Professional Authors

လွဲပြီးတဲ့ နောက်

”နင့်ကိုငါချစ်တယ်”
နှလုံးသားဝယ်
ဖြစ်တည်ခဲ့ သော
ထိုစကားကို
ရိုးသားစွာဖွင့်ဟဖို့ 
ပွင့်လင်းခွင့်မရနိုင်တဲ့ 
မိန်းမသားငါ့ဘ၀မှာ…..။

ကမ္ဘာရဲ့ ဘေးမှာအမြဲ ရှိနေတတ်တဲ့
သော်တာလမင်းလို
မင်းရဲ့ ဘေးမှာ အမြဲ နေခွင့်ရဖို့ 
ဆန္ဒရှိနေခဲ့ တဲ့ ငါဟာ…..။

ငါဘယ်လိုလွမ်းဆွတ်တမ်းတ
ရင်ထဲမှာချစ်ရသမျှ
မင်းထံမှတုံ့ ပြန်မေတ္တာ
ထာဝရ မရနိုင်မှန်း
သိနေလျက်နဲ့ လည်း……။

ဘောလုံးပွဲမှာ
အရှုံးသေချာနေပေမဲ့ 
လုံးဝအလျှော့မပေးဘဲ
ဇွဲအပြည့်နဲ့  ကစားသူလို

မင်းရဲ့ ချစ်မေတ္တာ
ဆုံးရှုံးရမှာ
မမှားယွင်းသော်ငြား
ငါ့ဘ၀တစ်သက်တာ
ငါ့ ရဲ့  ချစ်မေတ္တာ
နောက်ထပ်မဖြစ်တော့ပါ
မင်းနဲ့ လွဲပြီးသောအခါ….။

In: ကဗျာ Posted By: Date: Jun 8, 2010
Comment #1

cool .,.,., 🙂

commentinfo By: lucobest at Jun 8, 2010
Comment #2

ကြိုက်တယ်ဗျာ
အောက်ဆုံးပိုဒ်လေးကို
ရဲဘော် ဆက်လုပ်

commentinfo By: ei at Jun 9, 2010
Comment #3

thanks fri

commentinfo By: Blar at Jul 3, 2010
Comment #4

အရမ်းကြိုက်တယ်……တိုက်ဆိုင်လိုက်တာ

commentinfo By: Dorcus at Sep 23, 2010
Comment #5

အောက်ဆုံးကအပိုဒ်ကို အကြိုက်ဆုံး

commentinfo By: Jue Chal at Mar 20, 2012
Comment #6

oh,,,god,,,
how excellent?
really nice,

commentinfo By: ei lay at Mar 20, 2012
Comment #7

ei lay ka tar so yin lone wa a lwe ma khan bu,

commentinfo By: ei lay at Mar 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment