Professional Authors

ခုန်ချလိုက်ပြီ (သက်ထွေး)

ဝေးဝေးလေးတွေနဲ့ တစ်ခါပြန်နီးဖို့
နီးနီးလေးတွေနဲ့ တစ်ခါပြန်ဝေးဖို့
ကျွန်တော် ခုန်ချလိုက်ပါပြီ။

အနက်ရောင်ဝတ်စုံနဲ့မှသာ
ညသည် ကြည့်လို့လှပါသည်။

ပန်းတိုင်ကို မယုံစားကြသူများ
လေဟာနယ်ထဲ သွားကြသည်။

လိုအပ်ချက်များသူများ
ပစ်မှတ်များ ရှာနေကြသည်။

လုံခြုံမှုလိုသူများ
ကိုယ့်ကိုယ်ကို ထုပ်သိမ်းထားလိုက်ကြသည်။

မြေပုံပြပြီး လမ်းညွှန်ခိုင်းတတ်ကြသူများအား
မရောင့်ရဲတတ်သူများဟု ခေါ်ပါသည်။

တာဝန်နှင့်ဝတ္တရားအား ပေါ့ပေါ့ပါးပါး
ခါးကြားထိုးထားသည်။
(သွေးဆူတိုင်း ရိုက်ခွဲပစ်ဖို့ဖြစ်သည်)

အာလူးစားသူများ ပန်းချီကားထဲ
အာလူးများသာတွေ့ရသည်။

ဒီနေရာမှာ
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတတ်ရုံနဲ့တင်
ကဗျာဆရာဖြစ်သွားပါပြီ။

ပုံမှန်ထက် နှလုံးသားကို
အချက်လျော့ခုန်စေခြင်းဖြင့်
နောက်ဆုံးအကြိမ်
သွေးအေးပစ်လိုက်မည်။
(အကြောင်းရှာခြင်းလည်း ဖြစ်ကောင်းဖြစ်မည်)

ဘာပဲပြောပြော
ကျွန်တော် ခုန်ချလိုက်ပြီ။

သက်ထွေး
နိုဝင်ဘာ ၄ရက် ၂၀၁၀ ညနေ ၅း၄၇

In: ကဗျာ Posted By: Date: Nov 7, 2010
Comment #1

ဝေးဝေးလေးတွေနဲ့ တစ်ခါပြန်နီးဖို့
နီးနီးလေးတွေနဲ့ တစ်ခါပြန်ဝေးဖို့
ကျွန်တော် ခုန်ချလိုက်ပါပြီ။

အနက်ရောင်ဝတ်စုံနဲ့မှသာ
ညသည် ကြည့်လို့လှပါသည်။

အာလူးစားသူများ ပန်းချီကားထဲ
အာလူးများသာတွေ့ရသည်။

ဒီနေရာမှာ
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတတ်ရုံနဲ့တင်
ကဗျာဆရာဖြစ်သွားပါပြီ။

ပုံမှန်ထက် နှလုံးသားကို
အချက်လျော့ခုန်စေခြင်းဖြင့်
နောက်ဆုံးအကြိမ်
သွေးအေးပစ်လိုက်မည်။
(အကြောင်းရှာခြင်းလည်း ဖြစ်ကောင်းဖြစ်မည်)

ဘာပဲပြောပြော
ကျွန်တော် ခုန်ချလိုက်ပြီ။

(:
/*ဒီနေ့တစ်နေ့လုံး ခဏခဏလာဖတ် ဖြစ်နေတဲ့ ကဗျာလေးးးး။ ကဗျာလေးက ကောင်းလိုက်တာာာ*/
cellent cellent excellent **********7777777777777 << I can only say like that..

commentinfo By: ဖြိုးဖြိုး at Nov 7, 2010
Comment #2

အာလူးစားသူများ ပန်းချီကားထဲ
အာလူးများသာတွေ့ရသည်။ {အင်း… အာလူးတွေဘဲမကြာခဏတွေ့နေရတယ်.. LOL} … 😀

commentinfo By: ရွှေငါး at Nov 9, 2010
Comment #3

comment box ထဲ typing သံများဖြင့်
“ကောင်းပါသည်” စကားလုံးနှင့်အပေါင်းအပါများ
ခုန်ချခဲ့သည်။

ပုံပုံ မပုံပုံ
ဇ..ဂွဲ

commentinfo By: Za TaGwel at Nov 15, 2010
Comment #4

နောက်တခါထက်ခုန်ချလိုက်ပြီ….။။။။

commentinfo By: အမရာ at Nov 16, 2010
Comment #5

too good to handle

commentinfo By: AMH at Dec 12, 2010
Comment #6

လုံခြုံမှုလိုသူများ
ကိုယ့်ကိုယ်ကို ထုပ်သိမ်းထားလိုက်ကြသည်။
မှန်သည်

commentinfo By: zawthetoo at Jan 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment