Professional Authors

မင်းရဲ့ရွေးချယ်မှု

ချစ်သူ…..
ငါလျှောက်နေတဲ့လမ်းက
တစ်ချိန်က မင်းပြခဲ့တဲ့
လမ်းလေးပါ ချစ်သူရယ်…………..

မင်းဖောက်ခဲ့တဲ့လမ်းမှာ
မင်းခိုင်းစေခဲ့သလို
ငါတစ်ယောက်တည်း
အထီးကျန်စွာ ကြေကွဲစွာ
လှမ်းလျှောက်နေဆဲပါ
ချစ်သူရယ်……….

ဒီလမ်းကိုလျှောက်ရင်
ဒီလိုအကြောင်းတရားတွေ
ဖြစ်လာမယ်ဆိုတာ
မသိခဲ့တာပဲလား……
မသိချင်ယောင်ဆောင်ခဲ့တာလား
ငါအခုထိ နားမလည်သေးပါဘူး
ချစ်သူရယ်……

မျှော်လင့်ခွင့်ရှိခဲ့တဲ့ တစ်ချိန်တုန်းက
မင်းလာလေမလားလို့
မျှော်လင့်မိခဲ့တဲ့
ငါ့နှလုံးသားကို ငါကိုယ်ငါပြန်ရှက်မိတယ်
ချစ်သူရယ်………

မင်းငါ့ကိုတစ်ကယ်မေ့ပြစ်ပြီး
ငါမပါတဲ့ဘ၀သစ်တစ်ခုကို
ထူထောင်လိုက်လိမ့်မယ်လို့
ငါအိမ်မက်တောင်မမက်ခဲ့ဖူးဘူး
ချစ်သူရယ်…………

ဒါပေမယ့်
လက်တွေ့မှာတော့
မင်းကဘ၀သစ်ကို တကယ်ထူထောင်လိုက်ပြီပဲ
မင်းရဲ့ရွေးချယ်မှုကို
ငါကလက်ခံပေးရမှာပေါ့ ချစ်သူရယ်………

မင်းဆန္ဒကို ငါ့နှလုံးသားက
ဘယ်တုန်းကများ ဆန့်ကျင်ရက်ခဲ့လို့လဲ
ချစ်သူရယ်…………..

In: ကဗျာ Posted By: Date: Oct 4, 2010
Comment #1

မင်းဆန္ဒကို ငါ့နှလုံးသားက
ဘယ်တုန်းကများ ဆန့်ကျင်ရက်ခဲ့လို့လဲ

commentinfo By: အသဲကွဲမိုး at Oct 18, 2010
Comment #2

မျှော်လင့်ခွင့်ရှိခဲ့တဲ့ တစ်ချိန်တုန်းက
မင်းလာလေမလားလို့
မျှော်လင့်မိခဲ့တဲ့
ငါ့နှလုံးသားကို ငါကိုယ်ငါပြန်ရှက်မိတယ်
ချစ်သူရယ်………

commentinfo By: အသဲကွဲမိုး at Jan 27, 2011
Comment #3

မင်းဆန္ဒကို ငါ့နှလုံးသားက
ဘယ်တုန်းကများ ဆန့်ကျင်ရက်ခဲ့လို့လဲ
ချစ်သူရယ်…

commentinfo By: chityellusoelay at Aug 19, 2011
Comment #4

min ta baw a tine par,,,
ngar ma nat phyan myar,,,
min pe say che par,,
min ta baw tine par,,

commentinfo By: ei lay at Jan 16, 2012
Comment #5

feel again

commentinfo By: ei lay at Oct 27, 2012
Comment #6

မင်းဆန္ဒကို ငါ့နှလုံးသားက
ဘယ်တုန်းကများ ဆန့်ကျင်ရက်ခဲ့လို့လဲ
ချစ်သူရယ်…………..

commentinfo By: juejue at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment