Professional Authors

ပိုးကောင်လေးတကောင်

တဆစ်ဆစ်ကိုက်နေတယ်
ပိုးကောင်လေးတကောင် …
ငါ့ရင်ဘတ်ထဲရောက်နေတယ်

ငါ့အချိန်တွေနဲ့ …
ဦးနှောက်ရဲ့ အကန့်တွေကို ….
တစစီဖျက်
ခပ်နက်နက် ထိုးနှက်လို့ ……

ဒီပိုးကောင်လေးတကောင်ကြောင့်
လူဆိုတာ ဖြစ်လာခဲ့တယ် ….
လူ့ကမ္ဘာပေါ်မှာ …. စစ်ပွဲတွေဖြစ်ခဲ့ဖူးတယ်
 ဆင့်ပွား ခံစားချက်တွေ ပေါ်ပေါက်ခဲ့တယ် …
အရမ်းနာမည်ကြီးတဲ့ ပန်းချီကားတွေဖြစ်ခဲ့တယ်
ခံစားနိုင်တဲ့ အနုပညာတွေ ထွန်းကားခဲ့တယ်…..

ပိုးကောင်လေးရယ် ….
မင်းရဲ့ အဆိပ်က ချိုတယ် …
ဒါပေမဲ့ ဖြေဆေးတော့ မရှိဘူး….

တနေ့ … ငါ ဆေးဖော်စပ်နိုင်ခဲ့ရင်
ကမ္ဘာပေါ်က အသည်းကွဲဝေဒနာရှင်တွေကို
မျှဝေခဲ့မယ် …
တနေ့ ငါကာကွယ်ဆေးကိုတွေ့ခဲ့ရင်
ကမ္ဘာပေါ်က မချစ်တတ်သေးသူတွေကို
ကာကွယ်ခဲ့မယ်….

သြော် ….
လူတိုင်းအချစ်နဲ့တွေ့၇င် ….
ခံစားချက်တွေ ပေါက်ကွဲထွက်တာ …
အချစ်ရဲ့ ဖော်မြူလာတခုလား ………………….

ကဗျာချို

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

အဲ့ဒီဆေးကိုစောင့်နေမယ်..ဖော်စပ်လို့ရရင်အရင်ဦးဆုံးပို့ပေးပါနော်…
😛

commentinfo By: May Kha at Sep 1, 2011
Comment #2

ပိုးကောင်လေးတစ်ကောင်….

commentinfo By: nwenyeinaye at Sep 1, 2011
Comment #3

excellent.
excellent.
excellent.

dar kyaunt,,,tan phoe lay htar pay par.

commentinfo By: ei lay at Sep 1, 2011
Comment #4

ဟုတ်ကဲ့ပါရှင့်

commentinfo By: ကဗျာချို at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment