Professional Authors

ღღ ငါ့ရဲ့အလွမ်း ღღ .. ၂ .. ( လူဆိုး )

ချစ်အတွက် ကို့ရဲ့ချစ်ခြင်း
ရနံ့တစ်သင်းသင်းနဲ့
ရင်ဘတ်ပန်းတစ်ခင်းစာမကမွှေးမြရှင်သန်ခဲ့တာပါ …. ချစ်သူ   ။
မလွမ်းဘူးလားလို့လည်းမမေးနဲ့
ချစ်အတွက် ကို့ရဲ့လွမ်းခြင်း
ချည်နှောင်ခြင်းကင်းကင်းနဲ့
ကောင်းကင်က လ ပမာ ထွန်းလင်းတောက်ပနေခဲ့တာပါ ….. ချစ်သူ   ။
ဒီလိုလွမ်းရမှန်းသိခဲ့ရင်
သတိရတဲ့စိတ်ကိုအလိုမလိုက်ခဲ့ပါဘူး … ချစ်သူ   ။
ခုတော့ နွေးဦးမှာကြွေတဲ့ ရော်ဝါရွက်လေးတွေလိုပဲ
ချစ်ကိုလွမ်းတဲ့ အလွမ်းတွေက
ကို့ရဲ့ရင်မှာ နေရာမလပ်အောင်ပါပဲ …. ချစ်သူ    ။

In: ကဗျာ Posted By: Date: Jul 3, 2011
Comment #1

၂ ဆိုတော့ ၁ရှိသေးတယထင်တယ်…။ လိုက်ရှာဦးမှ…။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #2

ဟုတ်ကဲ့….ရှိပါတယ်ခင်ဗျာ…. 🙂

commentinfo By: chityellusoelay at Jul 5, 2011
Comment #3

ngo like dot me.

commentinfo By: ei lay at Jul 27, 2011
Comment #4

မငိုပါနဲ့ ..လူဆိုးတောင်မငိုရသေးဘူး … 🙂

commentinfo By: chityellusoelay at Jul 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment