Professional Authors

စိတ္တဇ

လမ်းထဲ ခွေးရူးတစ်ကောင်ပြေးဝင်လာတော့ လူတွေက ၀ိုင်းရိုက်တယ်
လမ်းထဲ လူစိမ်းတစ်ယောက်ဖြတ်လျှောက်လာတော့ ခွေးတွေက ၀ိုင်းကိုက်တယ်
လမ်းထဲ ငါရောက်သွားတော့ လူတွေက ခွေးရှူးတိုက်တယ်
စကားမပြောချင်ဘူး၊ စကားများများကြားရင် မောတယ်
ဝရန်တာဘက်ထွက်မထိုင်ချင်ဘူး၊
သားစိမ်းငါးစိမ်းနံ့တွေသာ ဆောင်ယူတိုက်ခတ်နေတဲ့ လေစိမ်းတွေကို ကြောက်တယ်
အချိန်အခါမဟုတ်တဲ့ တဖွဲဖွဲ မိုးစက်မှုန်တွေက
အဆွေးဓာတ်ခံရှိတဲ့ငါ့စိတ်ကို ဆတ်ခနဲ ဆောင့်ဆွဲပစ်ခဲ့ပေါ့
အခု . . . အပျင်းပြေသဘောမျိုးနဲ့
ငါ့ကိုယ်ငါ ခုတ်ထစ်ပြီး သံရည်ကျိုစက်ထဲ တစ်စစီပစ်ထည့်နေမိတယ်

                                                                  ကိုသျှား

In: ကဗျာ Posted By: Date: Mar 3, 2012
Comment #1

ကျွန်တော်နဲ့ တူတာပေါ့
သံရည်ကျိုစက် ကကျလာတဲ့ ကွန်ပြူတာနဲ့  Dota မှာ ခုတ်ထစ်နေတယ်လေ . . .
😀

commentinfo By: Mickey at Mar 3, 2012
Comment #2

so nice

commentinfo By: ei lay at Mar 3, 2012
Comment #3

လေးစားတယ် ကိုသျှားေ၇……

commentinfo By: Village chat kyi at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment