Professional Authors

မြတ်နိုးခြင်းခရီးသည်

ဘာရယ်တော့မဟုတ်ပါဘူး..
သူမရဲ့ အဘိဓာန်မှာ
ပါဝင်ခွင့်ရဖို့ ကြိုးစားတဲ့သူတစ်ယောက်ယ်
သူသည်လဲ ရွေးကောက်ပွဲဝင်ခဲ့တယ်…

ဟိုတစ သည်တစ
အမှတ်တရတွေကို ပေါင်းချုပ်လုပ်
ူသူ .. စံပယ်ဖြူဖြူတွေနဲ့ ပါကင်ထုတ်ပေးဖူးတယ်..

မသိခြင်း  တွေရဲ့ ပြောင်းပြန်
သူမရဲ့ ငြင်းဆိုခြင်းကိုလက်ခံပြီး
ဘီလူးရထားလဲလိုက်စီးခဲ့
သူ့ရဲ့ ခရီးစဉ်ဟာ ဗာစကိုဒဂါးမားထက်
မြင့်မြတ်ခဲ့ဖူးတယ်…

ဝေးလွင့်မှုတွေကြား
နာရီတွေ ခုတ်ဖြတ်ခြစားသွားကြှမ်းကောင်းတုန်းပေါ့…
သူကတော့  
အိပ်မက်ကို ဘ၀နဲ့ယက်ပြီး
သောကြာကြယ်ကို လှမ်းကောင်းတုန်းပေါ့…

နတ်ဆိုးတစ်ကောင်ရဲ့အစွမ်း
ခရီးကြမ်းကြမ်းတစ်လက်
အမြဲတမ်းရပ်နေတဲ့ ရာသီ
တခြမ်းထဲသာရှိတဲ့ ရင်ခွင်
သူ့ ဆီမှာ ရှိတယ်….

သူမအတွက်ဆိုရင်
ပန်းနုရောင် တေးချင်းနဲ့
ပင်လယ်လိမ်းတဲ့ကောင်းကင်
ကြယ်စင်တွေခတဲ့ ရိုးမ
အချိန်တိုင်းအတွက် သူ ရစေလိမ့်မယ်….

ဒါတောင် …
ကျိန်စာ အထောင်ထောင်အသိန်းသိန်းနဲ့
ဆံနွယ်တွေယိမ်းတိုက်တိုင်းမှာ
သူ့ခမျာ နေရာမရရှာဘူး…

ခုထိ အမှတ်မရှိတဲ သူကတော့
သူမညတွေကိုပါဖမ်းစားဖို့ကြိုးစားရင်း
နှင်းနွေမဲ့တဲ့ ကန်ဘေး
စိတ်ကူးယဉ် အိမ်လေးတစ်လုံးရှေ့
အိပ်မောကျနေတာ တွေ့နိုင်ပါရဲ့…….

In: ကဗျာ Posted By: Date: Jul 21, 2011
Comment #1

နှင်းနွေမဲ့တဲ့ ကန်ဘေး
စိတ်ကူးယဉ် အိမ်လေးတစ်လုံးရှေ့
အိပ်မောကျနေတာ တွေ့နိုင်ပါရဲ့…….

commentinfo By: May Kha at Jul 21, 2011
Comment #2

နတ်ဆိုးတစ်ကောင်ရဲ့အစွမ်း
ခရီးကြမ်းကြမ်းတစ်လက်
အမြဲတမ်းရပ်နေတဲ့ ရာသီ
တခြမ်းထဲသာရှိတဲ့ ရင်ခွင်
သူ့ ဆီမှာ ရှိတယ်….
တကယ်ကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Jul 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment