Professional Authors
ဝှက်ဖဲ
အလွမ်းတွေ ကို နိဂုံးချုပ်
ချည့်နဲ့နေတဲ့ နှလုံးသားအတွက်
အာဟာတစ်ခွက်  လိုအပ်လိမ့်မယ်
ဆာလောင်နေတဲ့
မင်းအတွက် ငါ့အချစ်က
အာဟာရတစ်ခု ဖြစ်ချင်ဖြစ်မယ်
ပူလောင်နေတဲ့
မင်းနှလုံးသားအတွက်
ငါ့ချစ်ခြင်းက 
မြူမှုန်တစ်မှုန် ဖြစ်ချင်ဖြစ်မယ်
ခြောက်သွေ့နေတဲ့
မင်း ဘ၀အတွက်
ငါ့ချစ်ခြင်းက
ရေကြည်တစ်ပေါက် ဖြစ်ချင်ဖြစ်မယ်
မွန်းကျပ်နေတဲ့
မင်းဘ၀အတွက်
ငါ့ချစ်ခြင်းက
စိတ်ထွက်ပေါက်တစ်ခု ဖြစ်ချင်ဖြစ်မယ်….
ကောင်မလေး…..
လိုအပ်မှအသုံးချ
မင်းအတွက် ငါက၀ှက်ဖဲတစ်ချပ်ပါ…….
ဒီင်္တူးဆစ်(တောင်ငူ)
In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1
wowwwwwwwwwwww
so touching to my heart deeply,
commentinfo By: ei lay at Mar 4, 2012
Comment #2
thank …………(:
commentinfo By: D26 at Mar 4, 2012
Comment #3
u r welcome..
really nice..
thz so much,
commentinfo By: ei lay at Mar 4, 2012
Comment #4
လှကတဲ့ ဝှက်ဖဲပေါ့
( မောတော့မောရတာပေါ့ဗျာ )
အားပေးသွားတယ်ဗျာ
commentinfo By: sharon myorr myor at Mar 4, 2012
Comment #5
အလွမ်းတွေ ကို နိဂုံးချုပ်
ချည့်နဲ့နေတဲ့ နှလုံးသားအတွက်
အာဟာတစ်ခွက် လိုအပ်လိမ့်မယ်
ဆာလောင်နေတဲ့
မင်းအတွက် ငါ့အချစ်က
အာဟာရတစ်ခု ဖြစ်ချင်ဖြစ်မယ်
ပူလောင်နေတဲ့
မင်းနှလုံးသားအတွက်
ငါ့ချစ်ခြင်းက
မြူမှုန်တစ်မှုန် ဖြစ်ချင်ဖြစ်မယ်
ခြောက်သွေ့နေတဲ့
မင်း ဘ၀အတွက်
ငါ့ချစ်ခြင်းက
ရေကြည်တစ်ပေါက် ဖြစ်ချင်ဖြစ်မယ်
မွန်းကျပ်နေတဲ့
မင်းဘ၀အတွက်
ငါ့ချစ်ခြင်းက
စိတ်ထွက်ပေါက်တစ်ခု ဖြစ်ချင်ဖြစ်မယ်….
ကောင်မလေး…..
လိုအပ်မှအသုံးချ
မင်းအတွက် ငါက၀ှက်ဖဲတစ်ချပ်ပါ…….
commentinfo By: Village chat kyi at Mar 4, 2012
Comment #6
ကောင်မလေး…
လိုအပ်မှအသုံးချ
မင်းအတွက် ငါက၀ှက်ဖဲတစ်ချပ်ပါ…
commentinfo By: kantkawmg at Mar 4, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment