Professional Authors

ချစ်သူနှင့်ပတ်သက်လာရင်

ချစ်သူနှင့်ရင်ဆိုင်
ယှဉ်ပြိုင်လို့ မကြည့်ရဲ
ဂုဏ်နည်းသူ အနေကျုံ့ မို့ 
ငုံ့ ရသည်အမြဲ။

ချစ်ခွန်းတုံ့ လှယ်
ပြောမယ်လို့ ရည်စူး
တွေ့ ပြန်လျှင် ရင်ခုန်တတ်လို့ 
သည်းဖျပ်ဖျပ်လူး။

ရက်ညောင်းလို့ လကြာ
နှစ်အတာချိန်ကူး
မေတ္တာကိုရင်မှာဝှက်တယ်
ပြောမထွက်ဘူး။

မေတ္တာဆိုတာ
သေချာတော့သိဘူး၊
သူ့ အသံက စကားလုံး
သူ့ အပြုံးကို ကာရန်ဆက်လို့ 
ညဘက်မှာစီကာရေးတယ်
တွေးစိတ်နဲ့ ရူး။

(ရွှေစွန်ညို-စံပယ်ငုံ)

In: ကဗျာ,Others Posted By: Date: Jun 7, 2010
Comment #1

he,,he,,
nice

commentinfo By: ei lay at Feb 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment