Professional Authors

အိမ်မက်အဟော

ကျွန်တော်တို့မြန်မာမှာ ဟိုးရှေးကတည်းက အိမ်မက်အဟောဆိုတာရှိပါတယ်၊
ဒါပေမယ့် 2လုံး၊3လုံးတွေ ပေါ်လာတဲ့အချိန်မှာတော့ အိမ်မက်တွေဟာ ဂဏန်းတွေကောက်ဖို့အတွက်ဖြစ်လာခဲ့ပါတယ် ၊
ဒါကြောင့်ကျွန်တော်က ဂဏန်းကောက်ဖို့မဟုတ်ဘဲ ကိုယ့်ဘ၀ရဲ့ ရှေ့ပြေးနိမိတ်ဖြစ်တဲ့အိမ်မက်များရဲ့ အတိတ်ကောက်ပုံကိုတင်ပြအပ်ပါတယ်ခင်ဗျာ။
ကျွန်တော်စပြီးတော့ ရေးပါတော့မယ်
နေကျက်သည်ကိုမြင်သော် ဥာဏ်ကြီးသောသားရအံ့၊
ဘုရား၊စေတီ၊ရုပ်ပွားတော်တို့ကိုမြင်မက်သော် ကျော်ဇော်အံ့ ၊
ရဟန်း၊သာမဏေမြင်မက်သော် နတ်တို့နှစ်သက်အံ့၊
အသီးအပွင့်မြင်မက်သော် ရွှေ၊ငွေ ပေါကြွယ်ဝအံ့၊
အိမ်မီးသည်ကိုမြင်မက်သော် ဘေးတွေ့အံ့၊
ခရုသင်းမြင်မက်သော် ချမ်းသာအံ့၊
လူသေမြင်မက်သော်အကြံအောင်အံ့၊
မုန်တိုင်းကျသည်ကိုမြင်မက်သော် သောကရှိအံ့၊
ဓား၊လှံ့အရောင်လက်သည်ကိုမြင်မက်သော် ဘုန်းကြီးအံ့၊
သွေးသောက်ရသည်ကိုမြင်မက်သော်ပညာတိုးအံ့၊
အပုပ်စားအန်သော် ဘေးတွေ့အံ့၊
သည်းထန်စွာငိုရသည်ဟုမက်သော် ကျော်ဇောအံ့၊
ပွဲလမ်းသဘင်မြင်မက်သော် ဘေးကြုံအံ့ ၊
နို့သောက်ရသည်မက်သော် လာဘ်ပွင့်အံ့၊
ဆင်၊နွား ၊မြင်းရထားစီးရသည်ဟုမြင်မက်သော် ကောင်းစားအံ့၊
ကောင်းကင်သို့ပျံတတ်သည်ဟု အိမ်မက်သော် ထင်ရှားအံ့၊
ကိုယ်အရောင်ထွက်သည်ဟုမြင်မက်သော် သားသမီးဘေးတွေ့အံ့၊
သွေးမြင်မက်သော် ဘုန်းကံတိုးအံ့၊
ထီးဆောင်းရသည်မက်သော် ထင်ပေါ်အံ့၊
လူသားစားရသည်မက်သော် လာဘ်ရအံ့၊
ဓာတ်တော်ရသည်မက်သော် ကျက်သရေတိုးအံ့။

 

 

yangoncupidတင်ပြသည်

In: ဆောင်းပါး Posted By: Date: Mar 25, 2011
Comment #1

thz so much for ur sharing

commentinfo By: ei lay at May 8, 2012
Comment #2

သိပ်မစုံဘူးနော်. စုံစုံလင်လင်သိချင်တယ်

commentinfo By: ပန်းသခင် at Jan 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment