Professional Authors

မဒီလေးရဲ့..လွမ်းရင်ခွင်

တပါးရင်ခွင်ထဲ
ပျော်ရွှင်ကြည်နူး….စွာ
နင်ပြုံးတတ်ခဲ့…
ငါ့..ငိုသံတွေ..လျစ်လျူရှု
အမှိုက်တခုလို..စွန့်ရက်ခဲ့တယ်။

တကယ်ဆို
တယုတယနဲ့ပျိုးခဲ့သူက
ဒီလူ..ရင်ခွင်ရိုင်း
အနေမတတ်လို့..နင့်ရင်အပူဟတ်စေခဲ့ရင်
ငါ..ရင်ကွဲမတတ်ခံစား
သေလောက်အောင်ကြေကွဲတယ်ဆိုတာ
နင်သိရက်နဲ့ကျောခိုင်းခဲ့..
…..
အရင်က..နင်ချော့ခဲ့ဖူး
“မယ်မဒီလေးလားမှားမိတယ်.
သိပ်သိပ်သိပ်ချစ်နေပြီ”
သီချင်းသံလေး
ကြားလိုက်တိုင်း
မျက်ရည်မိုးစွေ..
အလွမ်းတွေသည်းလာတိုင်း
လက်ဖမိုးစုံချီ…နင်ပျော်နေဖို့..ဆုတောင်းလျှက်ပါ။

အခြားရင်ခွင်ထဲ..အပြုံးတွေလှိုင်..
အနမ်းတွေ…..ကြိုင်လို့
unbreakable တွေနဲ့
နင်တို့2ဦးပျော်နေတဲ့အခါ
D မှာ ငါတယောက်ထဲ
broken heart လေး
အချိန်မှန်
အသက်ရှုဖို့..ခက်ခဲစွာကြိုးပမ်းခဲ့ရတယ်။

လွမ်းတဲ့ဒီရင်ခွင်..ပန်းတဲ့အခါ
ကိုယ့်အလွမ်းကိုယ်ဖြေသိမ့်
ကိုယ့်နှုတ်ခမ်း ကိုယ်ပြန်နမ်းလို့
နင်မသိတဲ့
အခြား…ဖြစ်တည်မှုတခုမှာ
အထီးကျန်စွာ..ရွက်လွှင့်ပါ့မယ်..
နင့်တို့2ဦး
ထာဝရ…ခိုင်စေ..မြဲစေ..တွဲလက်တွေ!

In: ကဗျာ Posted By: Date: Feb 23, 2011
Comment #1

မမိုးအားပေးသွားပါတယ် မေးစ၇ာ၇ှိတယ်.. အလုပ်အား၇င် ခဏလောက်တတ်ခဲ့ပါ မမိုး

commentinfo By: genius.jinx28 at Feb 23, 2011
Comment #2

မိန်းကလေးတွေလဲချစ်တတ်တာပေါ့နော်….
ကျွန်တော်မကြုံဖူးလို့ပါ 😀

commentinfo By: လွမ်းနောင် at Feb 23, 2011
Comment #3

အားပေးတယ် မမိုး..။

commentinfo By: gadounlay at Feb 23, 2011
Comment #4

ကိုလွမ်းနောင်ရေ……..ယောင်္ကျားတွေသာ…မချစ်တတ်မလွမ်းတတ်တာ..လို့ မိုးထင်ပါတယ်….
အားပေးလို့ကျေးဇူးအများကြီးတင်တယ်နော်…..ကိုလွမ်းနောင် ,genius ,gadounlay
😀 😀

commentinfo By: အသဲကွဲမိုး at Feb 24, 2011
Comment #5

ကောင်းလိုက်တာဗျာ.. အားပေးနေပါတယ်

commentinfo By: ကေအက်စ်အို at Feb 25, 2011
Comment #6

“လွမ်းတဲ့ဒီရင်ခွင်..ပန်းတဲ့အခါ
ကိုယ့်အလွမ်းကိုယ်ဖြေသိမ့်
ကိုယ့်နှုတ်ခမ်း ကိုယ်ပြန်နမ်းလို့”

ကိုယ့်နှုတ်ခမ်း ကိုယ်ပြန်နမ်းလို့
ကိုယ့်နှုတ်ခမ်း ကိုယ်ပြန်နမ်းလို့
ကိုယ့်နှုတ်ခမ်း ကိုယ်ပြန်နမ်းလို့

ွှအဲဒါ အသက်ပဲ ။

commentinfo By: ထူးဝေ at Feb 27, 2011
Comment #7

D မှာ ငါတယောက်ထဲ
broken heart လေး
အချိန်မှန်
အသက်ရှုဖို့..ခက်ခဲစွာကြိုးပမ်းခဲ့ရတယ်။……
ကောင်းလိုက်တာ မိုးရယ်……။

commentinfo By: ကေသရီ at May 9, 2011
Comment #8

တပါးရင်ခွင်ထဲ
ပျော်ရွှင်ကြည်နူး….စွာ
နင်ပြုံးတတ်ခဲ့…
ငါ့..ငိုသံတွေ..လျစ်လျူရှု
အမှိုက်တခုလို..စွန့်ရက်ခဲ့တယ်။

တကယ်ဆို
တယုတယနဲ့ပျိုးခဲ့သူက
ဒီလူ..ရင်ခွင်ရိုင်း
အနေမတတ်လို့..နင့်ရင်အပူဟတ်စေခဲ့ရင်
ငါ..ရင်ကွဲမတတ်ခံစား
သေလောက်အောင်ကြေကွဲတယ်ဆိုတာ
နင်သိရက်နဲ့ကျောခိုင်းခဲ့..
…..
အရင်က..နင်ချော့ခဲ့ဖူး
“မယ်မဒီလေးလားမှားမိတယ်.
သိပ်သိပ်သိပ်ချစ်နေပြီ”
သီချင်းသံလေး
ကြားလိုက်တိုင်း
မျက်ရည်မိုးစွေ..
အလွမ်းတွေသည်းလာတိုင်း
လက်ဖမိုးစုံချီ…နင်ပျော်နေဖို့..ဆုတောင်းလျှက်ပါ။

အခြားရင်ခွင်ထဲ..အပြုံးတွေလှိုင်..
အနမ်းတွေ…..ကြိုင်လို့
unbreakable တွေနဲ့
နင်တို့2ဦးပျော်နေတဲ့အခါ
D မှာ ငါတယောက်ထဲ
broken heart လေး
အချိန်မှန်
အသက်ရှုဖို့..ခက်ခဲစွာကြိုးပမ်းခဲ့ရတယ်။

လွမ်းတဲ့ဒီရင်ခွင်..ပန်းတဲ့အခါ
ကိုယ့်အလွမ်းကိုယ်ဖြေသိမ့်
ကိုယ့်နှုတ်ခမ်း ကိုယ်ပြန်နမ်းလို့
နင်မသိတဲ့
အခြား…ဖြစ်တည်မှုတခုမှာ
အထီးကျန်စွာ..ရွက်လွှင့်ပါ့မယ်..
နင့်တို့2ဦး
ထာဝရ…ခိုင်စေ..မြဲစေ..တွဲလက်တွေ!

Comment #9

ထိုပုရိသ….
ယောင်္ကျားသည်ပဲ
ကျွန်မအသည်း..အစိမ်းလိုက်မျို
မျှော်လင့်ချက်တို့..ရိုက်ချိုး
သံယောဇဉ်နှင့် အချိန် အား မငဲ့
လှည့်မကြည့်စတမ်း…..ထွက်ခွာရက်
ကျွန်မ..မျက်ရည်
အဖော်မဲ့ခဲ့သည်။

ထိုပုရိသ………
နှင့်ကျွန်မ၏အချစ်အား
ပြဇာတ်တခုမျှ အမည်တပ်
ပွဲလန့်တုန်းဖျာခင်း
စည်းမဲ့ကမ်းမဲ့….ရင်ခုန်ခြင်းဖြင့်
နှလုံးသား ကိုယ်ချင်းစာတရား…ကင်းသော
သူမ အား…နာကျဉ်းသည်

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment