Professional Authors

ညီမျှခြင်းရဲ့ အလွမ်း…..

ခွဲခွာခြင်းဟာ
အလွမ်းမှတ်တိုင်တခုလား
ငါတို့ ၇ဲ့ အချစ်တွေကို ချိန်ခွင်လျှာလို
့ညီမျှအောင် နားလည်မှုထားခဲ့ ပေမဲ့ 
 ဝေးကွာမှုကို မင်းကစပြီး
ခြေလှမ်းလှမ်းခဲ့ တယ်နော် မနာကျင်ပါဘူး
ငါကမင်းကိုချစ်နေတာကို တစက္ကန့် ရှေ
့က အက္ခရာရှိရင်တောင်
ငါက မင်းကိုလွမ်းနေတာပါ
မျက်ရည်တစက်ကျဖို
့တောင် ငါတော်တော်ခတ်ခဲနေခဲ့ တယ်
ထားခဲ့ပါ အလွမ်းနဲ
့တင်ကျေနပ်တင်းတိမ်နိုင်ပါတယ်
ခါးသီးမှုတွေဟာ ရင်နဲ့ မမျှပေါ့
တခုရဖို့ အတွက်နဲ့ တခုကိုပေးဆပ်လိုက်၇တာ
ငါကတော့ဘာမှမရတဲ့ ပေးဆပ်မှုနဲ့ ပေါ့
လွမ်းတာလဲ အမှောင်မကွယ်ခင်
လွမ်းလို့ ရပါသေးတယ် …
မင်းနေရာမှာ
ငါအတွက်အစားထိုးစရာလူမရှိတော့ဘူးနော်
မျောလွင့်နေတဲ့ စိတ်နဲ
့လွမ်းနေတာမင်းတယောက်မှသိပမလား
လုပ်ယူလို့ မရတဲ
့အထဲမှာအချစ်ဆိုတာလဲပါတယ်လေ
လွမ်းတယ်ဆိုတဲ့ စကားကလွယ်တယ်
လွမ်းနေရတာကခတ်ခဲတယ်…….။
In: ကဗျာ Posted By: Date: Dec 15, 2010
Comment #1

လွမ်းနေတာမင်းတယောက်မှသိပမလား
လုပ်ယူလို့ မရတဲ
့အထဲမှာအချစ်ဆိုတာလဲပါတယ်လေ
လွမ်းတယ်ဆိုတဲ့ စကားကလွယ်တယ်
လွမ်းနေရတာကခက်ခဲတယ်…….။

ဟုတ်တယ် အဲဒါ တကယ်ပဲ .. .

Comment #2

ဒါပေါ့ လိပ်ပြာလေးလည်း ခံစားဖူးတယ် ထင်တယ်…..:P 😛 😛

commentinfo By: နှောင်းလူ at Dec 15, 2010
Comment #3

ကိုနှောင်းလူရာ . . .နှလုံးသား ရှိတဲ့ လူတစ်ယောက်အနေနဲ့ ခံစားဘူးတာပေါ့ဗျာ . . .

Comment #4

ဟုတ်ပါတယ် အားလုံး တော်တော်များများ ခံစားဖူးကြပါတယ် ..။ ဆောရီးနော် ကျနော်က ခင်မင်လို့  နောက်ပြောင်လိုက်တာပါ…။

commentinfo By: နှောင်းလူ at Dec 15, 2010
Comment #5

နောက်တာသိပါတယ်ဗျ . . .

Comment #6

မင်းနေရာမှာ
ငါအတွက်အစားထိုးစရာလူမရှိတော့ဘူးနော်
မျောလွင့်နေတဲ့ စိတ်နဲ
့လွမ်းနေတာမင်းတယောက်မှသိပမလား
လုပ်ယူလို့ မရတဲ

ကြိုက်ပါတယ်ဗျာ…နှောင်းလူရေ

commentinfo By: moehtetaung18 at Dec 15, 2010
Comment #7

ဟုတ်ကဲ့ ကိုမိုးထက်ရေ……. ကျေးဇူးပါ

commentinfo By: နှောင်းလူ at Dec 15, 2010
Comment #8

ထားခဲ့ပါ အလွမ်းနဲ
့တင်ကျေနပ်တင်းတိမ်နိုင်ပါတယ်
ခါးသီးမှုတွေဟာ ရင်နဲ့ မမျှပေါ့

မင်းနေရာမှာ
ငါအတွက်အစားထိုးစရာလူမရှိတော့ဘူးနော်…….

i like it. Fighting!!!

commentinfo By: moezat at Dec 15, 2010
Comment #9

ကျေးဇူးတင်ပါတယ် ကို မိုးဇတ်နဲ့  ကို ဇာတိရေ……. အကို တို့  ကဗျာတွေကိုလည်း အမြဲ ဖတ်ရူအားပေးနေပါတယ်…….. 🙂

commentinfo By: နှောင်းလူ at Dec 17, 2010
Comment #10

ဘာမှမရတဲ့ပေးဆပ်မှုတဲ့
မိုက်တယ်အဲဒီစကားက ……………
ခြုံပြီးကြည့်ရင်လဲ ကဗျာက တော်တော့်ကို ကောင်းပါတယ်
ဒီ့ထက်များများရေးနိုင်ပါစေဗျာ
ပျော်ရွှင်ပါစေ

commentinfo By: မွန်စိုက် at Dec 17, 2010
Comment #11

ဟုတ်ကဲ့ မွန်စိုက်ရေ ကျေးဇူးတင်ပါတယ်နော် အားပေးလို့  ကျနော်လည်း အားပေးနေမှာပါ မွန်စိုက် ကဗျာတွေကို…….. 🙂

commentinfo By: နှောင်းလူ at Dec 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment