Professional Authors

ထို့ သို့ ဖြင့်… အချစ် ကို ရှုံး နိမ့် ခဲ့ သည်/ATHENA

မတိုက်ခင်ကတည်းက
ဒီ စစ်ပွဲ ဟာ အရှုံးနဲ့
ပန်းပျိုးသူတို့ ရဲ့ လကာင်္ မှာ
ဘယ်သူကများ…
                …ဓါးပွင့်တွေ…..
ထင်တိုင်း ကျဲ ခဲ့သလဲ……..???

 

စစ်တုရင်ခုံပေါ်က…နယ်ရုပ်လို…….
အတ္တနဲ့အာဏာ ကို အိပ်ယာ အောက် ခေါက်
နတ်ဘုရားမရဲ့…
နောက် ဆုံး ဓါးချက် ကို
ကျေကျေနပ်နပ်ကြီး…ကြည့်  ချင်  လေ  ရဲ့ ……

 

ငှက်ဘုရင် ရဲ့.. သိန်းစွန် ကို အောင် နိုင် ခြင်း မျိုး
ကြောင် တစ် ကောင် ရဲ့ ခြေ သံ လုံ ခြုံ မှု မျိုး
သူမရဲ့ အပြုံး ပွင့် တိုင်း မှာ
ခရမ်း ပြာ မြူ ခိုး ဟာ..
အုံ့….မှိုင်း….သွား…. တယ်

 

နောက်………ဆုံး……….တော့……
  သူ ဟာ…သံ ယော ဇဉ်ကို .. လေး ကြိုး တပ်
 အဆိပ် ကို .. သကာ ထပ် ပြီး…………..
 ငါ့ ဘ၀ ကို….
       ချိန်……..ရွယ် မောင်း ဖြုတ် လိုက် တယ်

 

သွေးပွက် ပွက် ဆူ ပါ စေ………………..
   နောက် ဆုံး မျှော် လင့် ချက် နဲ့
   ငါ့ရဲ့ နောက် ဆုံး မြင် ခွင့် မှာ
  သခင်မရဲ့ နောက် ဆုံး ဓား ချက်
အချစ်သက် သက်….ရက် လုပ် ထား တဲ့
 သံ မဏိဓား တစ် လက် နဲ့…….
 နှလုံးသားကို…ခုတ် ပိုင်းမယ့်…….
 နောက် ဆုံး ဓား ချက်…………..

နတ်ဘုရား မ ရေ…………
  ၁စက္ကန့် စာ မျှော်လင့် ချက်အတွက် ….
သခင်မရဲ့.. ကျေးကျွန်တော်ကို
 တယု တယ စီရင် တော် မူ ပါ တော့…………………။       ။
                                                      

In: ကဗျာ Posted By: Date: Nov 10, 2010
Comment #1

အိုးဟိုး……..သိပ်လှတဲ့ကဗျာလေးဗျို့ …..
အရမ်း အရမ်းကြိုက်တယ်ဗျ…..
အစ်ကိုdemonတို့ ကတော့လုပ်ချလိုက်ပြန်ပြီဟ
ဘာတဲ့…..
၁ စက္ကန့် စာမျှော်လင့်ချက်အတွက်
သခင်မရဲ့ကျေးကျွန်တော်ကို
တယုတယစီရင်တော်မူပါတော့……..
ဂွတ်တယ်ဗျာ…………………………………

commentinfo By: moehtetaung18 at Nov 11, 2010
Comment #2

great poem

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #3

အကို ကောင်းလိုက်တာ….၇ှယ်ပဲ..
နတ်ဘုရား မ ရေ…………
၁စက္ကန့် စာ မျှော်လင့် ချက်အတွက် ….
သခင်မရဲ့.. ကျေးကျွန်တော်ကို
တယု တယ စီရင် တော် မူ ပါ တော့…………………။ ။

commentinfo By: genius.jinx28 at Jan 7, 2011
Comment #4

သူ ဟာ…သံ ယော ဇဉ်ကို .. လေး ကြိုး တပ်
အဆိပ် ကို .. သကာ ထပ် ပြီး…………..
ငါ့ ဘ၀ ကို….
ချိန်……..ရွယ် မောင်း ဖြုတ် လိုက် တယ်

မိုက်တယ်ဗျာ။

commentinfo By: မယ်မနော at Apr 26, 2011
Comment #5

စစ်တုရင်ခုံပေါ်က…နယ်ရုပ်လို…….
အတ္တနဲ့အာဏာ ကို အိပ်ယာ အောက် ခေါက်
နတ်ဘုရားမရဲ့…
နောက် ဆုံး ဓါးချက် ကို
ကျေကျေနပ်နပ်ကြီး…ကြည့်  ချင် လေ ရဲ့ ……

ကောင်းလိုက်တာဗျာ….. ကောင်းလိုက်တာ… လက်ဖျားပါခါသွားတယ်

လေးစားလျက်

commentinfo By: 13th at Dec 27, 2012
Comment #6

သခင်မရဲ့.. ကျေးကျွန်တော်ကို
တယု တယ စီရင် တော် မူ ပါ တော့…………………။ ။
Sooooo Good

commentinfo By: နွေ at Dec 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment