Professional Authors

ဖြည်းဖြည်းစိုက်

သုံးဆယ့်တစ်ဖြစ်တာတောင်
စိတ်က ‘နု’ တုန်းတဲ့။

‘ခင်စိုးစိုး’ နဲ့တူလို့တဲ့
ခရေပွင့်လေးနဲ့ တူလို့တဲ့
ဘာနဲ့တူညာနဲ့တူလို့တဲ့…။

ကိုယ့်ကိုယ်ကိုယ် လိမ်တတ်တဲ့အကောင်
ဟိုအကြောင်းပြ သည်အကြောင်းပြနဲ့
ဆောက်တည်ဖို့ တာဝန်တွေကိုရှောင်..

ခုရက်များမှာခဏခဏမေးနေမိ
စိန်လား ရွှေလား?
လွတ်မြောက်မှုလား?

ရင့်ကျက်မှုဆိုတာကလဲ
ပျိုးထောင်ရမယ့်အမျိုးမို့
ဖြည်းဖြည်းစိုက်။  ။

ဩမြိုင်

In: ကဗျာ Posted By: Date: Apr 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment