Professional Authors

အဝေးက အချစ်ဆပ်သူ

အချစ်ကို ယစ်မူးပြီး ….
ဟန်ဆောင် နေတတ်တဲ့
ငါလို …လူတစ်ယောက်အတွက်
ဖွင့်မပြောရဲခဲ့တဲ့ နေ့ရက်တွေ …. အထပ်ထပ်
များလွန်းလို့ … ရင်မှာ မဆန့်တော့ပါဘူး …

တကယ်ပါ … ကောင်မလေးရယ် …
နှလုံးသားထဲက စီးဆင်းနေဆဲ
အချစ်ရဲ့ တေးသံချိုတွေကို
လေပြေနဲ့အတူ … ကြားနိုင်ပါစေ …

ချစ်ရသူကို မပိုင်ဆိုင်နိုင်ပေမယ့်
အချစ်စစ်မြတ်နိုးသူတစ်ယောက်ရဲ့
ရင်ခုန်သံ စည်းချက်တွေကို
အဝေး တစ်နေရာကနေ သိတယ်ဆိုရင်လည်း
တစ်ယောက်တည်း ကျေနပ်နေမယ့်သူပါ ……

[email protected]

In: ကဗျာ Posted By: Date: Mar 6, 2012
Comment #1

oh,,god,,
d lout taung chit lar?
1 ke hote loh lar?

commentinfo By: ei lay at Mar 6, 2012
Comment #2

🙂
really touching

commentinfo By: ei lay at Nov 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment