Professional Authors

ဝိရောဓိများနဲ့တွယ်ရာမဲ့ “သတို့သမီး”

ဝိ ရော ဓိ မိုး သား တွေ
ငါ့ ကောင်း ကင် ထက် က
ဖယ် ရှား ပေး လှည့် ပါ တော့
….. သ ခင် …..
လွမ်း ဆို့ ရင် မော နွမ်း လျှ စူး နစ်
ရွာ မ လို လို နဲ့ အုံ့ ဆိုင်း မှိုင်း ညို့
အ ဆိပ် တက် ညစ် ထေး ထေး
တွယ် ရာ မဲ့ ဒီ အ တွေး တွေ
အ ဝေး ကို လွင့် မျော
ဖျောက် ဖျက် ချင် ဇော နဲ့
ငါ မိန်း မော သွား ချင် တယ်
….. သ ခင် …..
တစ် ကယ် တော့
ဝင် က စွတ် လို ငါ့ ဘ ၀ လေး
နင် မ ဆွတ် လည်း ကြွေ ပြီး သား ပါ
ဝေ ပြီး သား တွေ မြေ ကြီး ကြား မှာ
ခြောက် ကပ် ညှိုး နွမ်း မ လန်း တော့ ပါ ဘူး
ယိုင် နဲ့ တဲ့ ဒီ ဘ ၀ လေး ကို များ
ပိုင် ဆိုင် ချင် ပါ သေး ရဲ့ လား
….. သ ခင် …..
ထား ခဲ့ ပါ တော့
ဒီ အ ကြွေ ပန်း
မြေ နမ်း ပြီး သား ကို
မြေ စမ်း ခ ရမ်း ပျိုး
မ စိုက် ပျိုး ချင် ပါ နဲ့ တော့
ပန်း ခြောက် လေး တန် ရာ နေ ရာ
လမ်း ဘေး ဟာ အ သင့် ပါ
….. သ ခင် …..
ငို မ ရ တဲ့ ဒီ မျက် ၀န်း
ဆွံ့ အ တဲ့ ဒီ နှုတ် ခမ်း
မွန်း ကြပ် တဲ့ ဒီ နှ လုံး သား
အ လိုက် မ သိ တဲ့ ဒီ ဆန္ဒ တွေ
အ နစ် နာ ခံ အ ရှုံး ပေး ပေ မယ့်
ငါ့ နှ လုံး သား တော့ မ အေး ခဲ့ ပါ ဘူး
….. သ ခင် …..
တစ် ဘ ၀ တစ် ခါ သာ ပိုင် ခွင့် ရှိ တဲ့
ဆန္ဒ ကို လက် လွှတ် ပြီး
အ သက် စွန့် ရ လောက် အောင်
ငါ ချစ် မိ လည်း
မင်း ကို
လက် မ တွန့် လောက် အောင်
ငါ စွန့် ပစ် မယ်
….. သ ခင် …..
မုန်း လိုက် စမ်း ပါ
ငါ့ ကို စိတ် ရှိ သ လောက်
နာ ကျည်း လိုက် စမ်း ပါ
ငါ့ ကို သတ် ပစ် ချင် လောက် အောင်
….. သ ခင် …..

ငါ က တော့ မျက် ရည် တွေ နဲ့
မင်း ကို ဆက် ချစ် နေ ဦး မှာ ပါ
မင်း မ ရှိ တဲ့ နေ ရာ
မင်း မ သိ တဲ့ ရင် ထဲ
မင်း မျက် ကွယ် မှာ ပဲ
ငါ ကြေ ကွဲ ၀မ်း နည်း
လမ်း ခွဲ ပဲ နေ တော့ မယ်
စိတ် အ လို အ မိုက် ဇော တွေ
ငါ့ ရင် ထဲ မှာ တော့
ကြိတ် ငို ရှိုက် မော နေ ဆဲ ပါ
….. သ ခင် ရယ် …..

In: ကဗျာ Posted By: Date: Aug 18, 2010
Comment #1

သ ခင် …..
တစ် ကယ် တော့
ဝင် က စွတ် လို ငါ့ ဘ ၀ လေး
နင် မ ဆွတ် လည်း ကြွေ ပြီး သား ပါ
ဝေ ပြီး သား တွေ မြေ ကြီး ကြား မှာ
ခြောက် ကပ် ညှိုး နွမ်း မ လန်း တော့ ပါ ဘူး
ယိုင် နဲ့ တဲ့ ဒီ ဘ ၀ လေး ကို များ
ပိုင် ဆိုင် ချင် ပါ သေး ရဲ့ လား
….. သ ခင် …..
ထား ခဲ့ ပါ တော့
ဒီ အ ကြွေ ပန်း
မြေ နမ်း ပြီး သား ကို
မြေ စမ်း ခ ရမ်း ပျိုး
မ စိုက် ပျိုး ချင် ပါ နဲ့ တော့
ပန်း ခြောက် လေး တန် ရာ နေ ရာ
လမ်း ဘေး ဟာ အ သင့် ပါ…

commentinfo By: ယုစံ at Nov 8, 2010
Comment #2

huhhhhhhhhhhhhhh

commentinfo By: ei lay at Jan 14, 2012
Comment #3

ဟိုက်…..

သွားပြီဗျာ… ဒီတစ်ပုဒ်မှာ လုံးဝသွားပြီ… ။ အဲလောက်ကြီးရေးတတ်တော့လည်း ဘယ်လိုမန့်ရမှန်း မသိတော့ဘူး မင်းသမီး….

လုံးဝ ကြွေ သွားပြီ…။ ဒါပါဘဲ

လေးစားလျက် –

commentinfo By: နိုးဆက် နေ့ at Jan 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment