Professional Authors

ဝါး

 

ဝါးတားတား

ကြားနေတဲ့ မေးခွန်းတွေ

ထုံပေပေပဲ ငါဖြေတယ်

ဒီလိုပါတဲ့…………………………

 

လွမ်းတတ်လားလို့ မေးလာတိုင်း

လွမ်းနေလား မေးလာတိုင်း

လွမ်းဖူးလားလို့ မေးလာတိုင်း

ခပ်အက်အက် ရယ်သံတချို့အပြင်

အဖြေမရှိဘူး

ဒိထက်ကောင်းတဲ့ အဖြေလဲရှာမတွေ့ဘူး။။။။။။။။။

 

သိက္ခာတွေ

မာနတွေ..ခ၀ါချ

နင့်ရှေ့မှာ ဒူးထောက်ပေးခဲ့တာလဲ

အကြိမ်ကြိမ်….။။။။။။။

 

ထပ်မေးတယ်…

ရှုံးဖူးလား

ရှုံးခဲ့လား

ရှုံးတတ်လား

ဖြေလိုက်တယ်

နည်းစနစ်တကျ

ကျမ ခဏခဏ

ရှုံးပြခဲ့ပါတယ်လို့။။။။။။။။

 

ရှင့်ကို လွမ်းတိုင်း

အင်း…ခေါင်းငုံပီးရယ်တယ်

ရယ်သံတွေ လိမ့်ကျလာမှာစိုးလို့

မမော့ရဲဘူး။။။။။။

 

ငွေ့ငွေ့လေးကျန်နေတဲ့

အနာဂတ်

လှမ်းလှမ်းကြည့်

ဘာမှန်းတော့မသိဘူး

ကြည်နူးတယ်။။။။။။

 

မှုန်တေတေ

အိမ်မက်တချို့တော့

ညတိုင်းမက်မက်နေသေးတယ်

တကယ့် မှုန်တေတေ။။။။။။။။

 

တခါတလေလောက်ပဲ

ထထ မြည်တတ်တဲ့

ဖုန်းသံ လဲ

နားတော့ စွင့်နေလျက်

တကယ့်ကိုတခါတလေ။။။။။။။။။။။။။

 

ကြည့်ပါဦး

ငါ့မှာ ရေရာသေချာ

ကြည်လင်..ပြတ်သားတာ ဘာဆိုဘာမှ

မရှိတာ…

ဒိတော့ ခပ်ဝါးဝါး

ရင်ခုန်သံတချို့ ဆုပ်ကိုင်

ရေးတေးတေးလွမ်းလျက်ပဲ

နောက်နေ့တွေ အသက် ခပ်ရေးရေးလေးဆက်တော့မယ်။။။။။။။။။။။။။။

 

In: ကဗျာ Posted By: Date: Aug 21, 2011
Comment #1

same to u.
a yar arr lone ka koh a twat dot war tar war tar par pe.

commentinfo By: ei lay at Aug 22, 2011
Comment #2

မှုန်တေတေ

အိမ်မက်တချို့တော့

ညတိုင်းမက်မက်နေသေးတယ်

တကယ့် မှုန်တေတေ။။။။။။။။

Leave Comments

Name*

Email*
Website
Email me whenever there is new comment