မတ်တပ်ရပ်၍ ပြုံးလိုက်သည်
ဝယ်သူမရှိတဲ့
ခေတ်ဟောင်း ပစ်တိုင်းထောင်ကလေး… …
ငါပြုံးပြုံးတွေးပြီး
လုံးလုံးလေးထိုင်နေတယ် …
ငါ့မျှော်လင့်ချက် ကလေးလေးတွေက
ဥပေက္ခာတရားတွေ
မွှန်ထူလို့…
ပူဆာတတ်တဲ့သူတို့ …
ဖြူစင်တဲ့သူတို့ …
အပြစ်မရှိတဲ့သူတို့ …
ခြေလက် မရှိတဲ့ ငါ့အပြစ်ပေါ့ … … …
သူ့လက်ထဲက ဘာဘီရုပ်လေး
တိုးတိုးလေးချစ်ခဲ့တာကြာပြီ … … …
ရိုးရိုးလေးဆုတောင်းပေးမယ်
မင်းအရာရာအဆင်ပြေ ပျော်ရွှင်ပါစေ … … …
ဖြူစင်တဲ့ဘဝတိုင်းရဲ့ အသုံးတော်ခံဘက်
စွန့်ပစ်လည်း ကုန်းပေါ်ပြန်ရပ်လို့
အပြုံးနော် ဟန်မပျက်နိုင်ဘူး … …
ကိုယ့်ဘဝနဲ့ကိုယ်တော့ ရဲရဲကြီး ပျော်နေဆဲ… … …
ဘယ်တော့မှ အသည်းမကွဲဘူး… … … …
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တကယ်ကို ထိမိ…ပါ့