Professional Authors

မျက်ဖြေလင်္ကာ

သူတည်းတစ်ယောက် ကောင်းဖို့ ရောက်မူ
တစ်ယောက်သူမှာ
ပျက်လင့်ကာသာ ဓမ္မတာတည့်။

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျှက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက် ခဏပွက်သည့်
ရေပွက်ပမာ တစ်သက်လျာတည့်။

ကြင်နာသနား
ငါ့အားမသတ် ယခုလွှတ်လည်း
မလွတ်ကြမ္မာ သတ္တ၀ါတို့ 
ခန္ဓာခိုင်ကျည်
မတည်မမြဲ ဖောက်လွဲတတ်သည်
မချွတ်စသာ သတ္တ၀ါတည့်။

ရှိခိုးကော်ရော်
ပူဇော်အကျွန် ပန်ခဲ့တုံ၏
ခိုက်ကြုံဝိပါက် သံသာစက်၌
ကြိုက်လတ်တုံမူ တုံ့ မယူလို
ကြည်ညိုစိတ်သွန် သခင်မွန်ကို
ချန်ဘိစစ်စစ်
အပြစ်မဲ့ရေး ခွင့်လျှင်ပေးသည်
သွေးသည် နိစ္စာ ငါ့ဒိဌာတည်း။

(အနန္တသူရိယ အမတ်ကြီး)

In: ကဗျာ,Others Posted By: Date: Jan 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment