Professional Authors

မှားတာရှိရင်

နှလုံးသားကို ဖောက်ထုတ်

ဦးနှောက်ကို ပြုတ်သုတ်

အသိဥာဏ်ကို ရောင်းလို့

စွဲလမ်းမှုကို လွှင့်ပစ်

ဘ၀ကို အသစ်လုပ်ချင်တယ်

အချစ်ကို စိတ်ရှုတ်လို့

အပုတ် ၊ အသိုးလိုပဲ

အရုပ်ဆိုးတယ် သ၀န်တိုခြင်းက

မတူညီတဲ့ သဘောတရားကြောင့်

သေးသိမ်ဝပ်တွားစွာ သိမ်ငယ်သွားစေတယ်

အချစ်ရဲ့ စာတန်းအောက်မှ

ရင်ဘတ်လဲ ကျွမ်း ၊ အမြင်လည်း ကန်း

စိတ်ကူးတို့လည်း နွမ်း ၊ သိက္ခာတရားလည်း ခမ်း

အလွမ်းကို အရောင်တောက်အောင်တိုက်လို့

နီးစပ်ဖို့ရည်စူးထားမိတယ်

ပန်းတိုင်က ဝေးသထက်ဝေးလို့

အိမ်မက်ပါပဲ ……. အိမ်မက်ပါပဲလို့

ကံကြမ္မာက ကြုံးအောင်

ဆိုးတဲ့ဘ၀က ဂတုံးပေါ်ထိပ်ကွက်လို့

လွယ်လွယ်လေးပေါင်းတဲ့ စာလုံးပေါင်းကို

ညီမျှခြင်း ချမတတ်တော့ပါလား

ခက်တယ် … ခက်ပါတယ်

ငါမှားတာရှိလဲ တွေဝေမနေနဲ့

ချစ်သူရယ် ….. နင်သာ ဒဏ်ခတ်တော့

ရင်ဘတ်ထဲက ဒီစကားတွေလျှံထွက်လာတယ်

နင်သာဒဏ်ခတ်တော့ …… !

 

 

 

In: ကဗျာ Posted By: Date: Oct 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment