Professional Authors

သူမဟာ အမြဲတန်း ပျော်ရွှင်အောင် လုပ်နိုင်စွမ်း တဲ့ မိန်းကလေး.. ပေါ့….

 

သူမဟာ အမြဲတန်း  ပျော်ရွှင်အောင် လုပ်နိုင်စွမ်း တဲ့ မိန်းကလေး.. ပေါ့….

 

 (၁)

ဘယ်သွေး ကြောကို ဖြတ်ပေးရမလဲ….ခက်ဝင့်တာရာ

ရပ်တံ့ဖို့တော့ အာမမခံဘူး…နော်..

အချစ် လေကွာ…

အရှိန် အဟုန် တော့ မြန်မှာပေါ့ …(ဟုတ်ဘူးလား) ။

 

(၂)

တစ်ကိုယ်ကောင်းသမား ပြောချင်ပြောကွာ

အချစ်ဆိုတာကို

ဖန်တီးဖို့ဘဲတတ်လာ တာ..

ဖျက်ဆီးဖို့ သင်မလာခဲ့ဘူး…..(ငှဲငှဲ)။

 

ခဲဖျက်မရှိ..

ကော်ရက်ရှင်မရှိ…

စာအုပ်တစ်အုပ်ထဲအထိ

မင်း ကိုချစ်ကြောင်း အကြီးကြီး ရေးမိရင်

သိရှိ…နားလည်… ခွင့်လွှတ် နိုင်ပါစေ သူငယ်ချင်း….(ဟေဟေး) ။

 

(၃)

ခက်ဝင့်တာရာ .ကို ကျွန်တော် ချစ်တယ်…

အကျယ်ကြီး အော်တဲ့ အခါ

ပင်လယ်ကိုဖြတ်ပြီး တောင်တွေရဲ့ အသံပြန်လာတယ်..။

ခက်ဝင့်တာရာ ကို ကျွန်တော် ချစ်တယ်တဲ့….

တွေ့လား….

သူတို့ ငါ့လောက် ကျယ်ကျယ် မအော်နိုင်ပါဘူး ။

(ငါ့လောက် ဘယ်သူမှ မချစ်ဘူး..ယုံ)

 

စက္ကူစတွေ စွန်လုပ်လွှတ်..

စက္ကူ မြားတွေ တစွတ်စွတ် မှန်တဲ့အခါ..

စာနာ….နားလည်… သနား..

ခွင့်လွှတ် ဖို့ကြိုးစားကြည့်ပါ့လား .. သူငယ်ချင်း..။

 

မျက်စောင်းမထိုးနဲ့…

တောက်မခေါက်နဲ့

တက်ခေတ်  လို့ ငါ့နာမည် ကို ဒေါသတကြီးမအော်နဲ့

ဆရာမကိုလည်း သွားမတိုင်နဲ့

(လေးစားတာကလွဲရင် ကြောက်ဘူး)..။

 

(၄)

ဖိနပ် ပြတ်သွားတဲ့နေ့က

မကူညီပဲ ရယ်နေလို့ စိတ်ဆိုးနေတယ် ဆိုပါတော့…

အဲဒီနေ့က

ဖိနပ်မပါတဲ့ ခြေဖ၀ါးဖြူဖြူလေးနဲ့

ငိုမဲ့မဲ့ နင့်မျက်နှာနဲ့..

သူငယ်ချင်းတွေကို ဂျီတိုက်နေတဲ့အမူအယာ

ချစ်လွန်းလို့ ကူညီမပေးတာ…။

(ငါ ကျောပိုးမယ်ဆိုတော့လည်း

လိုက်မှာ ကျနေတာပဲ….)

 

ရော့ ပန်းပန် ဆိုပြီး

တကူးတက ခူးလာရင်တောင်

လက်သည်းကိုက်ပြီး လှောင်တတ်သေး…

(ပြီးတော့လည်း ပန်တာ..များ)

 

စာအုပ်ငှားတဲ့ ရည်ရွယ်ချက်က

စာရေးဖို့နှင့် မသက်ဆိုင်..

ဝိုင်းစက်တဲ့ ပုလဲလုံးများ နှလုံးသားထဲကောက်သိမ်းတာ

နင်ကလွဲရင် အားလုံးသိတယ် ခက်ဝင့်တာရာ

(နင်ပဲ မသိတာ)

 

(၅)

စာရွက်လန်….ရင်

လေ နဲ့ ရန် ဖြစ်……

ပိုက်ဆံပြတ်ရင်

ဖုန်းနဲ့ ရန်ဖြစ်…

စိတ်ညစ် စိတ်အလိုမကျမှ

သတိရဖြစ်အောင်ရ တတ်တဲ့ ငါ

ဘယ်လိုကြိုးစားရင် ရာထူးတက်ခွင့်ရမလဲ…။

 

ဖြစ်ချင်တာဖြစ် နေ နေပေမဲ့

ဖြစ်ခွင့်ရှိရင်

တံခါးစောင့်ကြီးဖြစ်ချင်တယ်..ခက်ဝင့်တာရာ

နင့်ရင်ခွင် ရှေ့ကနေ လာစောင့်ချင်တယ်..။

(ရစ်သီရစ်သီလုပ်တဲ့လူ…ခဲနဲ့ထုမယ်)

 

(၆)

အာပြဲကြီးနဲ့တော့…

နင့်ကိုချစ်တယ် မိတာရာ တွေ ဘာတွေ လာမအော်ဖူးပါဘူး

ဂစ်တာကြီးလည်း ဒေါင်ဒင်ဒေါင်ဒင် မလုပ်ဖူး ပါဘူး…

ဒါပေမဲ့ကွာ

ငါ့ရင်ခုန်သံက ဒင်းတို့တွေထက် နားငြီးတာတော့ အမှန်…

မယုံရင်

ရင်ဘတ်ကို မြေ…လှန်ပြမယ်….။ (ငါကွ)

 

(၇)

စိတ်ချ..။

နောက်ရက်တွေလည်း…

မင်းကျောင်းလာတာကို ဆင်ဝင်အောက်က စောင့်ဦးမှာ….

သူများအပင်က ပန်းတွေလဲ ခိုးခူးလာဦးမှာ

စာအုပ်တွေလဲ ငှားဦးမှာ….

မြားတွေနဲ့လဲ ပစ်ဦးမှာ ….

 

(၈)

နင်ကလည်း…..

ထပ်ပြီး မျက်လုံးထောင့်ကပ်ကြည့်ဦး…

ထပ်ပြီး ပီကေတွေ ၀ါးလိုက် ဖောက်လိုက်လုပ်ဦး…

ထပ်ပြီး နင့်ကို ငါသိပ်စပ်မြင်ကပ်တာပဲ လို့ပြောဦး..

နေပူလာရင် ထီးလိုက်ဆောင်းခွင့်ပေးဦး….။

 

အချစ်ကို ငါမဖျက်တတ်ဘူး သူငယ်ချင်းရာ…

ဒီတော့…ဟာ

သူငယ်ချင်း ဆိုတဲ့စည်းက သက်သက်

ဘေးတစ်ဖက်မှာ အချစ်ဆိုတဲ့မျဉ်းကို

သေးသေးလေးပဲ တားမယ်…ဟုတ်ပြီလား  (ဈေးဆစ်ခြင်း)

……………………………….

ပြီးရင်

ဆိုင်ဆိုင် မဆိုင်ဆိုင်ဟာ

ငါ့ကဗျာကို ဖတ်… အူတက်အောင်ရယ်ချင်ရယ်…

ပြီးရင်တော့…ပြန်ချစ်…ဒါပဲ…

………………………

 

(နိဂုံး)

………………………….

ဒါပဲဟာ….

ငါဖုန်းချလိုက်တော့မယ် …(ချစ်) …။

 

(တိုးတိုးလေး မကြားအောင် ပြောသွားခြင်းဖြစ်ပါသည်.။ သူမကို ပြောပြပြီး ရန်ဖြစ်အောင်မလုပ်ကြပါနှင့်)  🙂

 

တက်ခေတ်

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

ဟားဟား မိုက်တယ် ငါ့လူ 😛

commentinfo By: သီဟန်စိုး at Mar 3, 2013
Comment #2

wow.
🙂

commentinfo By: ei lay at Mar 9, 2013
Comment #3

ဖုန်းကပြောမယ်တောင်မရှိသေးဘူး
မအားဘူးကြီးပဲ
ဗြဲ
ဗြဲ

commentinfo By: ei lay at Mar 9, 2013
Comment #4

ငါ့လောက်ဘယ်သူမှမချစ်ဘူး ယုံ

commentinfo By: ei lay at Mar 9, 2013
Comment #5

Excellent 😀

commentinfo By: အဖြူရောင် ရင်ခွင် at Mar 10, 2013
Comment #6

cute poem love it

commentinfo By: အသဲကွဲ မိုး at Mar 10, 2013
Comment #7

so sweet from the title to the last part of poem
🙂

commentinfo By: ei lay at Mar 10, 2013
Comment #8

အရမ်းမိုက်တယ်ဗျို့ ….

commentinfo By: loafer at Mar 10, 2013
Comment #9

အရမ်းကြီးပဲလားဗျို့ 🙂
ကျေးဇူးဗျို့

commentinfo By: n$n at Mar 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment