တခါက … (ဇင်မင်း)
ခုပြန်တွေး အခုရေးရင် …
သြော … မနေ့ ကလိုပဲနော် ချစ်သူ ..
တခါက လမ်းမထက်မှာ အတူတူလျှောက်ခဲ့တယ်
တခါက ခေါက်ဆွဲပြုတ်ဆိုင်မှာ အတူ စားခဲ့ဖူးတယ်
တခါက ပန်းခြံမှာ အတူ ကြည်နူးခဲ့ဖူးတယ်
တခါက ပုခုံးလေးထက်မှာ တေးသံသာခဲ့တယ်
တခါက ဘုရားမှာ အတူ ဆုတောင်းခဲ့တယ်
တခါက လရိပ်အောက်မှာ အပြုံးချင်းဆိုင်
အနမ်းလေး ဖလှယ်ခဲ့ကြတယ် ..
တခါက တခါက ဆိုတဲ့ စကားလုံးတွေအောက်မှာ
တို့တွေ ဝေးနေရပြန်တယ်နော် ..
တခါက ဆိုတဲ့ စကားလုံးတွေ
ပြန်ရှင်သန်လာဖို့
တို့တွေ သစ္စာရှိနေကြမယ်နော် ..
ထာဝရ ဖြူစင်တဲ့ ချစ်ခြင်း မေတ္တာတွေ
သြော … တို့နှစ်ယောက်
ထာဝရ လက်တွဲ ကြမယ်နော် ..
Comment #2
တစ်ခါက သူနဲ့အတူလမ်းလျှောက်ဖူးတရ်
တစ်ခါကသူကျွန်မကိုခစ်တရ်လို့ပြောဖူးတရ်
အခုတော့နောက်တစ်ယောက်ဆီရောက်သွားပါပြီ……….
By: ayeayethi at Aug 7, 2010
Comment #4
တခါက လမ်းမထက်မှာ အတူတူလျှောက်ခဲ့တယ်
တခါက ခေါက်ဆွဲပြုတ်ဆိုင်မှာ အတူ စားခဲ့ဖူးတယ်
တခါက ပန်းခြံမှာ အတူ ကြည်နူးခဲ့ဖူးတယ်
တခါက ပုခုံးလေးထက်မှာ တေးသံသာခဲ့တယ်
တခါက ဘုရားမှာ အတူ ဆုတောင်းခဲ့တယ်
တခါက လရိပ်အောက်မှာ အပြုံးချင်းဆိုင်
အနမ်းလေး ဖလှယ်ခဲ့ကြတယ် ..
ဟာ….သွက်လိုက်တာဗျာ…..ဟဲဟဲ(စတာ)ပါ
အားပေးသွားပါတယ်။
By: poem.poem28 at Nov 23, 2011
Comment #5
အားအားကောင်းလိုက်တာနော်
တခါကသူအဲလိုပြောခဲဘူးတာပါပဲလေ
ခုတော့လည်း တခါကဆိုတာအတိတ်ဆီကိုရောက်သွားပါပီလေ
By: အောင် at Feb 14, 2012




Comment #1
ကောင်းပါတယ် ရိုးရိုးလေးနဲ့ လှတယ်၊၊