Professional Authors

ဒိုင်ယာရီ (မဆုံးသေးတဲ့ … နိဂုံးမှ) – သက်ထွေး

ဒီကဗျာက မဆုံးသေးတဲ့ … နိဂုံး ဝတ္ထုတို ထဲမှ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်အနေဖြင့် သက်သက်ရှိရန် ပြန်တင်လိုက်ခြင်းဖြစ်ပါသည်။
—————————————-

အခါလွန်
မိုးလဲ ..မိုးပဲမဟုတ်လား
နေဘက်မျက်နှာမူပြီးသာ
ပွင့်ချင်တဲ့
နေကြာပန်းမလေးရေ
မင်းကိုငါ
ဦးထုပ်ဆောင်းပေးချင်ရဲ့ …။

ရင်စိအကျီ
မလုံတစ်လုံဝတ်ထားတဲ့
စွယ်တော်ရွက်လေး
မင်းကို ..လက်ဆောင်အဖြစ်ပေးမယ်
ဆွယ်တာလေးထဲ
အတူတူခိုလှုံပါရစေလား …။

ကံကြမ္မာဆိုတဲ့
ကောင်ကိုတော့
သတိထားကြမယ်
သူ့လက်ထဲမှာ ..
ဝှက်ဖဲတစ်စုံရှိမယ် လှန်လို့မှောက်လို့ရတဲ့
ဂျိုကာ ..တစ်ကောင်လဲရှိတယ်။

သနားစရာကောင်းတာက
သူ့မှာဖဲကစားတတ်တဲ့ ..လက်တွေသာရှိတာ
တို့နှစ်ယောက်လို
မခိုင်မြဲတတ်ကြဘူး။

‘ငါတို့လက်တွဲ … ခိုင်မြဲကြစို့ရဲ့’
‘ငါတို့လက်တွဲ … ခိုင်မြဲကြစို့ရဲ့’
‘ငါတို့လက်တွဲ … ခိုင်မြဲကြစို့ရဲ့’

သက်ထွေး

In: ကဗျာ Posted By: Date: Jul 23, 2010
Comment #1

အခါလွန်
မိုးလဲ ..မိုးပဲမဟုတ်လား
နေဘက်မျက်နှာမူပြီးသာ
ပွင့်ချင်တဲ့
နေကြာပန်းမလေးရေ
မင်းကိုငါ
ဦးထုပ်ဆောင်းပေးချင်ရဲ့ …။

ရင်စိအကျီ
မလုံတစ်လုံဝတ်ထားတဲ့
စွယ်တော်ရွက်လေး
မင်းကို ..လက်ဆောင်အဖြစ်ပေးမယ်
ဆွယ်တာလေးထဲ
အတူတူခိုလှုံပါရစေလား …။

ကံကြမ္မာဆိုတဲ့
ကောင်ကိုတော့
သတိထားကြမယ်
သူ့လက်ထဲမှာ ..
ဝှက်ဖဲတစ်စုံရှိမယ် လှန်လို့မှောက်လို့ရတဲ့
ဂျိုကာ ..တစ်ကောင်လဲရှိတယ်။

သနားစရာကောင်းတာက
သူ့မှာဖဲကစားတတ်တဲ့ ..လက်တွေသာရှိတာ
တို့နှစ်ယောက်လို
မခိုင်မြဲတတ်ကြဘူး။

‘ငါတို့လက်တွဲ … ခိုင်မြဲကြစို့ရဲ့’
‘ငါတို့လက်တွဲ … ခိုင်မြဲကြစို့ရဲ့’
‘ငါတို့လက်တွဲ … ခိုင်မြဲကြစို့ရဲ့’

/*
အဲဒီ မဆုံးသေးတဲ့နိဂုံး ဖတ်ထဲက အဲဒီကဗျာလေးကို သတိထားမိပြီး သဘောကျတာာာာာာာ…
တစ်ပုဒ်လုံးကို သဘောကျလို့ ကဗျာဆရာကို အစအဆုံး ပြန်ရွတ်ပြသွားတာာာ ဟိဟိ
(:
*/

commentinfo By: ဖြိုးဖြိုး at Jul 23, 2010
Comment #2

ခုမှဖတ်ဖူးပေမယ့်..အရင်လိုပဲ..အကို့ကဗျာတွေကိုကြိုက်တယ်..။။။

commentinfo By: အမရာ at Jul 23, 2010
Comment #3

ကြိုက်တယ်ဗျာ…..။ ဒီအဖွဲ့တွေအားလုံးကို

commentinfo By: Angwei Gas အငွေ့ at Jul 29, 2010
Comment #4

ကိုသက်ထွေးကဗျာလေးတွေ..တော်တော်ကောင်းတယ်..အားပေးနေတယ်..ရေးပါဦး

commentinfo By: အသဲကွဲမိုး at Jan 6, 2011
Comment #5

ကံကြမ္မာဆိုတဲ့
ကောင်ကိုတော့
သတိထားကြမယ်
သူ့လက်ထဲမှာ ..
ဝှက်ဖဲတစ်စုံရှိမယ် လှန်လို့မှောက်လို့ရတဲ့
ဂျိုကာ ..တစ်ကောင်လဲရှိတယ်။

သနားစရာကောင်းတာက
သူ့မှာဖဲကစားတတ်တဲ့ ..လက်တွေသာရှိတာ
တို့နှစ်ယောက်လို
မခိုင်မြဲတတ်ကြဘူး။

‘ငါတို့လက်တွဲ … ခိုင်မြဲကြစို့ရဲ့’
‘ငါတို့လက်တွဲ … ခိုင်မြဲကြစို့ရဲ့’
‘ငါတို့လက်တွဲ … ခိုင်မြဲကြစို့ရဲ့’..။

Comment #6

wowwwwwwwww
reallyyyyyyyyyyy romantic

commentinfo By: ei lay at May 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment