Professional Authors

“ပြုံးမပြတော့တဲ့နတ်သမီးအတွက်(၃)”

နားလည်မှုများများပေးခဲ့ရလို့..
နာကျည်းမှုပြောင်းသွားတဲ့…
နှလုံးသားတစ်ခုနဲ့သူ..
နှုတ်ဆက်သံကအသက်မပါ…

ခေါ်သံတစ်ချို့က…
ဘယ်လောက်ကျယ်ကျယ်….
နားမထောင်ချင်တော့တဲ့သူအတွက်…
တံခါးတောင်မခေါက်နိုင်ပေါ့…

သံစဉ်ချိုဆိုတာ….
ကြိုးမညီရင် ထွက်မလာဘူး…
သီချင်းဆိုဘယ်လောက်ကောင်းကောင်း…
နားထောင်ချင်သူမရှိ…..

အို…နတ်သမီး…
ပရမ်းပတာ…ရေးသားချက်တစ်ချို့…
မျက်ရည်စိုစာရွက်နဲ့….
ကဗျာတစ်ပိုဒ်…
ကာရန်မလှပေမယ့်ရင်နာစရာကောင်းတယ်….

ကွဲနေတဲ့နှလုံးသားကို…
အလွမ်းတွေနဲ့ဖာထေး..
ပူဇော်ခြင်းပစ္စည်းအနေနဲ့ဆက်သ…
ငါ့ရင်တွေပူလွန်းလို့….
ခန္ဓာကိုယ်လောင်မြိုက်ခြင်းကအလင်းတိုင်…
ဆူပွက်နေတဲ့နှလုံးသွေးတစ်ခွက်အား….
ပျော်ရွှင်စွာသုံးဆောင်ပါ….

စွန့်ကြဲခြင်းအပြုံးကိုသာပေးသနား…
ငါသံစဉ်တစ်ချို့နဲ့…
မင်းအနားထာဝရနေပေးပါ့မယ်….
နှလုံးသားကခေါ်သံအတွက်…
မင်းနှုတ်ဆက်သံလေးအသက်ပါပေးရုံ….
ငါတောင်းဆိုပါရစေ……(သက်တံရောင်)

In: ကဗျာ Posted By: Date: Dec 23, 2012
Comment #1

ဒါလေးကလည်း..ယဉ်ယဉ်လေးနဲ့ကောင်းတာပဲ။စိတ်ကူးကောင်းတယ်နော်။

commentinfo By: kyawnainglin174 at Dec 23, 2012
Comment #2

မျက်ရည်စိုစာရွက်နဲ့….
ကဗျာတစ်ပိုဒ်…
ကာရန်မလှပေမယ့်ရင်နာစရာကောင်းတယ်….
ကောင်းတယ်နော် .. ကဗျာလေးက

commentinfo By: မေပျို at Dec 23, 2012
Comment #3

A mye tann pyone nay de Thu ko ma pyone naing dot aung loak naing de a twat laee sarr par de,,

commentinfo By: ei lay at Dec 23, 2012
Comment #4

ကဗျာလေး ဖတ်သွားပါတယ်
ဒီကဗျာမှာ ဝမ်းနည်းမှု ၊ အနစ်နာခံမှု ၊ လွမ်းဆွတ်မှုတွေကို တွေ့ရတယ် ~~

With respect,
RAY

commentinfo By: X - ray at Dec 24, 2012
Comment #5

အရမ်းကောင်းတယ်ဗျာ….

commentinfo By: waiyan at Dec 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment