Professional Authors

မြတ်နိုးခြင်း ကဗျည်း

သူမရဲ့ မျက်ဝန်းလှတွေဟာ

တေလေလိုကောင်ကို ဒူးထောက်လှဲကျစေခဲ့…

ကျွှန်တော်….. မိုးနှင်းမိုးစက်တွေလိုချစ်ပါတယ်။

သူမ ၀မ်းနည်းနေတဲ့အခါ နှစ်…သိမ့်ပေးဖို့

ကျွှန်တော့်….. မေတ္တာတွေ

လုံလုံလောက်လောက်ရှိပါတယ်။

ဒါပေမယ့်…..

ကျွှန်တော့်ရဲ့ ချစ်ခြင်းက

သူမ…နားထောင်လို့မရအောင်

ကီးကြောင်နေတယ်ထင်ပါရဲ့…..

နာကျင်မှုဟာ

ဒီတောတန်းက မှိုတွေအလားပဲ။

နှလုံးသားဟာ

သစ္စာတွေ ပရပွ နဲ့

လောင်ကျွှမ်းနေတာတောင်

သူမ မြင်နိုင်ဖို့ ရောင်နီမသန်းသေးဘူး။

ဒီလိုနဲ့…..

ခရမ်းရောင်ရင်ဘတ်နဲ့ လေတံခွန်က ကြိုးမဆုံးသေးဘူး…..

တိမ်ဖြူလွှလွှလေး တစ်နေရာရွှေ့နှင့်ပြီ။

ပြက္ခဒိန်တွေ

တစ်ထပ်ပြီးတစ်ထပ် အရေခွံလဲလို့ကောင်းတုန်း…..

ကျွှန်တော့် ရှုခင်းမှာ

သူ့ ပုံရိပ်တွေချည်း ဝေေ၀ဆာဆာပွင့်နေကြလေရဲ့…..

အရိုးရှင်းဆုံးကဗျာတစ်ပုဒ်ကို

အိပ်မက်ထဲအထိ လွမ်းရသလိုမျိုး

သူ့ကို လွမ်းခဲ့ဖူးပြီ…..

မြက်ခင်းလေးတွေ စိမ်းလန်းခွင့်မရခဲ့တာကိုက

ကံကြမ္မာ ပါပဲ။

ဖြစ်နိုင်ရင်…..

ဖြစ်နိုင်ခဲ့ရင်…..။     ။

 

 

                                           စုန်းပြူး

In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

shin d lout taung thu ko myat noe tar thu ma ti bu lar hin?
ma phyit naing bu so tar ma shi par bu naw,,
shin ye phyu sin myint myat de a chit ne tit sar tway ka a kyoe htoo say me so tar ei lay yone de,,
kyoe sar par,,
kyoe sar loh ma ya bu so tar ma shi par bu,,
fighting,,fighting,,

commentinfo By: ei lay at Feb 16, 2012
Comment #2

တကယ်တော့ဗျာ သူ ယောကျာင်္းရသွားပြီဗျ…..

commentinfo By: sone.pyuu at Feb 16, 2012
Comment #3

kwi,,kwi,,rofl,,
sate shot like dot naw,,

commentinfo By: ei lay at Feb 16, 2012
Comment #4

နင်ကော ကဗျာမရေးဘူးလား ဖတ်မယ်လေ ဘယ်မှာရှာရမလဲ

commentinfo By: sone.pyuu at Feb 16, 2012
Comment #5

inn,,
yae tat bu dot,,
thu myar har tway pe phat nay ya dar,,

commentinfo By: ei lay at Feb 16, 2012
Comment #6

ကျနော်က ခုမှစသုံးတာဆိုတော့ သိပ် မတတ်သေးဘူး ဓာတ်ပုံတင်လို့မရဘူးလား ဒီsite မှာ

commentinfo By: sone.pyuu at Feb 16, 2012
Comment #7

ဂျီတော့အကောင့်မရှိဘူးလား ဗျာ မေးစရာရှိလို့ပါ ကျေးဇူးပြု၍………….

commentinfo By: sone.pyuu at Feb 16, 2012
Comment #8

shi de,,
ma tone tar kyar p shint,,

commentinfo By: ei lay at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment