Professional Authors

မြင်လှည့်ပါ ခရမ်းပြာ

ရင်ထဲမှာ အမြဲလွမ်းလို့၊
အသဲနွမ်းနဲ့ ခေါ်မယ်၊
အမြဲတမ်းကွယ့် ပျော်စေရွယ်၊
ဖျော်ဖြေမယ် ကဗျာငှက်၊
အလာခက် ဝါရွက်ကြွေအောင်၊
ညာရက်လေ သဲမြညှာသက်။
ဝေတခက် ခြွေရက်လေတယ်၊
ကြွေရွက်တွေ မြေသက်၊
ပွေခက်မပြေ အခြေပျက်လို့၊
နေထက်မကပူကာ၊
နွေရက်ညဘဝင်ဆူအောင်၊
ကြင်သူရယ် နေရက်နိုင်တာ။

စိမ်းသွေ့သွေ့ စိမ်းငွေ့ဖြာ၊
စိမ်း၍သာ နေစေအုန်း၊
ရေမြေဆုံး ချစ်ကြင်လျက်သာ၊
ပြစ်မမြင်ရက်ပါ၊
ရင်ထက်က လွမ်းကဗျာကို၊
ခရမ်းပြာ မြင်လှည့်ပါလေး။ ။

In: ကဗျာ Posted By: Date: Jun 9, 2009
Comment #1

မိုက်တယ်ဗျာ။ နဘေနဲ့ ကဗျာကို ဘယ်လိုမှမရေးတတ်လို့ အားကျစွာ

commentinfo By: နိုးဆက် at Mar 14, 2013
Comment #2

ကျေးဇူးပါ … စမ်းရေးကြည့်ရင် တဖြည်းဖြည်းရသွားမှာပါ

commentinfo By: harry at Mar 14, 2013
Comment #3

ဒီကဗျာလေးကို တော်တော် ကြိုက်ပါတယ်။

commentinfo By: Mg Pi at Jan 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment