Professional Authors

ငါကို ခေါ်သွားမည့်တစ်နေ့ – နရီထက်

နေချင်ပါသည့် မြေပိုင်ရှင်အဖြစ်
ဖန်ဆင်းခံခဲ့ကတည်းက
မြေပေါ် လမ်းလျှောက်ခဲ့တာ
ဒါပေမဲ့ ငါကိုယ်တိုင်က
ဧည့်သည်ပါ. . .

ပိုင်ဆိုင်ချင်သည် ဂုဏ်ထူးရှင်အဖြစ်
ရှိသမျှ စိတ်ချမ်းသာမှု
လာသမျှ ဒုက္ခတွေ အဝေးကပဲ
လှည့်ထွက်စေချင်သည်
ခဏတာ သာယာမှုလို့မထင်
မသေဆေးထိုးကာ အသက်ဆက်ချင်သည်

ငါ မွေးနေ့တွေ တစ်နှစ်ပြီးတစ်နှစ်
ဖြတ်ကျော်လာလည်း
သေမင်းတမန်က Notice စာတွေ
ပေးနေလျက်လည်း
ငါသည် မေ့လျော့ချင်ယောင်ဆောင်ခဲ့ဘူးသည်

ခဏတာ အတွေးမှာ
သေမင်းတမန် မေးမည့်မေးခွန်း
အဖြေထုတ်ကြည့်သည်
သင့်မိသားစုအတွက်
သင့်ရပ်ရွာကျိုးအတွက်
သင့်နိုင်ငံအတွက်
သင့်ပြည်သူအတွက်
သင့်သွေးသားအတွက်
ကောင်းကျိုးတွေ ပြုခဲ့ဘူးလား
လိမ်ညာမှုကို အရောင်မွှန်း
အရည်ရွှမ်းတဲ့ သစ်သီးတွေလို
ထုတ်ကစား လုပ်ပြုစား
လုပ်ခဲ့ဘူးလား. . .

အကောင်းဆုံးတော့ လုပ်ခဲ့ဘူးသည်
ငါမေ့နေသည်
စဉ်းစားခွင့်တော့ ပေးစေချင်သည်
. . . . . . . . . . . . .
. . . . . . . . . . . . .
. . . . . . . . . . . .  .။         ။

နရီထက်
( ၂၂ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 22, 2010
Comment #1

တကယ့် အရေးအသားကောင်း တစ်ခုပဲ။
တကယ့် ကဗျာ လို့ ကွန်းမန့်ရင် ကောင်းမလား…

commentinfo By: Za TaGwel at Oct 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment