Professional Authors

နေသားကျနေတဲ့ ငါဘ၀လေး

နေသားကျနေတဲ့ ငါဘ၀လေးထဲကို
ပြန်လာနေမယ်လို့ မင်းမတောင်းဆိုပါနဲ့
မင်းပေးခဲ့တဲ့ အလွမ်းတွေကြောင့်
သေမင်းနဲ့ ရင်ဆိုင်ရပြီးပြီပဲလေ
ငါရင်မှာ မင်းမရှိတော့သလို
နင်ရင်မှာ ငါကိုမထားပါနဲ့တော့ဟာ
အရင်လိုပဲ မသိသလိုနဲ့
ကိုယ့်လမ်းကို လျောက်လှမ်းကျတာပေါ့…..

ခဲမှန်ဖူးတဲ့ စာငှက်လေးဟာ
အဲဒီနေရာ ရောက်ရင် သတိထားတတ်သေးတာပဲ
ငါက နှလုံးသားနဲ့ လူသားလေ
မျက်ရည်တွေ မြစ်ကန်လို
စီးဆင်းပြီး အလွမ်းဇာတ်ကို
ဆက်မကချင်တော့ဘူးဟာ…
ဒါကြောင့် နင်တောင်းဆိုတဲ့
ကမ်းလှမ်းချက်ကို ပြန်ရုပ်သိမ်းထားပါ…

နောက်ပြီး အနားသတ်မညီတဲ့ ငါတို့နှစ်ယောက်ရဲ့
အတ္တတွေ မပြောင်းလဲသေးသ၍
ငါတို့ဇာတ်လမ်းလည်း အိမ်မက်ဆိုးတွေနဲ့
နှစ်ပါးသွားနေရမှာကိုလည်း ငါကြောက်နေပြီ
ဒါကြောင့် နင်မရှိဘဲ နေသားကျနေတဲ့ ငါဘ၀လေးမှာ
ငါနေသားကျနေပြီဆိုတော့ နင်မရှိလည်းဖြစ်နေပြီ…
ကျေးဇူးတင်ပါတယ် နင်နဲ့အတူရှိခဲ့တဲ့အချိန်တွေမှာဆိုရင်
ငါပျော်ခဲ့တယ် ရင်ခုန်ခဲ့တယ် ကြည်နှုးခဲ့တာ အမှန်ပါ
အခုလည်း ငါ ပျော်နေပြီ ငါကိုယ်ငါပျော်အောင်ထားနိုင်ခဲ့ပြီ
ကျေးဇူးတင်ပါတယ် မသိသေးတဲ့ အချစ်တစ်ခုကို
သင်ပေးခဲ့တဲ့အတွက် Thank you ပါ…

တစ်ခုတော့ ပြောချင်တယ်
နင်ကို မုန်းတယ်…..

ကောင်မလေးတစ်ယောက်ရဲ့ ခံစားချက်လေးပါ..

                                                 စိုး….

In: ကဗျာ Posted By: Date: Oct 6, 2013
Comment #1

ta myoe pyi ta myoe ma yoe aung yae can lot ka bya yae tat thu ko kya zu taung tin ya ohn mal….

commentinfo By: cynthia at Oct 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment