Professional Authors

ပြုံးမပြတော့တဲ့နတ်သမီးအတွက်…(၂)

ဘယ်သူမှ  ဝင်မနားဖူးတဲ့ရင်ခွင်နဲ့

မကမ်းဖူးတဲ့လက်တစ်စုံပေးခဲ့တာတောင်…

အဆွေးတေးသံကိုနားထောင်ချင်ခဲ့သူ…

 

 

ဘာကြောင့်….?

ငါ့ချစ်ခြင်းရဲ့အဆုံးသတ်ဟာ

အရမ်းမုန်းခြင်းရဲ့ဆန့်ကျင်ဘက်ပဲဖြစ်နေခဲ့တာ…?

မင်းနှလုံးသားရဲ့အခန်းဖွဲ့စည်းပုံကများနေခဲ့တာ..?

 

 

မာယာဗေဒမကျွမ်းကျင်လို့…..

အစိမ်းရောင်သဲကိုးဖျာပေါ်မှာ..

ငါပျော်မွေ့ခဲ့ပြီးမှ….

ပန်းသီးကိုတစ်ယောက်ထဲစားရမယ်လို့မတွေးခဲ့မိဘူး….

 

 

အခုတော့..

ပုံစံတူလက်စွပ်နှစ်ကွင်း…..

တစ်ဖက်စီဝတ်ရင်းရူးနေခဲ့တာ…..

စိတ်ကူးနေ့စွဲတိုင်းမှာမင်းရှိနေသေးပါတယ်…..

 

 

ပြုံးမပြတော့တဲ့နတ်သမီးရေ….

မင်းမှတပါး…..

အတွေးမှာ ကူးခတ်သူမဲ့တယ်…

နှလုံးသားမှာ ပျံသန်းသူကင်းတယ်..

ဘဝမှာ  ရှင်သန်သူပျောက်နေတုန်းပါပဲ…..

 

 

မင်းချစ်ခြင်းရဲ့ဆန့်ကျင်ဘက်…

ငါ့အချစ်ဒီရင်ဘတ်နဲ့….

ကြယ်ကြွေတိုင်းဆုတောင်းနေမိတာက…..

ငါ့နတ်သမီးမဖြစ်စေပါနဲ့လို့…..(သက္ကရာဇ်)

In: ကဗျာ Posted By: Date: Dec 12, 2011
Comment #1

မင်းချစ်ခြင်းရဲ့ဆန့်ကျင်ဘက်…

ငါ့အချစ်ဒီရင်ဘတ်နဲ့….

ကြယ်ကြွေတိုင်းဆုတောင်းနေမိတာက…..

commentinfo By: May Kha at Dec 12, 2011
Comment #2

ကဗျာလေးကဆိုလိုချက်အရမ်းကောင်းတယ်
ကျွန်တော်နဲ့ခံစားချက်တိုက်ဆိုင်ခဲံဘူးတယ်
လေးလေးစားစား ခင်ခင်မင်မင်ရွှေကြယ်မိုး

commentinfo By: yaewintaung at Dec 12, 2011
Comment #3

sate nyit par de so nay hma po nyit twar p

commentinfo By: ei lay at Dec 12, 2011
Comment #4

ပြုံးမပြတော့တဲ့နတ်သမီးရေ….

မင်းမှတပါး…..

အတွေးမှာ ကူးခတ်သူမဲ့တယ်…

နှလုံးသားမှာ ပျံသန်းသူကင်းတယ်..

ဘဝမှာ ရှင်သန်သူပျောက်နေတုန်းပါပဲ…..
ခံစားသွားပါတယ်။ အရမ်းကောင်းတဲ့ကဗျာလေးပါ။

commentinfo By: ကတုံးလေး at Dec 12, 2011
Comment #5

ပြုံးမပြတော့တဲ့နတ်သမီးရေ….

မင်းမှတပါး…..

အတွေးမှာ ကူးခတ်သူမဲ့တယ်…

နှလုံးသားမှာ ပျံသန်းသူကင်းတယ်..

ဘဝမှာ ရှင်သန်သူပျောက်နေတုန်းပါပဲ…..
ထပ်တူခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 13, 2011
Comment #6

နှစ်သက်အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Dec 13, 2011
Comment #7

မာယာဗေဒမကျွမ်းကျင်လို့…..

အစိမ်းရောင်သဲကိုးဖျာပေါ်မှာ..

ငါပျော်မွေ့ခဲ့ပြီးမှ….

ပန်းသီးကိုတစ်ယောက်ထဲစားရမယ်လို့မတွေးခဲ့မိဘူး….

Comment #8

ei lay ka dot apple kyike bu.
but i wonder why my nick name is apple.he,,he,,

commentinfo By: ei lay at Dec 19, 2011
Comment #9

အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ…..

commentinfo By: သက္ကရာဇ် at Dec 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment