Professional Authors

ဟန်ချက်လွဲမှားအချစ်

 

အသည်းကွဲခြင်း လမ်းခွဲခြင်းက

အတိက်ဆောင်သော လမ်းမပေါ်မှာ

ငါအံချလိုက်တာ ကျိန်စာသင့်သော

အချစ်လို့ မင်းယူဆနေမလား..။

 

လွမ်းမိုးတွေရွာ ဆွေးသူရင်မှာ

ကြိတ်မှိတ်အံချသော ဒဏ်ရာတွေက

အတိက်ပျိုရဲ့ အပျိုစင်ဘဝ

ပြိုကျသွားသလို မင်းယူဆနေသလား..။

ခုတုံလုပ်လို့ ဘဝကိုတောင်းတ

ချစ်တက်ကြမှ မုန်းမေ့ခြင်းတွေနဲ့

မေတ္တာတောင်ပြိုသလို ငါ့အချစ်ကို

အဆိပ်သင့်ပြီးလို့ မင်းယူဆသလား..။

 

ငိုချသမျှကို တင်ပြခဲ့ရင်

သမုဒ်ပြင်တောင် ချောင်းငယ်ဖြစ်သွား

ငါ့မေတ္တာတွေက ငိုသမျှတင်ပြစရာ

ပြယုဒ်မရှိဘူးလို့ မင်းထင်နေမလား..။

 

ဒဏ်ရာတွေက ငါ့နှလုံးသားမှာ

ပြည်ပျက်သလို သွေးရောင်လွှမ်းမိုး

သက်သေမဲ့သော ငါ့အတွက်တော့

မင်းရဲ့ထောင်တွင်း ဝင်ရောက်ရတော့မလား..။

 

မှားသွားပြီ ငါ့အတိက်တွေကို

လက်ဆေးသလို ဆေးကြောဖို့ရန်

မသန့်ရှင်းနိုင်သော ငါ့နှလုံးသားကို

မင်းအတ္တတွင်းမှာ ဖမ်းစားသွားပြီလား..။

 

အပြေးကောင်းသော ငါ့နှလုံးသားကို

လှောင်ချိုင့်တွင်းသို့ ဟန်ဆောင်အသွင်နဲ့

ခေါ်ဆောင်ခဲ့တာ မင်းရဲ့အတ္တသဘော

ဘဝမောသွားပြီလို့ မင်းထင်နေသလား..။

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 18, 2011
Comment #1

အပြေးကောင်းသော ငါ့နှလုံးသားကို

လှောင်ချိုင့်တွင်းသို့ ဟန်ဆောင်အသွင်နဲ့

ခေါ်ဆောင်ခဲ့တာ မင်းရဲ့အတ္တသဘော

ဘဝမောသွားပြီလို့ မင်းထင်နေသလား..။

commentinfo By: May Kha at Sep 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment