Professional Authors

ငါ ရှုံးခဲ့ဖူးတယ်……ဆက်လက် ရှုံးနေဆဲ……

နင့်အချစ်တွေ ဘယ်လောက်ပဲ ပေါများပါစေ
ငါ့အချစ်ကို ငါယုံကြည် နင့်မျက်ဝန်းတွေထဲ စီးမျော
ကြေကွဲခြင်းတွေဟန်ဆောင်ရင်းနဲ့
ငါ…..ရှုံးခဲ့ဖူးတယ်…….။

နင့်အပြောတွေ ဘယ်လောက်ပဲ မာယာရောပါစေ
နင့်စကားတွေမှာ သာယာ ယုယခြင်းကို နှစ်သက်
နင့်ကို ချစ်တဲ့စိတ် သီးသန့်နဲ့
ငါ…..ရှုံးခဲ့ဖူးတယ်…….။

နင့်အကြောင်း လူတွေဘယ်လောက် ပြောပါစေ
နင်ပေးတဲ့ ကတိကိုပဲ ယုံစား
နားလည်မှုတွေ ထပ်အရောင်တင်
လက်တွဲမဖြုတ်ခဲ့တာ ကျေးဇူးတင်ရင်း…..
နင်သာခွဲသွားရင် ဆိုတဲ့ ကြောက်စိတ်တွေနဲ့
ငါ…..ရှုံးခဲ့ဖူးတယ်……..။

အတူဆုံရမယ့်ရက် ဘယ်လောက်ပဲ ဝေးကွာပါစေ
မျှော်လင့်ထားသမျှနဲ့…..ငါ နိုးထ….
နင့်အနီးမှာ ရှိနေချင်တဲ့ ဖြစ်တည်မှု တစ်ခုတည်းနဲ့
ငါ့ နာရီတွေ ရှေ့ဆက်……
အခုထိ ငါ…….ဆက်လက်ရှုံးနေဆဲပါ……….။

In: ကဗျာ Posted By: Date: Mar 4, 2011
Comment #1

အားပေးသွားပါတယ် ကေရေ

commentinfo By: kyi kyi at Mar 4, 2011
Comment #2

မကေသရီရေ

အမပြောသလို ရှုံးနေပါစေ …
အချစ်စစ် ၁ ခုမှ ရှုံးတာနိုင်တာ မရှိပါဟူး
အစ်မမျှော်လင့်နေတဲ့ ပျှော်ရွှင်တဲ့ ဘ၀ ပိုင်ဆိုင်နိုင်ပါစေ

ငပျင်းလေး (lazypoet)

commentinfo By: Lazy Poet at Mar 5, 2011
Comment #3

ကေ ………..
ဒီကဗျာလေး အရမ်းကောင်းပါတယ်
ငါ နင့်ကဗျာတွေကို ကဗျာစာအုပ်သီးသန့်လုပ်ပေးမယ်
ငါကိုယ်တိုင် လုပ်ပေးမှာနော်
အမှတ်တရပေါ့………….
ကေ နင့်ကို ပျော်ရွှင်နေစေချင်တယ် အမြဲတမ်းပေါ့ဟာ…………..

commentinfo By: Ku Kuu at Mar 5, 2011
Comment #4

နင့်အပြောတွေ ဘယ်လောက်ပဲ မာယာရောပါစေ
နင့်စကားတွေမှာ သာယာ ယုယခြင်းကို နှစ်သက်
နင့်ကို ချစ်တဲ့စိတ် သီးသန့်နဲ့
ငါ…..ရှုံးခဲ့ဖူးတယ်…….။
အားပေးသွားပါတယ် မကေ
အ၇မ်းကောင်းတယ်

commentinfo By: genius.jinx28 at Mar 5, 2011
Comment #5

အတူဆုံရမယ့်ရက် ဘယ်လောက်ပဲ ဝေးကွာပါစေ
မျှော်လင့်ထားသမျှနဲ့…..ငါ နိုးထ….
နင့်အနီးမှာ ရှိနေချင်တဲ့ ဖြစ်တည်မှု တစ်ခုတည်းနဲ့
ငါ့ နာရီတွေ ရှေ့ဆက်……
အခုထိ ငါ…….ဆက်လက်ရှုံးနေဆဲပါ……….။

အမေ၇ အားပေးသွားတယ်နော် …:)

commentinfo By: aung kaungthant at Mar 13, 2011
Comment #6

နင်မရှုံးပါဘူး ကေ……..
နင်အမြဲနိုင်မှာပါ…..။ ။

commentinfo By: minmyat at May 14, 2011
Comment #7

အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ထပ်တူပဲ…

commentinfo By: angel at Jun 23, 2011
Comment #8

ခံစားချက်နဲ့ တိုက်ဆိုင်တယ်..အရမ်းကောင်းပါတယ်..အားပေးနေတယ်နော်

commentinfo By: biebie at Aug 15, 2011
Comment #9

အားပေးသွားပါတယ်
နင့်အနီးမှာ ရှိနေချင်တဲ့ ဖြစ်တည်မှု တစ်ခုတည်းနဲ့
ငါ့ နာရီတွေ ရှေ့ဆက်……
အခုထိ ငါ…….ဆက်လက်ရှုံးနေဆဲပါ……….။

Comment #10

အရမ်းကောင်းတယ်
ခံစားချက်နဲ့တိုက်ဆိုင်တယ်
ခံစားရတဲ့အခါပျော်စရားလေးတွေးပီးဖြေသိမ့်နိုင်ကြပါစေ
ချစ်သူငယ်ချင်းတို့ရေ

commentinfo By: အောင် at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment