Professional Authors

သံဝေဂဖွဲ့ (ဦးပုည)

ပျော်မမွေ့နိုင်ဘု၊
ဓလေ့ကိုတဲ့ ငြီးတော့တယ်။

ကိုင်ပုတီး၊
သစ်သီး ညှာအြွေကနှင့်၊
မေဓာဝေ သူတို့ထုံးလို၊
ဘုန်း မွေ့တော့မယ်။

ရုပ်ခန္ဓာ အပုပ်ကောင်ကိုလ၊
စက်ဆုပ်လို့ မငြိတွယ်၊
ဖြတ်မယ်ပ ခင်လေး။

ဘာဝနာ၊
သစ်နက်ကယ် လျှော်တေဟာနှင့်၊
မန်းသေလာ တောင်အကွေ့မှာလ၊
ယနေ့ပင် တဝါဆိုတော့မယ်၊
ယဉ်နဂို ညိုညိုနုရယ်၊
မင်းသာဓု ပေး။ ။

ဦးပုည
(လေးဆစ်)

In: ကဗျာ,ဦးပုည‎ Posted By: Date: May 3, 2010
Comment #1

ရှာမတွေ့နိုင်ဘု၊
ဒီဘ၀ကိုတဲ့ ငြီးတော့တယ်။

ကိုင်ပုတီး၊
သစ်သီး ညှာအကြွေနှင့်၊
မေဓာဝေ သူတို့ထုံးလို၊
ဘုန်း မွေ့တော့မယ်။

ရုပ်ခန္ဓာ အပုပ်ကောင်ကိုလ၊
စက်ဆုပ်လို့ မငြိတွယ်၊
ဖြတ်မယ်ပ ခင်လေး။

ဘာဝနာ၊
သစ်နက်ကယ် လျှော်တေဟာနှင့်၊
မန်းသေလာ တောင်အကွေ့မှာလ၊
ယနေ့ပင် တဝါဆိုတော့မယ်၊
ယဉ်နဂို ညိုညိုနုရယ်၊
စိတ်ထဲက တမ်းတပါသေး

စိတ်မဖြတ်နိုင်လို့ နှမနောက်တာ ပြန်ပါသွားရတော့တာပါပဲရှင်..ဟီးးးးးး

commentinfo By: မှုံရွှေရည် at Dec 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment