Professional Authors

သပိတ်ကျင်းငလျင်

ဖွေဖွေရှာရှာတွေးစရာမလိုလောက်အောင်ထင်ရှား စိုးရိမ်ထိတ်လန့်နေတဲ့သူတို့မျက်နှာများ
ဘယ်အချိန်လာမယ်မှန်းမသိတဲ့သဘာဝတရား ကြိုတင်ပြင်ဆင်နိုင်ဖို့ဆိုတာခက်သားလားဗျာ
ကျောက်တောင်တွေသာဝန်းရံခဆန်ရှားတဲ့ဒေသမှာရောက်နေတဲ့ကမ္ဘာ အကူအညီတကယ်လိုနေတာပါ
တောင်အသွယ်သွယ်တောအထပ်ထပ် ပြေးဆင်းပြေးတက်ရက်ကယ်ပေါ့ တွေ့မယ့်တွေ့တောလည်း
မြို့ကလေးကတောင်ခြေကမြစ်ကမ်းဘေးမှာ ယဲ့ယဲ့သာကျန်ရစ် သူနှိပ်စက်တာ ကိုးဆယ့်ငါးကြိမ်တဲ့ကွယ်
ရွှေတွေထွက်ပေမယ့်ဆန်မထွက်လေတော့ ရွှေကျောင်းပြောင်ပြောင်ဝမ်းဟောင်ဟောင်ဖြစ်နေရလေရဲ့
တိုက်တိုက်ဆိုင်ဆိုင်ဒီဘေး လက်ပတန်းတောင်အရေးနဲ့ကြုံ မီဒီယာတွေလမ်းကြောင်းမဆုံဖြစ်လေတော့
သူတို့တွေအမေ့ခံဖြစ်ရတော့တယ် စားလည်းဒီစိတ်…… အိပ်လည်းဒီစိတ် …… ဘာလုပ်လုပ်ဒီစိတ်နဲ့ ရှင်သန်နေရ
သဘာဝဘေးဆိုတာ ပြောမယုံကြုံမှသိ တကယ်ထိမှသိနိုင်ငဲ့ ဘာမှန်းမသိတာကိုပူပင်နေရတဲ့ဒုက္ခ စကားလုံးနဲ့ပြဖို့ဆိုတာ
မလွယ်ရေးချမလွယ် ဒါပေမယ့် ငါကဗျာရေးပြမိတာ ခွင့်လွှတ်နိုင်ပါစေကွယ် ။                     ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Dec 17, 2012
Comment #1

အရေးအသားကြောင့်လားတော့မသိဘူး။ စိတ်မကောင်းဖြစ်မိတယ်။

commentinfo By: kyawnainglin174 at Dec 18, 2012
Comment #2

ကျွန်တော်ကိုယ်တိုင် သပိတ်ကျင်းမြို့ကို သွားရောက်ပြီးခံစားရေးဖွဲ့ထားတာပါ။ တကယ့်အဖြစ်အပျက်ပါ လာမယ့် ဇန်န၀ါရီ ( ၄ ရက် ကနေ ၆ ရက် အထိ ) အဲဒီမှာရှိတဲ့ ဘေးဒဏ်သင့်အိမ်ထောင်စု (၁၀၉၀ ) အတွက် ဆန် (နှစ်အိမ်ထောင် တစ်အိတ်နှုန်း ) မိုးကာစ (တစ်အိမ်ထောင် ၁၀ ကိုက်နှုန်း ) ဖြင့် ကျွန်တော်တို့ Barons Group of Companies မှသွားရောက်လှူဒါန်းမှာဖြစ်ပါတယ် ။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် kyawnainglin174 ခင်ဗျာ။

commentinfo By: Tin Myo Naing at Dec 18, 2012
Comment #3

ကောင်းတယ်ဗျာ။စီးပွါးတိုးလို့ ဒီထက်မကလှူဒါန်းနိုင်ပါစေ။

commentinfo By: kyawnainglin174 at Dec 18, 2012
Comment #4

သာဓုခေါ်ပါတယ်ရှင့်

commentinfo By: မေပျို at Dec 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment