Professional Authors

မီးပုံပွဲ

ချစ်သူသစ်ကိုနာကျင်မှာစိုးလို.
ကျင်းပခဲ့တဲ့မီးပုံပွဲလေးပါ
မင်းကိုလည်းနုတ်ဆက်ရင်းပေါ့။

မင်းလက်ရေးလေးတွေပူမှာစိုးလို.
မီးမရှို.ပဲ အပိုင်းပိုင်းဆုတ်ပီး
လေထဲမှာမျှောခဲ့တဲ့စက္ကူစလေးတွေ
ဒါလည်းမီးပုံပွဲတစ်မျိုးပေါ့။

မီးကဘယ်မှာလဲမမေးနဲ.ကွယ်
လေထဲမှာပြာစတွေမြင်လား
ရင်ထဲမှာနှလုံးသားလောင်နေတာလေ
ကျေနပ်ပါစ။

ငါ့ရင်ထဲမှာမင်းကိုနောက်ဆုံးနှုတ်ဆက်ခဲ့ပြီ
မင်းနဲ.ပတ်သက်တဲ့နှလုံးသားလည်းသင်္ဂြိုလ်ခဲ့ပြီ
(ဖီးနစ်ငှက်လို)ပြာထဲကပွင့်လာတဲ့ကြာပွင့်လေး
မင်းနဲ.မဆိုင်လေဘူး
ပိုင်ဆိုင်သူကထိုက်တန်သူလေ။

မင်းနဲ.ပတ်သက်တဲ့မနက်ဖြန်ဆိုတာမရှိတော့ဘူး
မင်းနဲ.ပတ်သက်တဲ့အတိတ်လည်းမရှိတော့ဘူး
အခုပစ္စုပ္ပန်ကာလပူလောင်မှုလေး
ဒီမီးပုံပွဲလေးပီးရင်မရှိတော့ဘူး
မှားယွင်းခဲ့သောစာမျက်နှာတွေ
လေထဲမှာမျောသွားတာတွေ.လား
ဘယ်သူမှကောက်ယူဆက်စပ်မှာမဟုတ်လေဘူး။

မိုးမှောင်ရီညနေတကြောမှာ
ခဏတာမောမိတာကိုတော့
ငါ့ကိုချစ်မယ့်သူတစ်ယောက်နားလည်မှာပါ
ဒါနောက်ဆုံးပါပဲ
မနက်ဖြန်ထွက်လာမယ့်နေမင်းကြီးကို
ငါကြိုဆိုရဦးမယ်
မနက်ဖြန်ပွင့်လာမယ့်ပန်းလေးကို
ချစ်သူကိုပေးရဦးမယ်
မနက်ဖြန်များစွာအတွက်
ငါအသက်ရှင်သန်ရဦးမယ်။

မင်းထားသွားတုန်းကငိုကြွေးခဲ့တာတွေအတွက်
ငါမရှက်မိပါဘူး
ငါချစ်မိခဲ့တာကိုး
အခုတော့ငါမငိုတော့ဘူး
ဝဲမိတဲ့မျက်ရည်စကအချစ်ကြောင့်မဟုတ်ဘူး
နောက်ဆုံးလက်ကျန်သံယောဇဉ်လေးပါ
ခပ်ပြင်းပြင်းတိုက်နေတဲ့လေထဲမှာ
သူ ခြောက်သွေ.သွားမှာပါ။

အားလုံးပီးဆုံးခဲ့ပြီလားလို.မမေးတော့ဘူး
ငါပဲဖြေလိုက်မယ်
အားလုံးပီးဆုံးခဲ့ပါပြီ
အသစ်သောဘ၀ စတင်ပါပြီ
မင်းမရှိရင်မဖြစ်နိုင်ဘူးထင်ခဲ့တဲ့ဘဝ
မင်းမရှိလည်းဖြစ်နေတာပါပဲ
ငါအရှုံးမပေးခဲ့ပါဘူး။

နေ၀င်ခဲ့ပြီ
ရင်ထဲကမီးလည်းငြိမ်းခဲ့ပြီ
ဘယ်မျောသွားမှန်းမသိတဲ့စက္ကူစတွေ
ဘယ်မျောသွားတယ်သိချင်ရဦးမှာလား
တစ်ဝက်ပြုံးနဲ.ခေါင်းခါမယ်
မင်းကဗျာအတိုင်းမင်းကိုပြောမယ်
“နောက်ပြန်မလှည့်တတ်တဲ့ရာဇ၀င်မှာ
အမှားဆိုတာလည်းရှိမယ်…….”

အင်္ကျီစကိုတဖျတ်ဖျတ်တိုးနေတဲ့လေရိုင်းတွေ
တစ်ဦးတည်းကျင်းပတဲ့မီးပုံပွဲလေးကို
ကောင်းချီးပေးနေကြတယ်
ငါဖြူစင်ခဲ့သောအတိတ်အတွက်
ငါတည်ခဲ့သောသစ္စာအတွက်
ငါ့အနာဂတ်ချစ်သူကို
ငါလိပ်ပြာသန်.စွာကြည့်ရဲပြီ။

“သံသရာတစ်လျောက်လုံးစာ
အတုံ.အပြန်မရှိ ခွင့်လွှတ်ခဲ့ကြောင်း ”
မင်းကိုငါနောက်ဆုံးနှုတ်ဆက်ရင်း
ရဲဝံ့မြဲမြံတဲ့ခြေလှမ်းတွေနဲ.
ဒီနေ.ညမှာပဲ
မနက်ဖြန်ကိုငါ စတင်လိုက်တယ်။ ။

In: ကဗျာ Posted By: Date: May 26, 2010
Comment #1

i like it..
thx

commentinfo By: kyikyi at May 26, 2010
Comment #2

လျှောက်လှမ်းရမဲ့ မနက်ဖြန်တိုင်းမှာ….
ပျော်ရွှင်မူအတိပြီးပါစေရှင်…

commentinfo By: မှုံရွှေရည် at Jul 31, 2010
Comment #3

…ကျနော် ကဗျာတွေကိုသိပ်မဖတ်ဖူးပါဘူး…ဒါပေမဲ့ ဒီကဗျာလေးကိုတော့ သဘောကျမိတယ်ဗျာ….

commentinfo By: kophyoz at Jul 31, 2010
Comment #4

ငါတည်ခဲ့သောသစ္စာအတွက်
ငါ့အနာဂတ်ချစ်သူကို
ငါလိပ်ပြာသန်.စွာကြည့်ရဲပြီ။

သစ္စာကိုယုံကြည်တယ်ဆိုလားလို့

commentinfo By: မိုးငယ် at Mar 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment