သူ့ မှာ ပကတိ ကြည်လင်သန့်စင်တဲ့ ရုပ်ရည်မျိုးရှိတယ်
 သူ ပူပန် စိတ်ဆင်းရဲမှု ကို ခံစားဖူးပုံမပေါ်ဘူး
 သူ ဒေါသထွက်တာ တခါမှ မမြင်ဖူဘူး
 သူ က မာန်မာန မထောင်လွှားတတ်ဘူး..
 ကိုယ့်ကိုကိုယ် နှိမ်ချ ပြောဆိုလေ့ရှိတယ်
 သူက သမာဓိ အားကောင်းတယ်..
 မကောင်းမှု တခုခု ကို လုပ်ဖို့ ဘယ်တော့မှ ဆွယ် လို့မရဘူး
 သူ မှာ လိုချင်တပ်မက်စိတ် မရှိဘူးလို့တောင်ထင်ရတယ်..
 သူ ဘာကိုမှ စိတ်ဝင်စား ပုံမရဘူး
 (မိန်းမ/အရက်/လောင်းကစား/တားမြစ်ဆေး/ဆေးလိပ်)
 ဘာဆို ဘာမှ ……….
 သူ့ မှာ တဏှာနည်းလွန်းတယ်………မရှိသလောက်ပဲ
 မာန်မာန ဒေါသ ကင်းတဲ့လူ……
 အာဃာတ အငြိုးတရား ကင်းတဲ့ လူ…….
 သီလ တရား ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေသူ…..
 ဒီလူ……ဒီလူ ကို ဒီလိုပဲ လူတွေ က သမုတ်ကြပါတယ်
 ဒီလူ ဟာ တကယ့် လူပါပဲ…………/////
 (ရဲထက်လွင်)