Professional Authors

မီးပုံပွဲ-၂

တစ်ယောက်ကငါ့ကို သစ္စာပျက်တယ်
တစ်ယောက်ကို ငါက သစ္စာဖျက်ရတယ်
နှစ်ပွဲလုံး ငါပဲနာတယ်။

ကယ်တင်ရှင်ဖြစ်ချင်လို.လည်း မဟုတ်ဘူး
လူစွမ်းကောင်းလုပ်ချင်လို.လည်း မဟုတ်ဘူး
ကိုယ်ကတဲ့ ဇာတ် ကိုယ်မနိုင်ခဲ့တာ
မင်းကနာရုံနာတာပါ
ငါက လိပ်ပြာပါမသန်.တော့တာ။

တစ်ယောက်ရှုံးပြီးမှရတဲ့ အနိုင်က
အောင်ပွဲခံပျော်ရွှင်မနေသင့်ပါဘူး
တကယ်တော့ အရှုံးအနိုင်ပွဲလည်းမဟုတ်ပါဘူး
နွယ်ပင်လေး မှီတွယ်ရာမရလို.
သစ်ကိုင်းခြောက်လေးကိုခိုပြီးတက်ခဲ့တာ
သစ်ခြောက်ခက်လေးကို ကျိုးစေချင်တဲ့စေတနာမရှိခဲ့ပါ။

နှစ်ယောက်လုံးကိုမှာချင်တာပါ
ငါ့စာ၊ငါ့ကဗျာ၊ငါ့ဓာတ်ပုံတွေ မီးရှို.ပစ်တဲ့အခါ
တို.နှစ်ယောက်အတိတ်ကိုပါထည့်ရှို.ပေးပါ။    ။

In: ကဗျာ Posted By: Date: Dec 20, 2010
Comment #1

တစ်ယောက်ရှုံးပြီးမှရတဲ့ အနိုင်က
အောင်ပွဲခံပျော်ရွှင်မနေသင့်ပါဘူး
တကယ်တော့ အရှုံးအနိုင်ပွဲလည်းမဟုတ်ပါဘူး
နွယ်ပင်လေး မှီတွယ်ရာမရလို.
သစ်ကိုင်းခြောက်လေးကိုခိုပြီးတက်ခဲ့တာ
သစ်ခြောက်ခက်လေးကို ကျိုးစေချင်တဲ့စေတနာမရှိခဲ့ပါ။

commentinfo By: နရီထက် at Dec 20, 2010
Comment #2

ငါ့စာ၊ငါ့ကဗျာ၊ငါ့ဓာတ်ပုံတွေ မီးရှို.ပစ်တဲ့အခါ
တို.နှစ်ယောက်အတိတ်ကိုပါထည့်ရှို.ပေးပါ။ ။

commentinfo By: genius.jinx28 at Dec 20, 2010
Comment #3

ကောင်းတယ် ဗျာ.. အဲဒါလေးကြိုက်တယ်

commentinfo By: genius.jinx28 at Dec 20, 2010
Comment #4

ကောင်းတယ် …. အားပေးသွားတယ်ဗျို့

Comment #5

အတိတ်ဆိုတာမီးထည့်ရှို.လိုက်ရုံနဲ့ပျောက်သွားရောလား…မဖြစ်နိုင်ဘူးထင်တယ်..(အဲဒီနှစ်ယောက်ကိုယ်စားပြောကြည့်တာပါ)

commentinfo By: နော်ဧရာဝတီ at Dec 20, 2010
Comment #6

မီးရှို့ရင် ပူလောင်မှာပေါ့..ဆက်သိမ်းထားပါရစေနော်

commentinfo By: မိုးငယ် at Mar 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment