Professional Authors

စွန်ကလေး

စွန်ကလေး

စွန်ကလေး ကောင်းကင်မှာ ဝဲပျံ

တိမ်လွှာတွေ အောက်မှာကျန်

နေမင်းကြီးကို နှုတ်ဆက်

ငှက်ကလေးတွေနဲ့ပေါင်းဖက်

ငါသည်သာ အလှဆုံး…

ငါသည်သာ အမြင့်ဆုံး…

အော်… ဒါပေမဲ့လဲ

ငါ့ကို အမြဲတမ်း တွန်းကန်ဆန့်ကျင်နေတဲ့ “လေ…”

ငါ့ကို အမြဲတမ်း ကြည့်ရှုစောင့်ရှောက်နေတဲ့

မြေပြင်ပေါ်က ငါ့ရဲ့ “အရှင်သခင်”

သာ မရှိခဲ့ရင်

ငါဘယ်လိုလုပ် ဒီနေရာထိရောက်နိုင်မလဲ….

 

“ကျွန်တော့်ဘဝမှာ ရှိခဲ့တဲ့ ပြဿနာများ

ကျွန်တော့်ဘဝမှာ ရှိခဲ့တဲ့ မိဘဆရာသမားအားလုံး

ကျွန်တော် ဘယ်နေရာပဲ ရောက်ရောက်

အမြဲတမ်း သတိရနေမှာပါ…”

 

In: ကဗျာ Posted By: Date: Apr 9, 2011
Comment #1

အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Apr 9, 2011
Comment #2

ကျေးဇူးပါ ….အားပေးတဲ့အတွက်ပေါ့ 🙂

commentinfo By: KyawLay at Apr 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment