Professional Authors

စကားတစ်ခွန်း

နင်ပြောထားတဲ့စကားတစ်ခွန်းအတွက်
ငါ့၇င်ဘတ်ထဲကအဖြေတစ်ခုထွက်လာတော့
သတိ၇ခြင်းနယ်မြေထဲငါအလိုလိုရောက်နေပြီ
ငါဘယ်ချိန်ကစိုက်မိမှန်းမသိတဲ့
အလွမ်းသစ်ပင်ကတော့
ငါမမှတ်မိနိုင်လောက်အောင်ကြီးထွားနေပေါ့
အချစ်ဆိုတာကိုမသိခင်
အလွမ်းနဲ့အ၇င်နေသားကျတော့မယ်ထင်ပါ၇ဲ့
နင့်၇ဲ့မနက်ဖြန်တိုင်းမှာငါမှပါဝင်လေ၇ဲ့လား
စက္ကန်းပိုင်းလေးပဲဖြစ်ဖြစ်ပေါ့
ငါ၇ဲ့မနက်ဖြန်တိုင်းကတော့
နင်ကိုသတိ၇ခြင်းတွေနဲ့ပြည့်နေလေ၇ဲ့
အနာဂတ်ဆိုတာကိုမသေချာတဲ့ဘ၀တွေမှာ
ငါသာဒီကမ္ဘာမြေကအခုစွန့်ခွာ၇မယ်ဆိုရင်
မပြောဖြစ်လို့နောင်တ၇မယ့်စကားတစ်ခွန်းကတော့
(………………………….)
ငါ့ဘ၀အတွက်ပထမဦးဆုံးစကားပါ
နင်တစ်ယောက်တည်းအတွက်ပါ။

In: ကဗျာ Posted By: Date: Jul 30, 2011
Comment #1

နင့်၇ဲ့မနက်ဖြန်တိုင်းမှာငါမှပါဝင်လေ၇ဲ့လား
စက္ကန်းပိုင်းလေးပဲဖြစ်ဖြစ်ပေါ့
ငါ၇ဲ့မနက်ဖြန်တိုင်းကတော့
နင်ကိုသတိ၇ခြင်းတွေနဲ့ပြည့်နေလေ၇ဲ့………………………. ( အဲ့လိုပဲတောင်းဆုပြုတယ်.)

commentinfo By: May Kha at Jul 30, 2011
Comment #2

ofcourse…
i agree with u.
i don’t want to regret.
if i passed away accidentally,,,,,,,,,,,,,,,,,

commentinfo By: ei lay at Jul 30, 2011
Comment #3

ငါဘယ်ချိန်ကစိုက်မိမှန်းမသိတဲ့
အလွမ်းသစ်ပင်ကတော့
ငါမမှတ်မိနိုင်လောက်အောင်ကြီးထွားနေပေါ့

commentinfo By: မယ်မနော at Jul 31, 2011
Comment #4

(………………………….)
ဒီစကားကို ပြောဖြစ်အောင်ပြောလိုက်ပါ နောင်တမရ အောင်လို့ပါ

စကားလုံးတွေ ထိမိတယ် ကဗျာလေး ကြို့က်၏

commentinfo By: မယ်မနော at Jul 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment