Professional Authors

ဒီလိုကဗျာမျိုးထပ်မရေးပါရစေနဲ့(genius)

-ကြေကွဲရက်တွေ လွန်မြောက်
 ရင်ခုန်စရာအချိန်တွေ
 ရောက်လာပြန်တော့လည်း
 သေချာရေရာ ရင်မခုန်ရဲပါဘူး ချစ်သူ။

-၀မ်းနည်းမှုတွေ လွန်မြောက်
 ပျော်ရွှင်စရာနေ့သစ်တွ
 ရောက်လာပြန်တော့လည်း
 သေချာရေရာ မပျော်ရဲပါဘူး ချစ်သူ။

-တိတ်ဆိတ်ခဲ့တဲ့ရက်တွေ လွန်မြောက်
 အကြင်နာစကားတွေ
 ပြောရပြန်တော့လည်း
သေချာရေရာ မပြောရဲပါဘူး ချစ်သူ။

-မနမ်းဖူးတဲ့ သူ့ပါးပြင်
 မြတ်နိုးခြင်းတွေနဲ့
 (ခွင့်တောင်းပြီး)
 နမ်းပြန်တော့လည်း
 သေချာရေရာ မနမ်းရဲပါဘူး ချစ်သူ။

 အလွမ်းတွေနဲ့ နေသားကျနေတဲ့ ဘဝ
 အဆွေးတွေနဲ့ နေသားကျနေတဲ့ ဘဝ
 အထီးကျန်မှုတွေနဲ့ နေသားကျနေတဲ့ ဘဝ
 ဟွန်းးးးးးးးးးး
 နောက်ဆုံးတော့လည်း
 အသည်းကွဲကဗျာတွေပဲ
 ဆက်ရေးရဦးမယ်ထင်ပါတယ်။

In: ကဗျာ Posted By: Date: Aug 17, 2011
Comment #1

နောက်ဆုံးတော့ အသည်းကွဲ ကဗျာတွေပဲ ဆက်လက် အားပေးနေရဦးမယ် ထင်ပါတယ်
အားပေးသွားတယ် ညီ

Comment #2

မရေးချင်လို့မရဘူးဗျ…
ရင်ထဲကဒဏ်ရာတွေမကျက်သေးသရွေ့
ရင်ထဲကတစုံတစ်ယောက်ကိုမမေ့နိုင်သေးသရွေ့
ကျွန်တော်ကတော့
ကဗျာတွေရေးနေမိဦးမှာပဲ…

commentinfo By: လွမ်းနောင် at Aug 17, 2011
Comment #3

ရဲမင်းရေ…စောင်းပြောနေသလား…… 🙂
ကွက်တိတွေချည်းပဲ………
ရဲမင်းနဲ့ကျွန်တော်နဲ့ခံစားချက်ခြင်း….
တော်တော်တူတယ်..ဗျာ

commentinfo By: terry at Aug 17, 2011
Comment #4

လူဆိုးလည်းအားပေးသွားပါတယ်အကို … 🙂 အချစ်ကဗျာလေးတွေလည်းရေးပါလားဗျာ …။

commentinfo By: chityellusoelay at Aug 17, 2011
Comment #5

အလွမ်းတွေနဲ့ နေသားကျနေတဲ့ ဘဝ
အဆွေးတွေနဲ့ နေသားကျနေတဲ့ ဘဝ
အထီးကျန်မှုတွေနဲ့ နေသားကျနေတဲ့ ဘဝ
ဟွန်းးးးးးးးးးး
နောက်ဆုံးတော့လည်း
အသည်းကွဲကဗျာတွေပဲ
ဆက်ရေးရဦးမယ်ထင်ပါတယ်။ ( ဆက်ရေးပါ. အားပေးနေမယ်) 😀

commentinfo By: May Kha at Aug 17, 2011
Comment #6

“အလွမ်းတွေနဲ့ နေသားကျနေတဲ့ ဘဝ
အဆွေးတွေနဲ့ နေသားကျနေတဲ့ ဘဝ
အထီးကျန်မှုတွေနဲ့ နေသားကျနေတဲ့ ဘဝ
ဟွန်းးးးးးးးးးး
နောက်ဆုံးတော့လည်း
အသည်းကွဲကဗျာတွေပဲ
ဆက်ရေးရဦးမယ်ထင်ပါတယ်။´´´ …… ဆက်သာရေးပါဗျာ ……. အားပေးလျက်

commentinfo By: linlatarkar at Aug 17, 2011
Comment #7

ကဗျာလေး ထပ်အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 17, 2011
Comment #8

ထပ်မံအားပေးတဲ့သူငယ်ချင်းများကျေးဇူုးတင်ပါတယ်။

commentinfo By: poem.poem28 at Aug 19, 2011
Comment #9

🙂

commentinfo By: ei lay at Sep 27, 2012
Comment #10

အသဲကွဲကဗျာတွေပဲ
ဆက်ဖတ်ရအုံးမယ်ထင်ပါတယ်

commentinfo By: htatmyataung at Sep 28, 2012
Comment #11

ko htet myat aung pyaw tae atine pr pl..hee hee…

commentinfo By: shwezin myatno at May 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment