အပေအတေဘဝ
ဘဝကဆိုးပြီဆို…
အနှိုင်းမဲ့
နပ်မှန်နေတဲ့ခေါက်ဆွဲပြုတ်လေးတောင်
ငါ့ကိုစွန့်ခွါလို့..
ကျေနပ်လိုက်ပါ
ငါဟာစတေးခံသတ္တဝါတကောင်ပေါ့..။။။
ချစ်သူရေ..
မင်းတင်စားခဲ့သလိုပေါ့..
ငါကတကယ်ပရုတ်လုံးဆိုပါစို့
အားလုံးကိုမွှေးမွှေးမြဖို့
ငါ့ကိုယ်ငါလုံးပါးပါးပြရတာကိုးက
ဂန္ဓဝင်ဆန်တာ
တခါတလေတော့
ကောင်းကင်ကိုဒူးနဲ့တိုက်မှာထက်
ခေါင်းနဲ့ဝင်ဆောင့်တတ်ဖို့
ငါရဲ့ခေါင်းကို သံမဏိလောင်းထားလိုက်တယ်
စိတ္တဇဆန်နေသလား…
အဲဒီလိုပေါ့
မာရေကျောရေဖြစ်လာဖို့အတွက်က
ငါ့ကိုယ်ငါခင်းချထားရတာနည်းမှမနည်းပဲ
အဖြည့်ခံဘဝတခုရဖို့
ဘယ်ဘဝကဆုတောင်းကောင်းခဲ့ပါသလဲ
ဒီမေးခွန်းကို
ငိုသံပါပါနဲ့မေးရင်ကောင်းမလား
ရယ်သံသဲ့သဲ့နဲ့မေးရင်ကောင်းမလား
ထောင်းထောင်းကြေနေတဲ့စိတ်တခုနဲ့ပဲ
လူကိုကပေပေတေတေဖြစ်ဖြစ်လာတာ
ပြောပြန်ရင်လဲရီကြဦးမယ်
ဒီလောက်သေးသေးကွေးကွေးကိုယ်လုံးမှာမှ
ထမ်းပိုးထားချင်တာကတလောကလုံးကို
အလေအလွင့်စိတ်ကူးတွေပါဆိုပြီး
ချောင်ထိုးမထားလိုက်နဲ့ဦး
ယုံချင်ယုံမယုံချင်နေ
ဟောဒီပခုံးမှာကိုကထမ်းပိုးခွင့်တံဆိပ်ခတ်ခံပြီးသား
ပွင့်ပွင့်လင်းလင်းပြောရရင်
ခံစားချက်တစုံတရာကိုဖောက်ထုတ်ပစ်ဖို့
မြင်မြင်ကရာကိုအော်ဟစ်ကန်ကျောက်မယ်ဆို
ငါ့ကိုယ်ငါတောင်ချန်မယ်မထင်ဘူး…
ခွင့်လွတ်ပါ
ဒီအရူးကရင့်ပြီဆိုရင်
နေမမြင့်ခင်ကတည်းက……။။။
အမရာ
Comment #7
cherry လဲကြိုက်တယ် 🙂
By: cherry at Jul 10, 2010
Comment #8
နည်းနည်းပေါ့နေတယ်။ခံစားချက်ကိုနည်းနည်းပေါ်လွင်အောင်ရေးပါ
By: phyu at Jul 10, 2010
Comment #11
နာမည်တူလေးမို့ စိတ်ဝင်စားသွားလို့ ဖတ်မိတာ ကောင်းပါတယ် နောက်လဲ အားပေးသွားမှာပါ…
By: အမရာ at Jul 12, 2010
Comment #12
ပွင့်ပွင့်လင်းလင်းပြောရရင်
ခံစားချက်တစုံတရာကိုဖောက်ထုတ်ပစ်ဖို့
မြင်မြင်ကရာကိုအော်ဟစ်ကန်ကျောက်မယ်ဆို
ငါ့ကိုယ်ငါတောင်ချန်မယ်မထင်ဘူး…
ခွင့်လွတ်ပါ
ဒီအရူးကရင့်ပြီဆိုရင်
နေမမြင့်ခင်ကတည်းက……။။။
By: အသဲကွဲမိုး at Jul 22, 2011
Comment #13
Hna lone tarr hnit khan sarr arr pay twar par de.
By: ei lay at Dec 12, 2012
Comment #14
ကိုယ့်ကိုယ်ကို bratz တဲ့လားဗျာ အဲ့လောက်ကြီးတော့ ကိုယ့်ကိုယ်ကိုပြင်းပြင်းထန်ထန်မပြောပါနဲ့
ကဗျာစာသားတွေက အတော်ဆန်းတယ်ဗျ တော်တော်တွေးပြီးရေးထားတဲ့ကဗျာလေးထင်တယ် ဖတ်သွားပါတယ် ~~
With respect,
RAY
By: X - ray at Dec 19, 2012




Comment #1
အဟက်အဟက်…. ဖြိုးဖတ်ပြီးပြီ အဲဒီကဗျာလေးကို… ………. (:
ဘယ်မှာဖတ်လဲဆိုတာတော့ အစ်မသိတယ်ဟုတ် 😛
နောက်ဆုံးပိုဒ်လေး သဘောကျတယ် အစ်မ…