ခရီးလေးတွေကလည်း ပျော်ရွှင်ဖို့ကောင်းလိုက်တာ
ကျွန်တော်တို့ အိမ်က အေးစက်မှုတွေဝေးလို့ နွေးထွေးမှုတွေနဲ့ပဲ ပြည့်နှက်နေတဲ့
အိမ်ထောင်စုလေးတစ်ခုပေါ့…

အဲဒါ ကျွန်တော့်ရဲ့ စိတ်ကူးယဉ်အိမ်မက်ထဲက မိသားစုလေးပေါ့…

In: ဆောင်းပါး Posted By: Date: Nov 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment