Professional Authors

“My Little February”

“My Little February”

17 years time

Like one second in mind

Still don’t know who create us to join.

17 years time

Why I can’t feel the time of touch?

Can change a baby as youth?

Does my heart need to check?

Well,

February becomes again

What is still and what is change

But, must know, my little sis!

You are forever in my brain.

၁၇ နှစ်ဆိုတဲ့အချိန်ကာလဟာ မျက်စိ တစ်မှိတ် တဒင်္ဂပါပဲ…။ ဒါပေမယ့် ဘယ်ခါမှလည်း သူမဟာ ကျွန်တော့်အတွက် မကြီးပြင်းခဲ့ဖူး…။

ဟိုးအတိတ်တစ်နေရာမှာ…။

သူမ…။ ကျွန်တော့်ရဲ့ ကျောပေါ် ဆင်လုပ်စီးရင်း အချိန်တန်တော့ သူမက မောသတဲ့…။ တစ်နေကုန် ကျွန်တော်က မမောခဲ့ရဖူး…။ ဒီလိုပဲ.. အရာရာတိုင်းမှာ သူမအတွက် ကျွန်တော်ရဲ့ အတွေးတွေ ကျွန်တော့်ရဲ့လမ်းတွေဟာ ငယ်ငယ်က ဆင်စီးခဲ့သလို သူမ ချွန်းအုပ်နိုင်ခဲ့တယ်…။ ဒါမှမဟုတ်… သူမကို အကြောင်းပြုပြီး ကျွန်တော် ချွန်းအုပ်နိုင်ခဲ့တယ်…။ များပြားလှတဲ့ ဆန္ဒတွေဟာ သူမအတွက် (ကိုယ့်အတွက်လည်း) ပိုပြီးခိုင်မြဲလာသလို ပိုပြီး ရွေးတာ မှန်လာတယ်…။ Thanks!

ကိုယ့်အတွက် ၁၇ ဟာ လူကြီး….။ သူ့အတွက်က ကလေးတဲ့…။ လောကကြီးက ထူးဆန်းပါတယ်…။ ဒါပေမယ့် ဒီထူးဆန်းမှုတွေကိုပဲ ကျေနပ်ပါတယ်…။ တစ်သက်လုံး ဘယ်သူကမှ control မလုပ်ပဲ ကိုယ်တိုင်က ဒီ ကြိုးမဲ့ ချည်တိုင် တစ်ခုမှာ ကျေကျေနပ်နပ် ချည်နှောင်ခံခဲ့တာလည်း ကျေနပ်ပါတယ်..။ ဒီလိုပဲ သူမဟာ ကျွန်တော့်ရဲ့ ညီမလေး အဖြစ်နဲ့ ဒီ ကမ္ဘာလောကကြီးကို ရောက်ရှိခဲ့တာကိုလည်း ကျေနပ်ပါတယ်…။ ဒီလိုပဲ ကျွန်တော်ဟာ သူမအတွက် အစ်မ တစ်ဦး ဖြစ်ခွင့်ရခဲ့တာကိုလည်း ကျေနပ်ပါတယ်…။

နောက်….။

ဒီလိုပဲ ကျေနပ်နေခွင့် ရချင်ပါတယ်…။

In: English Poem Posted By: Date: Sep 4, 2010
Comment #1

ကျေနပ်ခွင့် ရချင်တယ်လို့ပြောထားတာလေးက ချစ်စရာလေးးးး
ဖြိုးမှာလည်း အဲလို ချစ်ဖို့ကောင်းတဲ့ အစ်မ တစ်ယောက်ရှိတယ် (ဟိဟိ ကြွားတာာာ) (:
တကယ်ပါ.. ရေးထားတာရော ပြောထားတာလေးပါ ချစ်စရာလေး

commentinfo By: ဖြိုးဖြိုး at Sep 6, 2010
Comment #2

ဟားဟား…
ဖြိုးရဲ့အစ်မကလည်း သူ့ကို ကြွားတာသိရင် ပျော်နေမှာ သေချာတယ် 😛
ဘာရယ် ညာရယ် ဟုတ်ပါဝူး..။
ခုတလော ဆိုးပေနေတဲ့ညီမလေးကို သတိရလို့ အရင်ကရေးထားတာကို လာတင်တာ 🙂

commentinfo By: John Moe Eain at Sep 7, 2010
Comment #3

hi

commentinfo By: shweying at Sep 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment